အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ နှစ်ပတ်ကြာ အကြီးစားပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

မနီလာ၊ မတ်-၂၈-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်နဲ့ ဖိလစ်ပိုင်စစ်တပ်တို့ဟာ သူတို့ရဲ့ နှစ်စဉ်ပြုလုပ်နေကြ အကြီးစားစစ်ရေးလေ့ကျင့်မှုကို စတင်နေပြီဖြစ်ပါတယ်။

၁၂ ရက်ကြာပြုလုပ်မယ့် အဲဒီစစ်ရေးလေ့ကျင့်မှု စတင်တဲ့အခမ်းအနားကို မြို့တော်မနီလာမှာ မတ် ၂၈ ရက် ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က စစ်ရေးလေ့ကျင့်မှုကတော့ ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် အရွယ်အစား လျှော့ချခဲ့ရပါတယ်။

လက်ရှိ စစ်ရေးလေ့ကျင့်မှုမှာတော့ နှစ်နိုင်ငံတပ်ဖွဲ့၀င် ၈၉၀၀ ခန့်ပါ၀င်ပြီး အဲဒီထဲက ၅၁၀၀ ကတော့ အမေရိကန် တပ်ဖွဲ့၀င်တွေဖြစ်ပါတယ်။

နှစ်နိုင်ငံတပ်ဖွဲ့၀င်တွေဟာ လူဇွန်ကျွန်းမြောက်ဘက်စွန်းရှိ ကမ်းခြေတခုမှာ ဝေဟင်မှဆင်းသက်တဲ့ လေ့ကျင့်ခန်းအပါအ၀င် ဖိလစ်ပိုင်နိုင်ငံတ၀န်းမှာ စစ်ရေးလေ့ကျင့်သွားမှာဖြစ်ပါတယ်။

မသေချာမရေရာတဲ့ လုံခြုံရေးအခြေအနေတွေရှိနေပေမယ့် အခုလိုက်ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့အကြား ခိုင်မာတဲ့ဆက်ဆံရေးကို ပြသနေကြောင်း ဖိလစ်ပိုင်စစ်ဦးစီးချုပ် ကပြောပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက သူ့ရဲ့စစ်ရေးတည်ရှိမှုကို တိုးမြှင့်နေချိန်မှာ အမေရိကန်ကလည်း ဒေသတွင်းသူ့ရဲ့ လွှမ်းမိုးမှုကိုချဲ့ထွင်နေဖွယ်ရှိတယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW