သီရိလင်္ကာမှာ အထွေထွေအကြပ်အတည်းကြောင့် ဆန္ဒပြမှုတွေဖြစ်ပွား၊ ညမထွက်ရအမိန့် ထုတ်ပြန်ထားရ

ကိုလံဘို၊ ဧပြီ-၁-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာနိုင်ငံမှာ စားနပ်ရိက္ခာ၊ လောင်စာဆီရှားပါးမှု၊ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေနဲ့ပတ်သက်ပြီး သမ္မတအိမ်တော်ပြင်ပမှာ မတ် ၃၁ ရက်က ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့ကာ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ပါတယ်။

ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ အတားအဆီးတွေကို ဖြတ်ကျော်၀င်ရောက်ပြီး ဘတ်စ်ကားတစ်စီးကို မီးရှို့ဖျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့ကစွပ်စွဲထားပါတယ်။

ဒီဖြစ်စဉ်ဟာ အစွန်းရောက် လုပ်ရပ်ဖြစ်ကြောင်း သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာက ပြစ်တင်ပြောဆိုထားပါတယ်။

နိုင်ငံတွင်း၌ ၁၃ နာရီကြာ လျှပ်စစ်မီးပြတ်တောက်မှု၊ လောင်စာဆီနဲ့ မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်တွေ၊ ဆေးဝါးတွေပြတ်လပ်မှုတို့ကြောင့် ပြည်သူတွေရဲ့ အမျက်ဒေါသဟာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။

သမ္မတအိမ်တော်ပြင်ပမှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပေမယ့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေအသုံးပြုဖြိုခွဲခဲ့ပြီး လူတဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဆန္ဒပြပွဲမှာ ပါ၀င်သူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေကိုလည်း ရဲတပ်ဖွဲ့၀င်တွေကို ကျောက်ခဲတွေနဲ့ ပြန်လည်ပစ်ပေါက်ခဲ့ကြပါတယ်။

နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးစေဖို့ ကတိပြုပြီး ၂၀၁၉ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ သမ္မတရာဂျာပက်ဆာအတွက် ယခုဆန္ဒပြမှုတွေဟာ သူ့အပေါ် ထောက်ခံမှု အလှည့်အပြောင်းတစ်ရပ်ဖြစ်ပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW