ယူကရိန်းစစ်ပွဲ ၁၅ ရက်မြောက်

– တူရကီမှာလုပ်တဲ့ ရုရှားနဲ့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးများ စေ့စပ်ညှိနှိုင်းပွဲက မအောင်မြင်ဘဲ အဆုံးသတ်သွားပါတယ်။   မာရီအာပိုလ်မြို့မှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့အတွက် လူသားချင်းစာနာမှုစင်္ကြံ သတ်မှတ်ပေးဖို့ ယူကရိန်းရဲ့ တောင်းဆိုချက်ကို ရုရှားက သဘောတူတယ် လို့ မပြောသလို ယူကရိန်းတနိုင်ငံလုံး မှာ ၂၄ နာရီ အပစ်ရပ်ပေးဖို့ တောင်းဆိုတာကို လည်း တုံ့ပြန်ခြင်းမရှိဘူးလို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီတီယို ကူလေဘ က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။   – ရုရှားဘက်က ယူကရိန်းကို လက်နက်ချဖို့နဲ့ နေတိုးအဖွဲ့ထဲဝင်မယ့် အစီအစဥ်ကို စွန့်ပယ်ဖို့ တောင်းဆိုပါတယ်။ ယူကရိန်းဘက်က ဘယ်တော့မှ လက်နက်မချဘူးလို့တုံ့ပြန်ပါတယ်။   – အမေရိကန်က ယူကရိန်းမှာ ဓါတုလက်နက်တွေစမ်းသပ် နေတယ်လို့ ရုရှားကစွပ်စွဲပါတယ်။ အမေရိကန်က ဒီစွပ်စွဲချက်က အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်လို့ချေပပါတယ်၊ ယူကရိန်းမှာ ဓါတုလက်နက်တွေရှိတယ်လို့…

Read More

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်သုံးဦး အလုပ်နဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရ

မတ် ၁၁-၂၀၂၂ KK(VOM)   ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် သုံးဦးကို မနေ့ မတ်လ ၁၀ရက်က အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ်သုံးနှစ်စီချမှတ်လိုက်တယ်လို့ ရှေ့နေတွေဆီက သိရပါတယ်။   ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ မဝတ်ရည်အောင်၊ ကိုရဲလင်းဦးနဲ့ ကိုနေထက်လင်းတို့ကို ပုဒ်မ ၅၀၅ – က ဖြင့် အလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တာလို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။   “၅၀၅ -က နဲ့ အမိန့်ချတာ ချုပ်ရက်တွေကိုတော့ သက်သာခွင့်ပေးတယ် သူတို့ထဲက နှစ်ယောက်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ထပ်ပြီးအမှုဖွင့်ထားတယ်”လို့ သူကပြောပါတယ်။   ကျောင်းသားသမဂ္ဂအဖွဲ့ဝင်သုံးဦးမှ မဝတ်ရည်အောင်နဲ့ကိုရဲလင်းဦးကို အကြမ်းဖက်တိုက်ဖျကရေးဥပဒေပုဒ်မ ၅၂ နဲ့ထပ်မံအမှုဖွင့်ထားတယ်လို့ အမှုလိုက်ရှေ့နေတွေ ဆီကသိရပါတယ်။   အမိန့်ချမှတ်ခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေအပါအဝင် ၆ဦးကို ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာလ ၁၄ရက်နေ့ ညပိုင်းက ကျောက်တံတားမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။   ဖမ်းဆီးခံခဲ့ရတဲ့…

Read More

တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲ ကွန်ဆာဗေးတစ် အတိုက်အခံကိုယ်စားလှယ်လောင်း အနိုင်ရရှိ

ဆိုးလ်၊ မတ်-၁၀-၂၀၂၂ မျိုးဆက်(VOM)   တောင်ကိုရီယားသမ္မတ ရွေးကောက်ပွဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ပြီးနောက် ကွန်ဆာဗေးတစ်အတိုက်အခံသမ္မတလောင်း ယွန်ဆက်ယိုဟာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။   နိုင်ငံရေးအတွေ့အကြုံနည်းတဲ့ ယွန်ဆက်ယိုဟာ လူတန်းစားမညီမျှမှုကို ကိုင်တွယ်ဖြေရှင်းရန် ကတိပြုချက်တွေအပေါ် အခြေခံပြီ ဒီမိုကရက်တစ်ပါတီက လီဂျေးမြောင်ကို အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။   ဒါပေမယ့် သူ့ရဲ့အနိုင်ရလဒ်ဟာ သမိုင်းတစ်လျှောက် ကွာဟမှုအနည်းဆုံးဖြစ်ပြီး ပြိုင်ဘက်အပေါ်မဲအသာရရှိမှု တစ်ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။   နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်ပြီး၊ ယွန်ဆက်ယိုဟာ တရုတ်၊ မြောက်ကိုရီးယားတို့နဲ့ ဆက်ဆံရေးအပေါ် တင်းတင်းမာမာ ပြန်လည်သတ်မှတ်ဖို့ ကတိပြုထားပြီး အမေရိကန်နဲ့ပိုမိုနီးကပ်သောဆက်ဆံရေးအတွက် ထုတ်ဖော်ပြောဆိုထားပါတယ်။   အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို တိုးချဲ့ဖို့ မျှော်လင့်နေကြောင်း အိမ်ဖြူတော်က မစ္စတာ ယွန်အား ဂုဏ်ပြုလွှာ ပေးပို့ရာမှာ ပြောဆိုထားပါတယ်။   Ref: BBC Photo: Getty…

Read More

ထိုင်းမှာ အလုပ်သွားလုပ်တဲ့ မြန်မာလုပ်သား ၇၅ ဦးနဲ့ ပွဲစား လမ်းပြ လူ ၈ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထား

မတ် ၁၀-၂၀၂၂ SP(VOM)   မြန်မာ – ထိုင်း နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံထဲကို အထောက်အထားမဲ့ ဝင်လာတဲ့ မြန်မာနိုင်သား ၇၅ ယောက်နဲ့ ပွဲစား လမ်းပြ လူ ၈ ဦးတို့ကို ထိုင်းရဲတပ်ဖွဲ့က မနေ့ မတ် ၉ ရက်က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။   အဲ့ဒီ အဖမ်းခံထားရတဲ့ မြန်မာလုပ်သား ၇၅ ယောက်ဟာ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင် ပြည်နယ် ဘက်က လာတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။   ဖမ်းဆီးခံရသူတွေဟာ အလုပ်သမားတစ်ဦးကို ပွဲစားခဘတ် ၁၅,၀၀၀ ကနေ၂၅,၀၀၀ ပေးရပြီး စမွတ်စာခွန်ခရိုင်၊ ရယောင်ခရိုင်၊ ကန်ကျနဘူရီခရိုင်နဲ့ ဘန်ကောက်မြို့တွေဘက်မှာ အလုပ် လုပ်ရမယ်ဆိုပြီး ပွဲစားတွေက ခေါ်ဆောင်လာခဲ့တာ…

Read More

ဝက်ရဲ့နှလုံးနဲ့ ကမ္ဘာ့ပထမဆုံး အစားထိုးကုသမှုခံယူခဲ့သူအမျိုးသား သေဆုံး

ဝါရှင်တန်၊ မတ်-၁၀-၂၀၂၂ မျိုးဆက်(VOM)   မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ဝက်ရဲ့နှလုံးနဲ့ ကမ္ဘာ့ပထမဆုံး အစားထိုးကုသမှုခံယူခဲ့တဲ့ အမေရိကန်အမျိုးသားဟာ သေဆုံးသွားခဲ့ပါတယ်။   နှလုံးရောဂါရှိသူ David Bennett ဟာ ဝက်ရဲ့နှလုံးနဲ့ အမေရိကန်မှာ အစားထိုးကုသမှုခံယူပြီးနောက် နှစ်လကြာအသက်ရှင်ခဲ့ပါသေးတယ်။   ဒါပေမယ့် သူ့ရဲ့အခြေအနေဟာ လွန်ခဲ့တဲ့ ရက်အတော်ကြာကတည်းက ဆိုးရွားလာခဲ့တယ်လို့ ဘာတီမိုး မှာရှိတဲ့ သူ့ရဲ့ဆရာဝန်တွေက ပြောကြားခဲ့ပြီး အသက် ၅၇ နှစ်အရွယ် အမျိုးသားဟာ မတ်လ ၈ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။   Mr Bennett ဟာ ခွဲစိတ်မှုရဲ့ အန္တရာယ်များပုံကို သိရှိခဲ့ပေမယ့် နောက်ဆုံးမျှော်လင့်ချက်တစ်ခုအဖြစ်နဲ့ ကုသမှုခံယူခဲ့တာဖြစ်ပါတယ်။   University of Maryland ဆေးဘက်ဆိုင်ရာစင်တာမှ ဆရာဝန်တွေကို ခွဲစိတ်မှုပြုလုပ်ဖို့ အမေရိကန်ဆေးဘက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အထူးခွင့်ပြုချက်ပေးထားပြီး၊ လူ့နှလုံးနဲ့အစားထိုးကုသမှုအတွက် အခြေအနေမရှိတော့တဲ့ Mr Bennett…

Read More

စစ်ကိုင်းတိုင်းမှာ အင်တာနက်လိုင်းတွေပြတ်တောက်လို့ အွန်လိုင်းစျေးသည်တွေ အလုပ်မဖြစ်ဘဲ နားထားရ

မတ် ၁၀ -၂၀၂၂ SP (VOM)   စစ်ကိုင်းတိုင်းက မြို့နယ်ပေါင်း ၃၀ ကျော်မှာ မိုလ်ဘိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရပြီးနောက်ပိုင်း အွန်လိုင်း စျေးသည်အများစုဟာ အမှာကုန်တင်သွင်းမှုစာရင်း မရတော့တဲ့အတွက် အလုပ်တွေ ရပ်နားထားရတယ်လို့ အွန်လိုင်းစျေးသည်တွေဆီက သိရပါတယ်။   ” အွန်လိုင်းကနေ စျေးရောင်းပါတယ် ၊ အဓိက ကုန်စည်ကတော့ စားသောက်ကုန် ချက်ဟင်းမျိုးစုံဖြစ်ပါတယ် ၊ လိုင်းပေါ်ကနေ မှာယူတဲ့ ဟင်းပွဲ အရေအတွက်ကို ကြော်ချက်ပြီး ရောင်းတာပါ ၊ အခုလ ၃ ရက်ကနေ ဒီကနေ့ ၁၀ ရက်အထိ တပတ်လုံးလုံး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် မှာယူသူ တစ်ဦးမှ မရှိဘူး ၊ အဲ့ဒါကြောင့် အလုပ်မဖြစ်လို့ နားထားရတာပါ “လို့ ချက်ဟင်းမျိုးစုံ အွန်လိုင်း စျေးသည်တယောက်က ပြောပါတယ်။  …

Read More

အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း

ဖနွမ်းပင်၊ မတ်-၁၀-၂၀၂၂ မျိုးဆက်(VOM)   ယခုလနှောင်းပိုင်းမှာ ကျင်းပဖို့စီစဥ်ထားတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေနဲ့ အမေရိကန်သမတ ဂျိုးဘိုင်ဒင်တို့အကြား ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ပြီး ကျင်းပမယ့်အချိန်ကို ပြန်လည်သတ်မှတ်သွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ရိုက်တာသတင်းဌာနသို့ ပြောပါတယ်။   “အဆိုပြုထားတဲ့ နေ့ရက်တွေမှာ အာဆီယံခေါင်းဆောင်တချို့ အစည်းအဝေး မတက်နိုင်လို့ နောက်ရက်ကို ရွှေ့ဆိုင်းလိုက်တာပါ” ဟု ဝန်ကြီး Prak Sokhonn က ပြောပါတယိ။ကမ္ဘောဒီးယားဟာ လက်ရှိအာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပါတယ်။   အစည်းအဝေးကို မတ်လ ၂၈ရက်နဲ့ ၂၉ ရက်တို့မှာ ကျင်းပသွားမယ်လို့ အမေရိကန်ဘက်က ကနဦးမှာ ကြေညာထားပါတယ်။   အစည်အဝေးမှာ ကပ်ရောဂါ ပြန်လည်ထူထောင်ရေး၊ ရာသီဥတုပြောင်းလဲမှု၊ ရင်းနှီးမြှုပ်နှံမှုနှဲ့ အခြေခံအဆောက်အအုံစတဲ့ ကိစ္စရပ် တွေအပြင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုလည်းဆွေးနွေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ…

Read More

ယူကရိန်းအတွက် ပိုလန်က တိုက်လေယာဉ်တွေပို့ဖို့ ကမ်းလှမ်းချက် အမေရိကန်ပယ်ချ

၀ါရှင်တန်၊ မတ်-၉-၂၀၂၂ မျိုးဆက်(VOM)   ရုရှားရဲ့ကျူးကျော်မှုကို ခုခံကာကွယ်ရာမှာ ယူကရိန်းလေတပ်ကို အင်အားဖြည့်တင်းမှုအဖြစ် ယူကရိန်းလေယာဉ်မှူးတွေ မောင်းဖို့ကျွမ်းကျင်ပြီးသားဖြစ်တဲ့ ရုရှားလုပ် MiG-29 တိုက်လေယာဉ်တွေကို ဂျာမနီမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းကို လွှဲပြောင်းပေးမယ့် ပိုလန်ရဲ့ ကမ်းလှမ်းမှုကို အမေရိကန်က ပယ်ချလိုက်ပါတယ်။   အမေရိကန်ဟာ ယူကရိန်းအတွက် လက်နက်တွေကူညီမှုကို အရှိန်မြှင့်လုပ်ဆောင်နေပေမယ့် နေတိုးအဖွဲ့၀င်နိုင်ငံတခုကနေ စစ်ပွဲဇုန်ကို ပို့ဆောင်မယ့်ကိစ္စဟာ နေတိုးမဟာမိတ်အဖွဲ့အတွက် စိုးရိမ်စရာဖြစ်စေတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ကပြောပါတယ်။   ဒီကိစ္စနဲ့ ခက်ခဲတဲ့ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပိုလန်၊ နေတိုးအဖွဲ့နိုင်ငံတွေနဲ့ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ကြောင်း ဒါပေမယ့် ပိုလန်ရဲ့အဆိုပြုချက်ဟာ ခိုင်လုံတဲ့ကိစ္စလို့ မထင်မိကြောင်း ပင်တဂွန်ပြေားရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။   ပိုလန်ဟာ ယူကရိန်းအတွက် သူ့ရဲ့ MiG-29 တိုက်လေယာဉ်တွေကို ဂျာမနီရှိ ရမ်စတိန်းလေတပ်အခြေစိုက်စခန်းသို့ ဖြန့်ကြက်ပြီး အမေရိကန်ရဲ့ လက်ထဲမှာထားရှိဖို့ အဆင်သင့်ဖြစ်နေပြီလို့ မတ် ၈ ရက်နေ့မှာ…

Read More

သြစတြေးလျမှာ ရေဘေးအကြီးအကျယ်ဖြစ်ပွား၊ အရေးပေါ်အခြေအနေ ကြေညာရတော့မယ်

ဆစ်ဒနီ၊ မတ်-၉-၂၀၂၂ မျိုးဆက်(VOM)   သြစတြေးလျနိုင်ငံ ပြည်နယ်နှစ်ခုမှာ ရေကြီးရေလျှံမှုတွေ အကြီးအကျယ်ဖြစ်ပွားနေတာကြောင့် အရေးပေါ်အခြေအနေကြေညာတော့မယ်လို့ ၀န်ကြီးချုပ် စကော့မောရစ်ဆင်က ပြောပါတယ်။   ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကစပြီး စံချိန်တင်မိုးရွာသွန်းမှုတွေဖြစ်ပွားခဲ့လို့ နယူးဆောက်ဝေးနဲ့ ကွင်းစလန်တို့မှာ လူ ၂၀ သေဆုံးခဲ့ပြီး နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။   ရေဘေးသင့်သူတွေကို အမြန်ဆုံးမကူညီနိုင်မှုကြောင့် ဗဟိုနဲ့ ပြည်နယ်အစိုးရတွေဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။   ရေကြီးရေလျှံမှုများ အကြီးအကျယ်ဖြစ်ပွားနေခြင်းကြောင့် ဆစ်ဒနီဒေသခံ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။   နယူးဆောက်ဝေးပြည်နယ်၀န်ကြီးချုပ်က ပြည်နယ်အတွင်းနေထိုင်သူ လေးသောင်းကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် အမိန့်ထုတ်ထားပြီး နောက်ထပ် လူ နှစ်သောင်းကိုလည်း အသင့်အနေအထား ပြင်ဆင်ထားဖို့ ညွှန်ကြားထားပါတယ်။   လွန်ခဲ့သော ၂၄ နာရီအတွင်း ရေဘေးကြောင့် လူ ၂၅၀၀ ကျော်အကူအညီတောင်းခံခဲ့ကြောင်း ပြည်နယ်အရေးပေါ်ဌာနက…

Read More

ခန္တီးဒေသမှာ စက်သုံးဆီ ဝင်ရောက်မှုနည်းပါးနေပြီး ခွဲတမ်းစနစ်နဲ့သာ ဆီကိုဝယ်ယူသုံးစွဲနေရ

မတ် ၉-၂၀၂၂ SP (VOM)   စစ်ကိုင်းတိုင်း ၊ ချင်းတွင်းမြစ်ဖျား ဒေသပိုင်းဖြစ်တဲ့ ခန္တီးမြို့နယ်မှာ စက်သုံးဆီဝင်ရောက်မှု အလွန်နည်းပါးနေပြီး စက်သုံးဆီ ဝယ်ယူသုံးစွဲသူများဟာ ခွဲတမ်းစနစ်နဲ့သာ ဝယ်ယူနေရတယ်လို့ ယာဥ်ပိုင်ရှင်တွေဆီက သိရပါတယ်။   ” ဓာတ်ဆီ တစ်ဂါလံကို တစ်သောင်းကျော်တယ် ၊ သောင်း နှစ်ထောင် ၊ သုံးထောင်အထိရှိတယ် ၊ လိုသလောက် ဝယ်မရဘူး ၊ ဆိုင်ကယ်တစ်စီးမှ ဂါလံဝက်နူန်းပဲ ရောင်းပေးတာ ၊ ခရီးဝေးသွားမယ်ဆိုရင် နှစ်ခါပြန် ဆီထည့်မှ ရတယ် “လို့ ယာဥ်ပိုင်ရှင်တယောက်က ပြောပါတယ်။   အဲ့ဒီလို စက်သုံးဆီကို ခွဲတမ်းစနစ်နဲ့ ဘာကြောင့် ရောင်းပေးရတယ်ဆိုတာနဲ့ ပတ်သက်လို့ ခန္တီးမြို့ပေါ်က စက်သုံးဆီလုပ်ငန်းရှင်တယောက်ကလည်း ” ဒီနှစ်က မြစ်ရေပါးချိန်ရောက်နေပြီ ၊ မြစ်ရေကြီးတဲ့ ကာလတုန်းက ဆီသင်္ဘောတွေ မလာနိုင်ခဲ့ဘူး…

Read More
VOM News

FREE
VIEW