ခရစ်ရော့ခ်ကို စင်ပေါ်မှာပါးရိုက်ခဲ့မှု မင်းသားဝီလ်စမစ် လူသိရှင်ကြားတောင်းပန်

ဝါရှင်တန်၊ မတ်-၂၉-၂၀၂၂
မျိုးဆက်(VOM)

ဟောလိဝုဒ်အကျော်အမော် မင်းသား ဝီလ်စမစ်ဟာ အော်စကာဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူ ခရစ်ရော့ခ်ကို စင်ပေါ်တက်ပါးရိုက်မိတာနဲ့ပတ်သက်ပြီး လူသိရှင်ကြား ပြန်လည်တောင်းပန်လိုက်ပါတယ်။

ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ခရစ်ကို လူသိရှင်ကြားပြန်လည်တောင်းပန်ကြောင်းနဲ့ အပြုအမူဟာ လက်မခံနိုင်သလို ခွင့်လွှတ်နိုင်စရာမရှိဘူးလို့ ဝီလ်စမစ်က ထုတ်ဖော်ပြောဆိုထားပြီး စိတ်လွတ်သွားပြီး အမှားကျူးလွန်ခဲ့မိတယ်လို့ သူကဆိုပါတယ်။

ဝီလ်စမစ်ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး အော်စကာဆုပေးအဖွဲ့က ဝီလ်စမတ်ကိုပေးတဲ့ အော်စကာဆုအပေါ် တရား၀င်ပြန်လည်သုံးသပ်မှုပြုလုပ်မယ်လို့ ကြေညာပြီးနောက် ဝီလ်စမစ်က အခုလို တောင်းပန်လိုက်တာဖြစ်ပါတယ်။

သူ့ရဲ့ဇနီးဖြစ်သူ ဂျာဒါပင့်ကက်စမစ်ရဲ့ဆံပင်ကျွတ်နေတဲ့ အခြေအနေကို ရည်ညွှန်းပြီး ခရစ်ရော့ခ်က ဟာသလုပ်နောက်ပြောင် ပြောဆိုခဲ့တာကြောင့် ဝီလ်စမစ်ဟာ စင်ပေါ်တက်ပါးရိုက်ခဲ့တာဖြစ်ပါတယ်။

ဝီလ်စမစ်ဟာ တင်းနစ်အကျော်အမော် ဗီးနပ်စ်နဲ့ ဆီရီနာဝီလျံကို ပြုစုပျိုးထောင်ခဲ့တဲ့ ဖခင်ဖြစ်သူအကြောင်း ရိုက်ကူးထားတဲ့ King Richard ဆိုတဲ့ရုပ်ရှင်ကားနဲ့ သူ့ရဲ့ ပထမဆုံးအော်စကာဆုကို ဆွတ်ခူးခဲ့ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW