ဟုမ္မလင်းမြို့နယ်ဥပဒေရုံးမှာ ပထမဆုံးအကြိမ်ပေါက်ကွဲမှုဖြစ်ပြီး ရုံးအနီးက စျေးသည်အချို့ဒဏ်ရာရ

ဧပြီ ၊ ၄-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့၊နောင်ပကျစ်ရပ်ကွက်၊ ကန္နားလမ်းမှာရှိတဲ့ မြို့နယ်ဥပဒေရုံးမှာ မနေ့ ဧပြီ၃ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရုံးအနီးက စျေးသည်အမျိုးသမီး ၃ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဟုမ္မလင်းမြို့ခံတွေဆီက သိရပါတယ်။

“ဥပဒေရုံး ပေါက်ကွဲတာက ညနေ ၆ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ အဲ့ဒီရုံးအနီးက စျေးသည် ၃ ဦးဖြစ်တဲ့ မဂျူလိုင်မိုး ၊ မဝါဝါမြင့် နဲ့ မသင်းသဇင် တို့ကတော့ မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ် ” လို့ နောင်ပကျစ်ရပ်ကွက်မှာ နေတဲ့ ဒေသခံတယောက်က ပြောပါတယ်။

ဟုမ္မလင်းမြို့နယ် လုံခြုံရေးအဖွဲ့ရုံး တာဝန်ရှိသူတဦးက” တရားရေး ပစ်မှတ်ကို ဖောက်ခွဲတိုက်ခိုက်တာလို့ ထင်တယ် ၊ ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတာတော့ မသိဘူး ” လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးပေါင်းစုံရှိတဲ့အနက် မြို့နယ်ဥပဒေရုံး ပေါက်ကွဲမှုဖြစ်စဥ်ဟာ အခုအကြိမ်က ပထမဆုံးဖြစ်တယ်လို့ ဟုမ္မလင်းနယ် ဝန်ထမ်းအသိုင်းအဝိုင်းရဲ့ပြောပြချက်အရ သိရပါတယ်။

#VOM #voiceofmyanmar #ဟုမ္မလင်း #မြို့နယ်ဥပဒေရုံးပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW