ကိယက်ဗ်၊ မတ်-၂၃-၂၀၂၂ မျိုးဆက်(VOM) ရုရှားတပ်ဖွဲ့တွေရဲ့ သီတင်းနှစ်ပတ်ကျော်ကြာတိုက်ခိုက်မှုခံနေရတဲ့ ယူကရိန်းနိုင်ငံအရှ့ပိုင်း မာရီရူပိုလ်မြို့မှာ လူပေါင်း တသိန်းကျော်ပိတ်မိနေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ အဲဒီမြို့ကနေ နောက်ထပ် လူ ၇၀၀၀ ကိုထပ်မံကယ်ထုတ်နိုင်ခဲ့ကြောင်း ဇီလန်စကီးက မတ် ၂၂ ရက်မှာပြောပါတယ်။ ကျန်ရစ်နေသေးတဲ့သူတွေဟာ အခက်အခဲတွေနဲ့ လူဆန်ဆန်မနေရတဲ့ အခြေအနေတွေရှိနေတယ်လို့သူကဆိုပါတယ်။ ပိတ်မိနေသူတွေဟာ ရုရှားတပ်တွေရဲ့ ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြုံနေရပြီး အစားအစာ ၊ သောက်သုံးရေနဲ့ ဆေးဝါးပြတ်လပ်နေတယ်လို့ ယူကရိန်းသမ္မတကပြောပါတယ်။ ပိတ်မိနေသူတွေကို ကယ်တင်ဖို့ ဘေးကင်းတဲ့လမ်းကြောင်းတွေ ဖန်တီးဖို့ကြိုးစားနေပေမယ့် ရုရှားတပ်တွေကြောင့် မအောင်မြင်ဘူးလို့ဆိုပါတယ်။ နှစ်နိုင်ငံအကြား သဘောတူညီချက်တွေရှိထားပေမယ့်လည်း လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြန်တွေကို ရုရှားတပ်တွေက တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဇီလန်စကီးကပြောပါတယ်။ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဂျီ-၇ နဲ့ နေတိုးအဖွဲ့အစည်းအဝေးအတွက် အနောက်အုပ်စုခေါင်းဆောင်တွေဟာ မနက်ဖြန်မှာ ဘယ်လ်ဂျီယံမှာတွေ့ဖို့ စီစဉ်ထားကြပါတယ်။ Ref: NHK Photo:Getty…
Read MoreMonth: March 2022
KBZဘဏ်က ငွေထုတ်ပေးဖို့ တုံကင်ရယူမှုပုံစံ ထပ်ပြောင်းလိုက်လို့ ငွေထုတ်ရ ပိုခက်ခဲလာ
မတ် ၂၃-၂၀၂၂ GG (VOM) ကမ္ဘောဇဘဏ်က ဘဏ်အကောင့်နဲ့ KBZ pay center တွေကနေ ငွေထုတ်ဖို့အတွက် တုံကင်ရယူတဲ့ပုံစံကို ထပ်မံပြောင်းလဲလိုက်တာကြောင့် ငွေထုတ်ရာမှာ အရင်ကထက်ပိုပြီးခက်ခဲလာတယ်လို့သိရပါတယ်။ အရင်က Kpay ထုတ်မယ်ဆိုရင် ရက်ချိန်း ၇ ရက်ပြည့်ပါက တုံကင်ထပ်ယူပြီး ငွေထပ်မံထုတ်ယူလို့ရကြောင်း၊ အဲ့ဒီနောက်မှာ ၁၄ ရက်တကြိမ်သာ တုံကင်ရယူ ငွေထုတ်ပေးတဲ့စနစ်ကိုပြောင်းလဲခဲ့ပြီး ယခုတကြိမ် တုံကင်ယူတဲ့ပုံစံကို တနင်္ဂနွေ နေ့ကနေ ကြာသပတေးနေ့အထိ မနက် ၉ နာရီကနေ ည၉နာရီအတွင်း ထပ်မံပြောင်းလဲလိုက်တာဖြစ်ပါတယ်။ သတ်မှတ်အချိန်အတွင်း တုံကင်ရယူပေမယ့်လည်း ရက်သတ္တပတ်ကျော်ကြာတဲ့အထိ တုံကင်မရတဲ့ပြသာနာဖြစ်ပေါ်နေတာဖြစ်တယ်လို့ Kpay အသုံးပြုသူတွေဆီကသိရပါတယ်။ ” အကောင့်ထဲကရော kpay ကရော ငွေထုတ်ဖို့နေ့တိုင်းသူတို့ပြောတဲ့အချိန်အတိအကျ တုံကင်ယူနေတာပဲ၊၁၀ ရက်လောက်ရှိပြီ အခုထိမရသေးဘူး။သူတို့ပေးချင်တဲ့သူကိုပေးနေတာ။ မရတော့လည်း ဘာကြောင့်မရတယ်ဆိုတာ မသိရဘူး။ တုံကင်ကို kbz အလီကေးရှင်းကနေယူရတာ။ ရမရကို ခနခနပြန်ဝင်ကြည့်နေရတယ်…
Read Moreခင်ဦးမြို့နယ်ထဲက မီးရှို့ခံရတဲ့ မီးဘေးသင့်ပြည်သူ ၂ ထောင်ကျော် အရေးပေါ် အကူအညီတွေ လိုအပ်နေ
မတ် ၊ ၂၃-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာပေါင်း ၇ ရွာဟာ မီးရှို့ခံရတဲ့ မီးဘေးသင့်ပြည်သူ ၂ ထောင်ကျော်ဟာ ကူညီထောက်ပံ့မှုတွေ အရေးတကြီး လိုအပ်နေတယ်လို့ ခင်ဦးနယ်ခံ ပရဟိတသမားတွေဆီက သိရပါတယ်။ ” မီးဘေး ပြဿနာကြုံရတဲ့ရွာက ၇ ရွာ ၊ မီးလောင်ဆုံးရှုံးရတဲ့ အိုးအိမ်ပေါင်းက ၃၂၇ လုံး ၊ မီးဘေးသင့် ဒုက္ခသည်ပေါင်းက ၂ ထောင်ကျော်တယ် ” လို့ နယ်ခံ ပရဟိတသမားတယောက်က ပြောပါတယ်။ ခင်ဦးမြို့နယ်ထဲက မီးဘေးသင့်ခဲ့ရတဲ့ ကျေးရွာတွေကတော့ ဒါန်းကုန်းရွာမှာ အိမ်ခြေ ၄၃ အိမ် ၊ မှန်တောကျေးရွာမှာ ၃၈ အိမ် ၊ သက်ပေးကျေးရွာမှာ ၁၃ အိမ် ၊ တမုတ်ကျေးရွာမှာ ၉၃…
Read Moreရန်ကုန်၊ နေပြည်တော်နဲ့ မကွေး တို့မှာ ညမထွက်ရအချိန် ပြောင်းလဲသတ်မှတ်
မတ် ၂၃ ၊၂၀၂၂ KK(VOM) ရန်ကုန်၊နေပြည်တော်နဲ့ မကွေးတိုင်းတို့မှာ ညမထွက်ရအမိန့်ကို ပြောင်းလဲသတ်မှတ်လိုက်တယ်လို့တာဝန်ရှိသူတွေဆီက သိရပါတယ်။ ရန်ကုန်တိုင်းက မြို့နယ်အားလုံးမှာ ညမထွက်ရအချိန်ကို ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ “ညမထွက်ရအမိန့်က ပြောင်းသွားပြီ ၊ အခု ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ဖြစ်သွားပြီ”လို့ ရဲအရာရှိတဦးကပြောပါတယ်။ ရန်ကုန်တိုင်းက ထုတ်ပြန်လိုက်တဲ့ ညမထွက်ရ ပြောင်းလဲသတ်မှတ်လိုက်တဲ့ အမိန့်ကို မတ် (၂၂)ရက်က စတင်မှာဖြစ်ပါတယ်လို့ အဆိုပါရဲအရာရှိက ရှင်းပြပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ ကိုကိုးကျွန်းကလွဲပြီး ကျန်တဲ့မြို့နယ်တွေအားလုံးကို ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း မထွက်ဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ရက်က အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အလားတူ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းညမထွက်ရအမိန့်ကို မတ်လ ၂၁ ရက်က…
Read Moreမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး(မုံရွာ)ရဲ့လူနာတင်ကား မိုင်းထိမှန်ပြီးနောက် ကူညီရေးလုပ်ငန်းတွေကို ရက်အကန့်အသတ်မရှိ ရပ်နား
မတ် ၂၃-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ဘုန်းစိုးရပ်ကွက် ၊ ကျောက္ကာလမ်းမှာ အခြေပြုတဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်အသင်း (မုံရွာ) ရဲ့ လူနာတင်ယာဥ်တစ်စီးဟာ အရေးပေါ် လူနာကို သွားရောက်ခေါ်ဆောင်တဲ့ လမ်းကြောင်းမှာ မိုင်းစထိမှန် ပျက်စီးခဲ့ပြီးနောက် လူမှုကူညီကယ်ဆယ်ရေးနဲ့ အရေးပေါ်လူနာပို့ဆောင်ရေး လုပ်ငန်းတွေကို ဒီကနေ့ မတ်လ ၂၃ရက်ကစပြီး ရက်အကန့်အသတ်မရှိ ရပ်နားထားလိုက်ပြီဖြစ်တယ်လို့ အဲ့ဒီအသင်းရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ မနေ့ မတ်လ ၂၂ရက် ညပိုင်းက မုံရွာမြို့ ၊ နတ်ထိပ္ပန်ရပ်ကွက် ၊ အဝေးပြေး ခရီးသည်တင်ယာဥ် စုပေါင်း ယာဥ်ရပ်နားစခန်း (ကားကွင်းအသစ်)ဘက်ကို အရေးပေါ်လူနာ သွားရောက်ခေါ်ဆောင်တဲ့ လမ်းမှာ မိုင်းစထိမှန်ခဲ့ပြီး လူနာတင်ကား အသေးစားပျက်စီးထိခိုက်တာတွေဖြစ်ပေါ်ခဲ့ရတယ်လို့ အဲ့ဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ” ဘယ်အဖွဲ့အစည်းက ဘာအတွက်ကြောင့် အခုလို…
Read Moreမော်လမြိုင်ကျွန်းနဲ့ လပွတ္တာမြို့နယ်မှာ မြစ်ရေကြီးလာလို့ မုန်တိုင်းရှောင်သူ ထောင်နဲ့ချီရှိနေ
မတ် ၂၂-၂၀၂၂ KK(VOM) ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းနဲ့လပွတ္တာမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းကစပြီး မိုးသည်းထန်စွာရွာကာ လေပြင်းတိုက်လာပြီး မြစ်ရေတက်လာကြောင့် မုန်တိုင်းရှောင်သူတွေထောင်နဲ့ချီရှိနေတယ်လို့ ကူညီပေးသူတွေကနေ သိရပါ တယ်။ မော်လမြိုင်ကျွန်းမှာ မိုးရွာပြီးလေပြင်တိုက်တာကြောင့် လူနေအိမ်တွေပြိုကျကာ စေတီတစ်ဆူ ထီးတော်မြေခခဲ့ရတယ်လို့ မြို့ခံတဦးဖြစ်သူဦးဝင်းလှိုင်ဦးက ပြောပါတယ်။ “လှိုင်ဘုန်းရွာက ဓမ္မသုခကျောင်းက စေတီဆိုရင် ထီးတော်ပါ ကျိုးကျတယ်၊ အိမ်တွေလည်း အကုန် သွပ်တွေ အကုန်လေထဲပါသွားတယ်၊ အချို့တဲတွေဆိုရင် ပြိုကျတယ်”လို့ သူကပြောပါတယ်။ ဒီလိုလေပြင်းတိုက်လို့ ပျက်စီးဆုံးရှံးတာတွေဟာ လှိုင်ဘုန်းကျေးရွာနဲ့ ငွေဇင်ယော်ကျေးရွာတွေမှာ ဖြစ်ပြီး လက်တလော စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေသူ ၂၀၀၀နီးပါးရှိတယ်လို့ ကူညီပေးသူနေသူတွေဆီက သိရပါတယ်။ လပွတ္တာမြို့နယ်ထဲမှာပါဝင်တဲ့ ပြင်စလူမြို့မှာတော့ ဒီကနေ့ မနက်ကစတင်ပြီး လေပြင်းမုန်တိုင်းတိုက်ခတ်လာတာကြောင့် မုန်တိုင်းရှောင်ပြည်သူတွေ သတ်မှတ်နေရာတွေမှာ နေထိုင်ဖို့ လုပ်ပေးနေရတယ်လို့ ပရဟိတအဖွဲ့ဝင်တဦးဖြစ်သူ မချိုလေးက ပြောပါတယ်။ “အထက်တန်းကျောင်းရှယ်တာ နဲ့ ဘကဘုန်းကြီးကျောင်းတွေမှာ အခုဆို…
Read Moreတရုတ်လေယာဉ်ပျက်ကျမှု လိုက်ပါသူ ၁၃၂ ဦးစလုံး သေဆုံးဖွယ်ရှိ
ပေကျင်း၊ မတ်-၂၂-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံတောင်ပိုင်းမှာ မတ် ၂၁ ရက်က လေယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ရာ အသက်ရှင်ကျန်ရစ်သူ တွေကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေလျှက်ရှိပြီး လက်ရှိအချိန်ထိ အသက်ရှင်ကျန်ရစ်သူတွေ ကို မတွေ့ရှိရသေးဘူးလို့ တာ၀န်ရှိသူတွေကပြောပါတယ်။ မနေ့ကဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ လိုက်ပါသူအားလုံး သေဆုံးဖွယ်ရှိနေပြီး လေယာဉ်ပေါ်လိုက်ပါသွားသူတွေရဲ့ မိသားစု၀င်တွေက အနီးနားရှိလေဆိပ်မှာ သတင်းစောင့်ဆိုင်းနေကြပါတယ်။ တရုတ်အရှေ့ လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် အမ်ယူ၅၇၃၅ လေယာဉ်ဟာ ခရီးသည် ၁၃၂ ဦးကိုတင်ဆောင်ပြီး ဂွမ်ရှီးပြည်နယ်ရှိ ထောင်ထူထပ်သောဒေသမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ အဲဒီမတော်တဆမှုနဲ့ပတ်သက်ပြီး အလုံးစုံ စုံစမ်းစစ်ဆေးဖို့ တရုတ်သမ္မတရှီကျင်းပင်က အမိန့်ပေးထားပြီး ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေကို အခင်းဖြစ်ရာနေရာသို့စေလွှတ်ထားပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ လေယာဉ်ရဲ့အပျက်အစီးများကို တောင်ကုန်းတောင်တန်းတွေပေါ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး မီးလောင်ကျွမ်းခဲ့တဲ့ ခရီးဆောင်အိပ်တွေ ပိုက်ဆံအိပ်တွေနဲ့ အထောက်အထားတွေကို တွေ့ရှိထားပါတယ်။ လေယာဉ်ဟာ မြေပြင်ပေါ်သို့ပျက်ကျချိန်မှာ တောအုပ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာည မီးငြိမ်းသွားခဲ့တယ်လို့ တာ၀န်ရှိသူတွေက…
Read Moreလပွတ္တာမြို့မှာ မိုးရွာ၊ လေပြင်းတိုက်ပြီး မြစ်ရေတက်နေ
မတ် ၂၂-၂၀၂၂ VOM (GG) ဧရာဝတီတိုင်း ၊ လပွတ္တာမြို့မှာ ဒီကနေ့ မွန်းလွဲ တစ်နာရီက စတင်ကာ မိုးရွာ၊ လေပြင်းတိုက်ပြီး မြစ်ရေတက်လာနေတယ်လို့ လပ္ပတ္တာအခြေစိုက် လူမှုကူညီရေးအသင်းဆီက သိရသည်။ ဘင်္ဂလားပင်လယ်အော်ကနေ ရွေလျားလာတဲ့ မုန်တိုင်းငယ်ဟာ ဒီကနေ့မတ်လ ၂၂ ရရက်နေ့ မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ဧရာဝတီတိုင်း ၊ဟိုင်းကြီးကျွန်းမြို့အနီးကနေ စတင်ဖြတ်ကျော် ဝင်ရောက်လာတာကြောင့် ဧရာဝတီတိုင်းအပါအဝင်ကျန်တဲ့ တိုင်းနဲ့ပြည်နယ်အချို့မှာပါ မိုးရွာသွန်းနေပါတယ်။ လက်ရှိမှာတော့ လပ္ပတ္တာ မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ကမ်းရိုးတန်းနီးနေရာတွေကနေ မုန်တိုင်းအန္တရာယ်ရှောင်ဖို့ရောက်ရှိနေတဲ့ လူပေါင်းရာနှင့်ချီ ရှိနေတယ်လို့ သိရပါတယ် ။ မုန်တိုင်းငယ်(Deep Depression)ဟာ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိပြီး အညိုရောင်အဆင့်သတ်မှတ်ထားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေဟာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊လပွတ္တာခရိုင်၊မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ…
Read Moreသီရိလင်္ကာမှာ လောင်စာရရှိရေး ဆန္ဒပြမှုကြောင့် ဓါတ်ဆီဆိုင်တွေမှာ စစ်သားတွေ တပ်စွဲထား
ကိုလံဘို၊ မတ်-၂၂-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီရှားပါးနေချိန်မှာ လောင်စာရရှိရေးအတွက် နေစဉ်တန်းစီစောင့်ဆိုင်းနေတဲ့ ထောင်နဲ့ချီတဲ့ကားသမားတွေက မကြာခဏဆိုသလိုဆန္ဒပြမှုတွေပြုလုပ်မှုကြောင့် ဓါတ်ဆီဆိုင်တွေမှာ စစ်သားတွေ တပ်စွဲဖို့ အာဏာပိုင်တွေက မတ် ၂၂ ရက်မှာ အမိန့်ထုတ်လုပ်ပါတယ်။ သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံးစီးပွားရေးပြိုလဲမှုနဲ့ရင်ဆိုင်နေရပြီး လျှပ်စစ်ဓါတ်အားတွေပြတ်တောက်မှုဖြစ်ပွားနေကာ အစားအစာနဲ့ ဟင်းချက်ဖို့ ဓါတ်ငွေ့လိုမျိုး မရှိမဖြစ် ကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်နေပါတယ်။ မတ် ၂၁ ရက်မှာတော့ ဓါတ်ဆီ၀ယ်မရတာကြောင့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ လူစုလူဝေးနဲ့ လမ်းတွေကို နာရီပေါင်းများစွာ ပိတ်ဆို့ဆန္ဒပြခဲ့ပြီးနောက် စစ်သားတွေကို တပ်ဖြန့်ချထားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ရဲတွေကိုအားဖြည့်ဖို့အတွက် စစ်သားတွေကို မနေ့ညက ဖြန့်ကြက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး ဆူပူမှုမှန်သမျှကို တားဆီးသွားဖို့ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ထိပ်တန်းကာကွယ်ရေးတာ၀န်ရှိသူတဦးကပြောပါတယ်။ လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ စက်သုံးဆီလက်လီရောင်းချမှုလုပ်ငန်းရဲ့ သုံးပုံနှစ်ပုံကို လုပ်ကိုင်နေတဲ့ နိုင်ငံပိုင်…
Read Moreမြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာ မနုဿကျော်ဝင်း ကွယ်လွန်
မတ် ၂၂၊၂၀၂၂ KK(VOM) မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာ မနုဿကျော်ဝင်း(သိပ္ပကျော်စွာ ဦးကျော်ဝင်း)ဟာ ဒီကနေ့ မနက်ပိုင်းက ကွယ်လွန်းသွားတယ်လို့ စာရေးဆရာအသိုင်းအဝိုင်းကနေ သိရပါတယ်။ ဆရာ မနုဿကျော်ဝင်းကို ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ အဖဦးအုန်းမောင်၊ အမိ ဒေါ်လှရှိန်တို့က ၁၉၄၅ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ မွေးဖွားခဲ့ပြီး မွေးချင်း ငါးယောက်ထဲက သားအကြီးဆုံးဖြစ်ပါတယ်။ ဆရာ့ရဲ့အမည်ရင်းမှာ ကျော်ဝင်းဖြစ်ပြီး ၁၉၆၁-ခုမှ စတင်ကာ ပညာဆည်းပူးခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကနေ မနုဿဗေဒပညာရပ် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့နဲ့ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပါတယ်။ ၁၉၆၈-ခုနှစ်မှာတော့ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှာ နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဝတ္ထု၊ ဆောင်းပါးများ စတင်ရေးသားရာမှာ ‘ရွှေအိုးလေး’၊ ‘လှမြင့်’၊ ‘မောင်ဝင်းနွယ်(ရန်ကုန် တက္ကသိုလ်)’ နဲ့ ‘တက္ကသိုလ် ဝင်းသူ’ စတဲ့နာမည်တွေနဲ့ရေးသားခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်မှစတင်ကာ မိမိ အထူးလိုက်စားခဲ့သော မနုဿဗေဒ…
Read More