မုန်တိုင်းကြောင့်ပိတ်ခဲ့ရတဲ့ ဧရာဝတီတိုင်းထဲက အခြေခံပညာစာမေးပွဲ ပြန်လည်ကျင်းပမယ်

မတ် ၂၃-၂၀၂၂
GG(VOM)

ဧရာဝတီတိုင်းအတွင်း၊ မုန်တိုင်းအန္တရာယ်ကြောင့် ပိတ်ခဲ့ရတဲ့ ဖြေဆိုနေဆဲ အခြေခံပညာစာမေးပွဲတွေကို မတ်လ ၂၅ ရက်နေ့မှာ ပြန်လည်ကျင်းပသွားမယ်လို့ သိရပါတယ်။

လက်ရှိ လေဖိအားနည်းရပ်ဝန်းဟာ ဧရာဝတီတိုင်းအတွင်း တဖြေးဖြေးအားလျော့သွားပြီးဖြစ်တာကြောင့် ဖြေဆိုဖို့ကျန်ရှိနေတဲ့ ဘာသာရပ် ၂ ခုကို မတ်လ ၂၅ ရက်နဲ့ ၂၆ ရက်တို့မှာ ပုံမှန်အချိန်တွေအတိုင်း ဆက်လက်ဖြေဆိုသွားမှာဖြစ်တယ်လို့သိရပါတယ်။

” လာမယ့် သောကြာနေ့နဲ့စနေနေ့ပေါ့ ပြန်ဖြေရမယ်လို့ ကြေညာတယ်။ မုန်တိုင်းကင်းမှဖြေရတော့ ကျမတို့မိဘတွေလည်း စိတ်နည်းနည်းအေးရတာပေါ့။ ဒီနေ့ကတော့ ရာသီဥတုကောင်းပါတယ်။ မုန်တိုင်းလည်းလျော့သွားပြီလို့သိရတယ်။ ” လို့ ပုသိမ်မြို့ ကျောင်းသား မိဘတဦးကပြောပါတယ်။

ယာယီပိတ်ထားတဲ့အထဲက အခြေခံပညာစာမေးပွဲကိုသာ ပြန်လည်ကျုင်းပဖို့ ကြေညာခဲ့ပြီး ကမ်းခြေတွေဖြစ်တဲ့ ချောင်းသာ၊ငွေဆောင်၊ရွှေသောင်ယံ၊ဟိုင်းကြီး၊ငရုတ်ကောင်းဒေသရှိ ကမ်းခြေ၊ဟိုတယ်တွေကိုတော့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက မုန်တိုင်းအဆင့် *အစိမ်းရောင်အဆင့်* ပြောင်းလဲသတ်မှတ်ကြောင်းကြေညာပြီးမှသာ ပြန်ဖွင့်မယ်လို့ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကသိရပါတယ်။

အခြေခံ ပညာစာမေးပွဲနဲ့ ကမ်းခြေဒေသကို မတ်လ ၂၂ ရက်နေ့မှာ ယာယီပိတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ လပွတ္တာမြို့ကို မုန်တိုင်းရှောင်ရောက်ရှိနေသူတွေလည်း နေရပ်ကိုပြန်နေကြပြီဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #မုန်တိုင်း #စာမေးပွဲ #ပြန်ကျင်းပမယ်

Related posts

Leave a Comment

VOM News

FREE
VIEW