မလေးရှားသွားမယ့် မြန်မာ ၆၁ ဦး ထိုင်းနယ်စပ်မှာ ဖမ်းဆီးခံရ

ဆောင်ခလာ၊ မတ်-၂၆-၂၀၂၂
မျိုးဆက်(VOM)

မလေးရှားကိုသွားမယ့် မြန်မာနိုင်ငံက တရားမ၀င်မြန်မာလုပ်သား ၆၁ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်မှာ မတ် ၂၅ ရက်နေ့ညပိုင်းက ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ဟက်ယိုင်ခရိုင်မှာရှိတဲ့ တုံလန်းအပန်းဖြေစခန်းရှိ အခန်းသုံးခန်းမှာ ပုန်းအောင်းနေတဲ့ အမျိုးသမီး ၃၂ ဦးနဲ့ အမျိုးသား ၂၉ ဦးအဖွဲ့ကို ရှာဖွေတွေ့ရှိခဲ့ပြီး အများစုဟာ အသက် ကိုးနှစ်မှ ၁၇ နှစ်အရွယ်တွေဖြစ်တယ်လို့ ထိုင်းရဲတွေက ဆိုပါတယ်။

မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံ ကချနာပူရီကို တောလမ်းခရီးအတိုင်းလာရောက်ခဲ့ကြပြီး အဲဒီကတဆင့် ပစ်ကပ်ကားသုံးစီးနဲ့ ဟက်ယိုကို ရောက်ခဲ့ကြတာလို့ မြန်မာလုပ်သားတွေက ပြောပါတယ်။

သူတို့ဟာ အလုပ်ရဖို့အတွက် မြန်မာပွဲစားကို ဘတ်တစ်သိန်းခွဲစီ ပေးခဲ့ရပြီး ထိုင်းကနေ နယ်စပ်ဖြတ်ကျော်ဖို့ စောင့်ဆိုင်းနေတာဖြစ်ကာ သူတို့ရဲ့မိဘအများစုဟာ မလေးရှားမှာ အလုပ်လုပ်ကိုင်နေကြသူတွေလို့ ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာလုပ်သားတွေကို ကျန်းမာရေးစစ်ဆေးရာ ကိုဗစ်-၁၉ ကူးစက်မှုမရှိကြောင်း သိရပြီး ဥပဒေကြောင်းအရ ဆောင်ရွက်ဖို့ တုံလန်းရဲစခန်းကို လွှဲပြောင်းထားတယ်လို့ သိရပါတယ်။

Ref: Bangkok Post
Photo: Assawin Pakkawan
#voiceofmyanmar #VOM #ဆောင်ခလာ

Related posts

Leave a Comment

VOM News

FREE
VIEW