ထိုးစစ်တွေအတွင်း ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ မြန်မာစစ်ဘက်ကို အာဆီယံအထူးသံတမန် တိုက်တွန်း

ဖနွမ်းပင်၊ မတ်-၂၃-၂၀၂၂
မျိုးဆက်(VOM)

မြန်မာစစ်ဘက်ရဲ့ ထိုးစစ်တွေအတွင်း ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်က မြန်မာစစ်ဘက်ကို တိုက်တွန်းခဲ့ကြောင်း မတ် ၂၃ ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။

သြစတြေးလျစီးပွားရေးပညာရှင်ရှောင်တာနယ်အပါ၀င် အကျဉ်းသားတွေပြန်လွှတ်ပေးရေးအတွက်ကိုလည်း အာဆီယံအထူးသံတမန်ဖြစ်သူ Prak Sokhonn ကတောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားအကျဉ်းသားတွေနဲ့ တွေ့ဆုံခွင့်ရရေးကို နောင်တချိန်မှာ စဉ်းစားပေးမယ်လို့ နစက ဥက္ကဌက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နစကကို တရား၀င်အသိအမှတ်ပြုတဲ့သဘောရောက်ကြောင်း ဝေဖန်မှုသူတွေက ရှုမြင်ကြတယ်ဆိုတာကို နားလည်းကြောင်း၊ ဒါပေမယ့် ယခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဌအဖြစ် ကမ္ဘောဒီးယားတာ၀န်ယူချိန်အတွင်း ဖြေရှင်းဖို့လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးအကြပ်အတည်းအတွက် အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ အာဆီယံအထူးသံတမန်က ပြောပါတယ်။

မြန်မာ့အရေးဟာ ရှုပ်ထွေးပြီး ဖြေရှင်းနိုင်ဖို့ အချိန်ယူရမှာဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ အာဆီယံဥက္ကဌတာ၀န်ယူချိန်အတွင်း တထိုင်တည်းဖြေရှင်းလို့ ရမှာမဟုတ်ဘူးလို့ ကမ္ဘောဒီးယားကို ပြန်ရောက်ချိန်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူကပြောပါတယ်။

ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကိုအဆုံးသတ်ဖို့ ယမန်နှစ်ကရရှိထားတဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို ထိရောက်စွာ အကောင်အထည်မဖော်မချင်း မြန်မာစစ်ဘက်ခေါင်းဆောင်တွေကို အာဆီယံထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။

မြန်မာစစ်ဘက်ဟာ စစ်ရာဇ၀တ်မှုတွေနဲ့ အရပ်သားတွေအပေါ် တမင်ပစ်မှတ်ထားပြီး ရာဇ၀တ်မှုတွေကျူးလွန်နေတယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ဖော်ပြောဆိုထားပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာစစ်ဘက်က တုံ့ပြန်ပြောဆိုမှုမရှိသေးပါဘူး။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW