ခရီးသည် ၁၃၃ ဦးလိုက်ပါသွားတဲ့ တရုတ်လေယာဉ်တစင်း ပျက်ကျမှုဖြစ်ပွား

ပေကျင်း၊ မတ်-၂၁-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံ China Eastern Airlines လေကြောင်းလိုင်းမှ ခရီးသည် ၁၃၃ ဦးလိုက်ပါသွားတဲ့ လေယာဉ်တစင်းဟာ ကွမ်ရှီပြည်နယ်ထဲမှာ ဒီနေ့ပျက်ကျခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

လက်ရှိချိန်ထိ ထိခိုက်သေဆုံးမှု အရေအတွက်ကို မသိရသေးပါဘူး။ ပျက်ကျခဲ့တဲ့လေယာဉ်ဟာ ဘိုးအင်း ၇၃၇ အမျိုးအစားဖြစ်ပြီး တောင်ထူထပ်ရာဒေသမှ ပျက်ကျခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ခရီးစဉ်အမှတ်MU5735 ဟာ ဒေသစံတော်ချိန် ၁ နာရီ ၁၅ မိနစ်မှာ ကူမင်းကနေ ကွမ်ကျိုးမြို့ကို သွားရောက်မှာဖြစ်ပါတယ်။

ကယ်ဆယ်ရေးသမားတွေကို လက်ရှိအခင်းဖြစ်ရာနေရာမှာ ဖြန့်ကြက်ထားတယ်လို့ စီစီတီဗီ သတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒီလေယာဉ်ဟာ ဝူဇူပြည်နယ် တန်ခရိုင်အနီးမှာ ပျက်ကျခဲ့တာဖြစ်ပြီး ကွမ်ရှီပြည်နယ်ဟာ နိုင်ငံအရှေ့တောင်ဘက်ရှိ အဓိကမြို့ဖြစ်တဲ့ ကွမ်ကျိုးအနီးရှိ ပြည်နယ်ဖြစ်ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW