လပွတ္တာမြို့မှာ မိုးရွာ၊ လေပြင်းတိုက်ပြီး မြစ်ရေတက်နေ

မတ် ၂၂-၂၀၂၂
VOM (GG)

ဧရာဝတီတိုင်း ၊ လပွတ္တာမြို့မှာ ဒီကနေ့ မွန်းလွဲ တစ်နာရီက စတင်ကာ မိုးရွာ၊ လေပြင်းတိုက်ပြီး မြစ်ရေတက်လာနေတယ်လို့ လပ္ပတ္တာအခြေစိုက် လူမှုကူညီရေးအသင်းဆီက သိရသည်။

ဘင်္ဂလားပင်လယ်အော်ကနေ ရွေလျားလာတဲ့ မုန်တိုင်းငယ်ဟာ ဒီကနေ့မတ်လ ၂၂ ရရက်နေ့ မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ဧရာဝတီတိုင်း ၊ဟိုင်းကြီးကျွန်းမြို့အနီးကနေ စတင်ဖြတ်ကျော် ဝင်ရောက်လာတာကြောင့် ဧရာဝတီတိုင်းအပါအဝင်ကျန်တဲ့ တိုင်းနဲ့ပြည်နယ်အချို့မှာပါ မိုးရွာသွန်းနေပါတယ်။

လက်ရှိမှာတော့ လပ္ပတ္တာ မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ကမ်းရိုးတန်းနီးနေရာတွေကနေ မုန်တိုင်းအန္တရာယ်ရှောင်ဖို့ရောက်ရှိနေတဲ့ လူပေါင်းရာနှင့်ချီ ရှိနေတယ်လို့ သိရပါတယ် ။

မုန်တိုင်းငယ်(Deep Depression)ဟာ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိပြီး အညိုရောင်အဆင့်သတ်မှတ်ထားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေဟာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊လပွတ္တာခရိုင်၊မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း(၈)ပေမှ (၁၂)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

လက်ရှိဧရာဝတီတိုင်းမှာ ကမ်းခြေတွေကိုပိတ်ထားသလို၊ ဖြေဆိုနေဆဲအခြေ ခံပညာစာမေးပွဲတွေကိုလည်း ယာယီပိတ်ထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #လပွတ္တာ #လေပြင်းတိုက် #မြစ်ရေတက်

Related posts

Leave a Comment

VOM News

FREE
VIEW