အာဆီယံအထူးသံတမန် လာမယ့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံလာမည်

ဖနွမ်းပင်၊ မတ်-၁၈-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ဟာ လာမယ့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်မယ်လို့ အာဆီယံအလှည့်ကျဖြစ်တဲ့ ကမ္ဘောဒီယားက မတ် ၁၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေး၀န်ကြီးနဲ့ အာဆီယံအထူးသံတမန်ဖြစ်သူ ပရက်ဆိုခွန်ဟာ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပဋိပက္ခတွေအဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တို့အတွက် ကြိုးစားအားထုတ်သွားဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် အာဆီယံခေါင်းဆောင်တွေနဲ့ သဘောတူထားတဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ နစကဥက္ကဌ ကို အာဆီယံအထူးသံတမန်က တိုက်တွန်းဖို့ဆန္ဒရှိနေပါတယ်။

အာဆီယံအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကကျင်းပတဲ့ ဒေသတွင်းထိပ်သီးအစည်းအဝေးတွေမှာ ချန်လှပ်ထားခဲ့ပြီး အာဆီယံအထူးသံတမန်ကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ပါ၀င်တဲ့အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံခွင့်ပေးရေးအပါအ၀င် အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်မဖော်မချင်း ဒီမူဝါဒကို ဆက်လက်ကျင့်သုံးဖို့ အဖွဲ့၀င်နိုင်ငံအတော်များများက တောင်းဆိုခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ပါ၀င်နေတဲ့အဖွဲ့အစည်းအားလုံး အစွမ်းကုန်ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့အပါအ၀င် အကြမ်းဖက်မှုတွေအဆုံးသတ်ရေး ကောင်းမွန်တဲ့အခြေအနေတစ်ရပ်ဖန်တီးဖို့ရည်ရွယ်တဲ့ အထူးသံတမန်ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချွမ်ဆိုနရီက ရိုက်တာကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ညှိနှိုင်းရေးကိုအားပေးဖို့ရည်ရွယ်တဲ့ မတ် ၂၁ ရက်ကနေ ၂၃ ရက်အထိ အာဆီယံအထူးသံတမန်ရဲ့ ခရီးစဉ်အတွင်း ဘယ်သူတွေနဲ့တွေ့ဆုံမယ်ဆိုတာကို ပြောဖို့အချိန်စောသေးတယ်လို့ ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။

ရည်မှန်းချက်ကိုရောက်ဖို့ မျိုးစုံသောစိန်ခေါ်မှုတွေနဲ့ ရေရှည်သွားရမယ့် ခရီးလမ်းဆိုတာ သံသယဖြစ်စရာမလိုပေမယ့် အဲဒီခရီးရှည်အတွက် ဒါဟာပထမဆုံးခြေလှမ်းစလိုက်တာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ချွမ်ဆိုနရီကပြောပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW