အသက် ၆၂ နှစ်ပြည့်မှ နိုင်ငံ့ဝန်ထမ်းတွေကို ပင်စင်ပေးဖို့ ပြောင်းလဲသတ်မှတ်

ဧပြီ – ၁ – ၂၀၂၂
KT(VOM)

နိုင်ငံ့ဝန်ထမ်းတွေကို အငြိမ်းစားယူဖို့ အရင်က အသက် ၆၀ မှာ သက်ပြည့်ပင်စင်ပေးပေမယ့် အခုအခါမှာတော့အသက် ၆၂ နှစ်ပြည့်မှ ပင်စင်ယူဖို့ ‌‌ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ နစကကောင်စီ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

“နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်အား ထိမ်းသိမ်းရန်၊လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတို့အရ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်လက်အထောက်အကူပြုစေရန်၊ လုပ်ငန်းကျွမ်းကျင်သည့် လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံတော်မှ ဆက်လက်ချီးမြှောက်ရန်အတွက် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း” ထုတ်ပြန်ချက်မှာ ပါရှိတာကို တွေ့ရပါတယ်။

အခုလို ပြောင်းလဲလိုက်တာနဲ့ပတ်သက်ပြီး ဝန်ထမ်း‌တဦးက “ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး၊ကာကွယ်ရေးနဲ့ ဝန်ကြီးဌာန အသီးသီးက အောက်ခြေဝန်ထမ်းအများစုကတော့ အဆဲခံ၊ အဆိုခံ၊ အပြောခံရဖို့အတွက် ပင်စင်သက်တမ်းကို အသက် ၆၂ နှစ်အထိ တိုးမြှင့်လိုက်တာလို့မြင်သလို လူကြီးအနားမှာနေပြီး အဆင်ပြေသူတွေကတော့ တို့လူကြီးကွဆိုပြီး ဝမ်းသာအားရှိတယ်ဆိုတဲ့အကြောင်း ဝေဖန်ပြောဆိုနေကြတာကို တွေ့ရတယ်” လို့ ရင်ဖွင့်ပြောပြပါတယ်။

နစက ဥက္ကဋ္ဌရဲ့ လမ်းညွှန်မှုအရ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ-၇၆၊ ပုဒ်မခွဲ(က)အရ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေတွေထဲက နည်းဥပဒေ-၂၃၀ နဲ့ ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမယ့် နေ့ရက်ကို ၆၂ နှစ်ပြည့်တဲ့နေ့လို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ပင်စင် #သက်တမ်းတို့မြှင့် #သက်ပြည့်ပင်စင်

Related posts

Leave a Comment

VOM News

FREE
VIEW