မတ် ၂၀-၂၀၂၂ KK(VOM) ၁၅ ပါးမြောက် ရွှေကျင်သာသနာပိုင်ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတ ဟာ ဒီကနေ့ မနက် ၁ နာရီကျော်က ပျံလွန်တော်မူခဲ့တယ်လို့ တပည့်သာဝကတွေက ထုတ်ပြန်ခဲ့ပါတယ်။ မရမ်းကုန်းမြို့နယ်၊ဝိဇ္ဇောတာရုံပရိယတ္တိစာသင်တိုက်ကြီးရဲ့ကျောင်းတိုက်တည်ဆရာတော်ကြီး အဘိဓဇ မဟာရဋ္ဌဂုရု၊နိုင်ငံတော်ဩဝါဒါစရိယဆရာတော်တပါးလည်း ဖြစ်ပါတယ်။ ဆရာတော်ကြီးကို မွန်ပြည်နယ်၊ မုဒုံမြို့၊ စာစင်ရပ်မှာ ခမည်းတော်ဦးနုနဲ့ မယ်တော်ဒေါ်ထားတို့က ၁၂၉၁ခု တပေါင်းလဆန်း ၇ ရက် ဗုဒ္ဓဟူးနေ့မှာ ဖွားမြင်တော်မူခဲ့ပါတယ်။ ၁၃၁၄ ခုနှစ် ကဆုန်လပြည်နေ့မှာ မုဒုံမြို့၊ စာစင်ရပ်၊ကျောက်ဝိုင်းကျောင်းတိုက် ဆရာတော်ဥူးဇဝနကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါး၏ ပစ္စယာနုဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ ၁၃၁၁ ခုနှစ် နယုန်လဆန်း ၈ ရက်နေ့မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကံသာကျောင်းသစ်ကျောင်း သီလဝိသောဓနီသိမ်တော်၌ ကျောက်ဝိုင်းကျောင်းတိုက်ဆရာတော်ဥူးဇဝနကို ဥပဇ္ဈာယ်ပြု၍ ရန်ကုန်မြို့၊ မောင်ခိုင်လမ်း၊ ဘုံဘေဘားမားပရိဘောဂတိုက်ရှင် ဦးဖေသိန်း+ဒေါ်ကြင်ရန်တို့၏ ပစ္စယာနုဂဟဖြင့် မြင့်မြတ်သောရဟန်းဘဝကို ရောက်ရှိခဲ့ပါတယ်။…
Read MoreMonth: March 2022
ယူကရိန်းကို ရုရှားက အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ် ဒုံးပျံနဲ့ ပထမဆုံးအကြိမ်တိုက်ခိုက်၊ မြေအောက်လက်နက်သိုလှောင်ရုံ ပျက်စီး
ကိယက်ဗ်၊ မတ်-၂၀ မျိုးဆက်(VOM) ယူကရိန်းအနောက်ပိုင်းရှိမြေအောက်လက်နက်သိုလှောင်ရေးစခန်းတစ်ခုကို အသံထက်မြန်တဲ့ဟိုက်ပါဆိုးနစ်ပဲ့ထိန်းဒုံးပျံနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းရုးရှားကာကွယ်ရေးဝင်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။ ဒါဟာယူကရိန်းစစ်ပွဲအတွင်းKinzhalအမျိုးအစားဟိုက်ပါဆိုးနစ်ဒုံးပျံကိုရုရှားက ပထမဉီးဆုံးအကြိမ်အသုံးပြုခဲ့တာဖြစ်ပြီးMiG-31စစ်လေယာဉ်ပေါ်မှပစ်ခတ်ခဲ့ဖွယ်ရှိပါတယ်။ ရုရှားသမတပူတင်ဟာအသံထက်ငါးဆမြန်တဲ့ဟိုက်ပါဆိုးနစ်ဒုံးပြန်တွေတီထွင်ထုတ်လုပ်ရေးအကြီးအကျယ်ရင်းနှီးမြုပ်နှံမှုပြုထားတယ်လို့ကြိမ်ဖန်များစွာထုတ်ဖော်ပြောဆိုထားပါတယ်။ ရုရှားတာဝန်ရှိသူတွေရဲ့အဆိုအရKinzhalဟိုက်ပါဆိုးနစ်ဒုံးပျံဟာမိုင်းပေါင်း၁၂၄၀အကွာရှိပစ်မှတ်ကိုထိမှန်နိုင်ပြီး၁နာရီကိလိုမီတာ၆၀၀၀ ကျြာအေမွနျနှုနျးပြံသနျးနိုငျတယျလို့ပွောပါတယျ။ လက်ရှိချိန်ထိရုရှားဟာယူကရိန်းလေပိုင်နက်ကိုထိန်းချုပ်နိုင်ချင်းမရှိဘဲရုရှားလေပိုင်နက်မှပစ်လွှတ်တဲ့လက်နက်တွေအပေါ်သာမှီခိုနေရတယ်လို့ဗြီးတိန်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ စေ့စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းသို့အချိန်မဆိုင်းပဲလာရောက်ဖို့ယူကရိန်းသမတဇီလန်စကီကရုရှားကိုတိုက်တွန်းထားပါတယ်။ Ref: BBC Photo: RDM #voiceofmyanmar #VOM #ယူကရိန်းရုရှား
Read Moreပုသိမ် – ချောင်းသာ ကားလမ်းမှာ ယာဥ်တိုက်မှုဖြစ်ပြီး လူ ၇ ဦး မီးလောင်သေဆုံး
မတ် ၊ ၁၉ -၂၀၂၂ SP+ KK (VOM) ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ် ၊ ကလပ်ချီကျေးရွာနဲ့ မင်းကုန်းကြီးကျေးရွာအကြား ၊ ပုသိမ် – ချောင်းသာ ကားလမ်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက ကား ၂ စီးတိုက်မိရာကနေ မီးလောင်ခဲ့ပြီး လူ၇ဦး မီးလောင်သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မီးလောင်တဲ့ကားက ပရိုဘောက်အဖြူရောင်် ပဲခူးလိုင်စင်နဲ့ ဖြစ်တယ် ၊ 4M အက္ခရာ ပါ ၊ ကားပေါ်မှာက ၆ ယောက်ထက် မနည်းပါနိုင်တယ် ၊ မီးငြိမ်းနေတုန်းဆိုတော့ အတိအကျ မသိရသေးဘူး”လို့ အဲ့ဒီ ယာဥ်တိုက်မှုဖြစ်ပွားတဲ့နေရာကို သွားရောက် ကူညီပေးနေတဲ့ပရဟိတသမားတယောက်က ပြောပါတယ်။ ကားမီးလောင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပုသိမ်ခရိုင်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးက ” ချောင်းသာဂိတ်ကို ဆက်သွယ်မေးမြန်းတဲ့အခါ အဲ့ဒီ မီးလောင်တဲ့ကားပေါ်မှာ…
Read Moreရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ယူကရိန်းပြည်သူ လေးပုံတပုံနီးပါး နေရပ်စွန့်ခွာနေရ
ကုလသမဂ္ဂ၊ မတ်-၁၉-၂၀၂၂ မျိုးဆက်(VOM) ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ယူကရိန်းပြည်သူ ၆ ဒသမ ၄၈ သန်းဟာ ပြည်တွင်းမှာတင် နေရပ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂနဲ့ဆက်နွယ်နေတဲ့ အေဂျင်စီတွေရဲ့ ပူးတွဲအစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။ စစ်ပွဲတွေကြောင့် ပိုလန်နယ်စပ်အနီးသို့ ထွက်ပြေးတိမ်းရှောင်သူအရေအတွက်ဟာ ရာခိုင်နှုန်းများလာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ၊ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာအဖွဲ့နဲ့ အခြားအဖွဲ့တွေရဲ့ မတ် ၁၈ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နိုင်ငံတွင်းကနေ အခြားနိုင်ငံတွေကို ထွက်ပြေးခဲ့ရတဲ့ ယူကရိန်းပြည်သူအရေအတွက်ဟာ ၃ ဒသမ ၂၇ သန်းထိ တိုးလာကြောင်း ကုလသမဂ္ဂတာ၀န်ရှိသူတွေက မတ် ၁၈ ရက်မှာပြောပါတယ်။ ဒီကိန်းဂဏန်းတွေအရ ယူကရိန်းပြည်သူ လေးပုံတပုံနီးပါးဟာ ပြည်တွင်းနဲ့ပြည်ပနိုင်ငံတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ လုံခြုံရေးအခြေအနေနဲ့ အခြားအကြောင်းအရာတွေကြောင့် လူအများအပြားဟာ မိမိဒေသတွေမှာ သောင်တင်နေ သို့မဟုတ် ထွက်ခွာနိုင်ခြင်းမရှိသေးကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှု သီတင်းလေးပတ်ထဲရောက်ရှိနေချိန်မှာ…
Read Moreပြည်ပလေကြောင်းလိုင်းတွေ ပြေးဆွဲခွင့်ပြုပေမယ့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးလာဖွယ်မရှိသေးဘူးလို့ ခရီးသွားအသိုင်းအဝိုင်းက သုံးသပ်
မတ် ၁၉-၂၀၂၂ GG (VOM) ၂ နှစ် နီးပါး ပိတ်ထားခဲ့တဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေကို လာမယ့် ဧပြီလ ၁၇ ရက်နေ့က စပြီး ပြန်လည်ပြေးဆွဲခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ် ။ ပြည်ပလေကြောင်းလိုင်းတွေကို မြန်မာနိုင်ငံမှာ ပျံသန်းခွင့်ပြုလိုက်ပေမယ့်လည်း လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေအရ နိုင်ငံတကာက ခရီးသွားဧည့်သည်ဝင်ရောက်မှုကို မျှော်လင့်လို့မရနိုင်တာကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းဟာ အခု ၂၀၂၂ ခုနှစ် ထဲမှာ ပြန်လည်ဖွံ့ဖြိုးလာနိုင်ဖွယ်မရှိသေးဘူးလို့ ခရီးသွားလုပ်ငန်းရှင်တဦးကသုံးသပ်ပါတယ်။ ” ပြည်တွင်းက နိုင်ငံရေးအခြေအနေ မတည်ငြိမ်တဲ့ကာလမှာ ဘယ်နိုင်ငံက ခရီးသွားက အလည်လာမှာလဲ၊ လာမယ့်သူတွေအတွက် ဘာအာမခံချက်မှမရှိဘူးလေ၊ကျနော်တို့စိတ်အနေနဲ့ဆိုရင်ရော သွားမလားဆို မသွားဘူးလေ၊ ဒီနှစ်ထဲတော့ ဘာမှမျှော်လင့်လို့ရတဲ့အနေအထား မတွေ့ရဘူး “လို့ ခရီးသွားလုပ်ငန်း ရှင်တဦးက ပြောပါတယ်။ လက်ရှိမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုနူန်းလျော့ကျလာတဲ့ အခြေအနေ ရှိပေမယ့် ကွာရန်တင်းဝင်ရခြင် ၊ ဆေးစစ်ရခြင်း စတဲ့ ကန့်သတ်ချက်တွေ ရှိနေသေးတာကတကြောင်း၊…
Read Moreဗြိတိန်မှာ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ် BA.2 ကူးစက်ပျံ့နှံ့နေ
လန်ဒန်၊ မတ်-၁၉-၂၀၂၂ မျိုးဆက်(VOM) ဗြိတိန်နိုင်ငံမှာ ခန့်မှန်းခြေအားဖြင့် လူ ၂၀ ဦးမှာ တစ်ဦးနှုန်း ကိုဗစ်ကူးစက်မှုနဲ့အတူ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ဆက်လက်မြင့်တက်နေကြောင်း ဗြိတိန်အမျိုးသားစာရင်းအင်းရုံးက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ကူးစက်ခံရသူတွေထဲမှာ ဗိုင်းရပ်စ်ကူးစက်မှုကို ပိုမိုကာကွယ်နိုင်ဖို့အတွက် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ ပြီးစီးထားတဲ့ အသက် ၇၅ နှစ်အထက်အရွယ်တွေအပါအ၀င် အသက်အုပ်စုတွေအားလုံးမှာ ကူးစက်မှုတွေဖြစ်ပွားနေပါတယ်။ ရောဂါကူးစက်မှုကြောင့် ဆေးရုံတက်ရသူအရေအတွက် မြင့်တက်နေပေမယ့် ကာကွယ်ဆေးတွေဟာ ပြင်းထန်ရောဂါလက္ခဏာခံစားရမှုတွေကို ကာကွယ်ပေးနိုင်ဆဲဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ လက်ရှိမှာ BA.2 လို့ခေါ်ဝေါ်တဲ့ ကူးစက်မြန် အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲဟာ ဗြိတိန်မှာ ရောဂါ ကူးစက်မှုအများစုကို ဖြစ်ပေါ်နေပြီး မကြာသေးမီက ကန့်သတ်ချက်တွေဖြေလျှော့တာနဲ့ ကာကွယ်ဆေးအာနိသင်တွေ ကျဆင်းခြင်းတို့ဟာ ကူးစက်မှုမြင့်တက်လာခြင်းရဲ့ နောက်ကွယ်မှ အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။ မတ် ၁၂ ရက်မှာ ကုန်ဆုံးမယ့် သီတင်းပတ်မှာ ဗြိတိန်ရှိလူဦးရေ ၃ ဒသမ ၃…
Read Moreရန်ကုန်မှာ လျှပ်စစ်မီးကို လေးနာရီခြားတစ်ခါ အလှည့်ကျပဲ မီးရတော့မယ်လို့ EPC ကကြေညာ
မတ် ၁၉-၂၀၂၂ KK(VOM) ရန်ကုန်တိုင်းက ခရိုင်လေးခုမှာ လျှပ်စစ်မီးကို တစ်ရက်လျှင် လေးနာရီကြားတစ်ခါပဲ မီးအလှည့်ကျပေးတော့မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်က ခရိုင်လေးခုကို ခရိုင်အလိုက် အုပ်စုနှစ် ခုခွဲပြီး မနေ့ မတ်လ ၁၈ ရက်နေ့ကစတင်ကာ ၄ နာရီခြား တစ်ခါ အလှည့်ကျစနစ် ပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မြောက်ပိုင်းခရိုင်ထဲမှာ ပါဝင်တဲ့ လှိုင်သာယာမြို့နယ်နေသူတဦးက “မနက်က ပျက်ရင် ညနေမှလာတယ်၊ တစ်ခါတစ်လေ လာတယ် ပြန်ပျက်သွားတယ်”လို့ ပြောပါတယ်။ အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်နေသူတဦးက”ငမိုးရိပ် စံပြဘက် အရမ်းမီးပျက်တယ်၊ တောရုံဆိုမပြောပါဘူး သူများတွေလို ၄နာရီမလာဘူး မနက် ၁၀ နာရီကနေ ညအထိ တစ်ညလုံးမလာဘူး၊ လာတော့လည်း မိနစ်လောက်ပဲ လာပေးပြီး ပြန်ပျက် ၊ သူများတွေ မေးကြည့်တော့ ပျက်တော့ ပျက်ကြတယ် ဒါပေမယ့် ကိုယ်တွေလောက်…
Read Moreနွေမှာ အေးတဲ့မွှေးတဲ့ ကုသိုလ်တော်က သစ်ရွှက်သနပ်ခါး
မတ် ၁၈- ၂၀၂၂ Voice Of Myanmar ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးလို့ လူသိများတဲ့ မန္တလေးတောင်ခြေက ကုသိုလ်တော်ဘုရားကို ဘုရားဖူးလာကြတဲ့ အမျိုးသမီးအတော်များများက သစ်ရွက်ပုံစံသနပ်ခါးလိမ်းပြီးတော့ ဓာတ်ပုံရိုက်ရတာကို နှစ်သက်ကြပါတယ်။ အဲ့ဒီ သစ်ရွက်ပုံစံသနပ်ခါးလိမ်းတဲ့ ဓလေ့ကတော့ ကိုသိုလ်တော်မှာဆိုရင် ဆယ်စုနှစ်တစ်ခုကျော်လာခဲ့ပြီဖြစ်ပါတယ်။ သစ်ရွက်ပုံစံ သနပ်ခါးလိမ်းချယ်ပေးတဲ့ အမျိုးသမီးငယ်တွေကတော့ ကိုသိုလ်တော်ဘုရားမှာ ၁၅ ဦးထက်မနည်းရှိသလို သနပ်ခါးလိမ်းချယ်ပေးရတဲ့အနေနဲ့ အခကြေးငွေ သတ်မှတ်ထားတာမရှိပေမယ့် စေတနာရှိသလို မုန့်ဖိုးပေးလို့ရတယ်လို့ သိရပါတယ်။ သနပ်ခါးလိမ်းချယ်တဲ့ ဓလေ့ကတော့ မြန်မာလူမျိုးတွေအတွက် ရှေးအရင်ကတည်းက အစဥ်အလာတစ်ခုအနေနဲ့ရှိခဲ့တာဖြစ်သလို ကုသိုလ်တော်ဘုရားကို ရောက်ရင် မွှေးလည်းမွှေး အေးလည်းအေးတဲ့ ရိုးရာသနပ်ခါးကို လိမ်းနိုင်ကြောင်း VOM သတင်းထောက် ကိုရှိုင်းအောင်က တင်ဆက်ထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #ကုသိုလ်တော် #သနပ်ခါး YouTube Link – https://youtu.be/6Su1hh5t0N8
Read Moreမုံးကိုးမြို့ပေါ်က စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာ ခက်ခဲနေတဲ့အပြင် လူဦးရေ ထပ်တိုးလာ
မတ် ၁၈၊ ၂၀၂ဝ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မုံးကိုးမြို့ပေါ်က စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာ ခက်ခဲလာတဲ့အပြင် လူဦးရေပါ ထပ်တိုးလာတယ်လို့ စစ်ရှောင်စခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လကုန်ပိုင်းက ရှောင်တိမ်းလာခဲ့ကြပေမယ့် အချို့က စစ်ရှောင်စခန်းဘက် လာရောက်ရှောင်တိမ်း ခိုလှုံတာမဟုတ်ဘဲ အချိန်ခဏတာ ကြာမယ်လို့ထင်ကာ အသိဆွေမျိုးအိမ်တွေနဲ့ နေအိမ်တွေ ငှားရမ်းနေထိုင်ကြပြီး အချိန်ကြာလာတာနဲ့အမျှ ပိုခက်ခဲလာတာကြောင့် စစ်ရှောင်စခန်းဘက်ကို ပြန်လည် ခိုလှုံလာကြတာဖြစ်တယ်လို့ စစ်ရှောင်စခန်းတွေကို ကူညီပေးနေသူ ဒေသခံ ၁ ဦးက ပြောပါတယ်။ “အစောကတည်းကတော့ ရှောင်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ ရှာဖွေစားသောက်ရတာ အဆင်မပြေလာကြလို့ စစ်ရှောင်စခန်းမှာ လူဦးရေစာရင်းတိုးလာတယ်။ အိမ်ခြေ အားလုံး ၁၇၀ ဝန်းကျင်လောက် ပြောင်းလာတယ်။ လူဦးရေ ၇၀၀ ကျော်သွားပြီ။”လို့…
Read MoreNLD ပါတီဝင် ၆၀၀ ကျော် ဖမ်းခံထားရကြောင်း ပါတီကထုတ်ပြန်
မတ် ၁၈-၂၀၂၂ KK(VOM) NLDပါတီဝင် ၆၀၀ကျော် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုကော်မတီက ဒီကနေ့မှာပဲ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစတင်ကာ ၂၀၂၂ခုနှစ် မတ်လ ၁၄ နေ့အထိ နိုင်ငံတစ်ဝှမ်း ဖမ်းဆီးခံရသူ ၁၃၀၀၀ ရှိတဲ့အထဲမှာ NLD ပါတီဝင် ၈၃၂ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူ ၁၇၁ဦးရှိတယ်လို့ NLD ပါတီလူ့အခွင့်အရေးချိုးဖောက်မှုများမှတ်တမ်းကောက်ယူရေးအဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။ လက်တလောမှာ တရားစွဲဆိုခံထားရတဲ့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပါတီဒုတိယဥက္ကဌတွေဖြစ်တဲ့ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင် အပါအဝင် ၆၄၅ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာတော့ လွှတ်တော်ကိုယ်စားလှယ် ၁၀၇ဦးပါဝင်ပြီး ပြန်လည်လွတ်မြောက်လာသူ ၁၄ဦးရှိကာ ကျန်၉၂ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနဲ့ ပါတီဝင် စုစုပေါင်း(၁၆)ဦး ကွယ်လွန်ခဲ့တယ်လို့…
Read More