ရှန်ဟိုင်းမြို့ကို လော့ခ်ဒေါင်းကာလတိုး ၊ မြို့ခံတွေ စားနပ်ရိက္ခာ ပြတ်လပ်မှု ကြုံတွေ့နေ

ပေကျင်း၊ ဧပြီ-၇-၂၀၂၂
မျိုးဆက်(VOM)

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်နေတာကြောင့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို လော့ခ်ဒေါင်းကာလ သက်တမ်းတိုးထားပြီး စားနပ်ရိက္ခပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရှန်ဟိုင်းဒေသခံတွေဟာ မရှိမဖြစ်ကုန်ပစ္စည်းတွေ ၀ယ်ယူခြင်းကဲ့သို့သော ကိစ္စရပ်တွေအတွက် နေအိမ်မှ ပြင်ပသို့သွားလာခြင်းတွေကိုပါ အာဏာပိုင်တွေက ပိတ်ပင်တားမြစ်ထားပါတယ်။

တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့တွေထဲ့ တစ်မြို့ဖြစ်တဲ့ ရှန်ဟိုင်းမြို့မှာ ဧပြီ ၆ ရက်က ကိုဗစ်-၁၉ ရောဂါကူးစက်မှု နှစ်သောင်းနီးပါးထိရှိခဲ့ပြီး နိုင်ငံတွင်းမှာ စံချိန်တင်ကူးစက်မှုလည်း ဖြစ်ပါတယ်။

မြို့မှာ ခက်ခဲ့တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရကြောင်း အာဏာပိုင်တွေက ၀န်ခံခဲ့ပြီး အခြေအနေတိုးတက်ကောင်းမွန်စေဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုကြပါတယ်။

မြို့ရဲ့ အချို့နေရာတွေမှာ စားနပ်ရိက္ခာနဲ့သောက်သုံးရေတွေကို အွန်လိုင်း သို့မဟုတ် အခြားနည်းလမ်းတွေနဲ့ မှာယူရာမှာ အခက်အခဲတွေရှိနေပြီး အစိုးရက ထောက်ပံ့မှုများလုပ်ဆောင်နေပေမယ့်လည်း ကြန့်ကြာမှုများရှိနေကြောင်း မြို့ခံတွေကပြောပါတယ်။

ဒါ့အပြင် ရောဂါကူးစက်ခံထားရတဲ့ ကလေးငယ်တွေကို မိဘတွေနဲ့ ခွဲထားတဲ့ ပြင်းထန်တဲ့ အစီအမံတွေအပေါ် မြို့ခံတွေက အမျက်ဒေါသထွက်နေပြီး နောက်ပိုင်းမှာတော့ ကလေးငယ်တွေကို မိဘတွေက လိုက်ပါစောင့်ရှောက်ခွင့်ကို အာဏာပိုင်တွေက ခွင့်ပြုပေးခဲ့့ပါတယ်။

Ref: BBC
Photo:Getty Images

#voiceofmyanmar #VOM #ရှန်ဟိုင်းလောခ်ဒေါင်း

Related posts

Leave a Comment

VOM News

FREE
VIEW