ရွှေဖီမြေသတင်းဌာနက အမျိုးသမီးသတင်းထောက်ဟောင်း ထောင်၂ နှစ် ချမှတ်ခံရ

ဧပြီ ၇-၂၀၂၂ Shy V(VOM) ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းဌာနက အမျိုးသမီးသတင်းထောက်ဟောင်း လွေးအမ်ဖောင်းကို ဒီကနေ့မနက်ပိုင်းက လားရှိုးအကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ချမှတ် ခံရလိုက်ရတယ်လို့ သူမနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “လွေးအမ်ဖောင် ၂၁ နှစ်က ၂၀၂၁ စက်တင်ဘာ ၂၆ ရက်မှာ ဖမ်းခံရတာ။ ဒီနေ့မနက် လားရှိုးအကျဥ်းထောင်ရဲ့ထောင်တွင်းသီးသန့်တရားရုံးကနေ ရာဇသတ် ၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရတာ” လို့ သူမနဲ့ ရင်းနှီးသူတဦးကပြောပါတယ်။ မန္တလေးအခြေစိုက် Channel Mandalay သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦးကိုလည်း အိုးဘိုထောင်တွင်းတရားရုံးက အကြမ်းဖက်ပုဒ်မ ၅၂ – က နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံဖို့ ဧပြီ ၅ ရက် နေ့က အမိန့်ချခဲ့ပါသေးတယ်။ ကမာရွတ်မီဒီယာအယ်ဒီတာ ကိုဟံသာညိန်းကိုလည်း…

Read More

ရှန်ဟိုင်းမြို့ကို လော့ခ်ဒေါင်းကာလတိုး ၊ မြို့ခံတွေ စားနပ်ရိက္ခာ ပြတ်လပ်မှု ကြုံတွေ့နေ

ပေကျင်း၊ ဧပြီ-၇-၂၀၂၂ မျိုးဆက်(VOM) ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်နေတာကြောင့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို လော့ခ်ဒေါင်းကာလ သက်တမ်းတိုးထားပြီး စားနပ်ရိက္ခပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ရှန်ဟိုင်းဒေသခံတွေဟာ မရှိမဖြစ်ကုန်ပစ္စည်းတွေ ၀ယ်ယူခြင်းကဲ့သို့သော ကိစ္စရပ်တွေအတွက် နေအိမ်မှ ပြင်ပသို့သွားလာခြင်းတွေကိုပါ အာဏာပိုင်တွေက ပိတ်ပင်တားမြစ်ထားပါတယ်။ တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့တွေထဲ့ တစ်မြို့ဖြစ်တဲ့ ရှန်ဟိုင်းမြို့မှာ ဧပြီ ၆ ရက်က ကိုဗစ်-၁၉ ရောဂါကူးစက်မှု နှစ်သောင်းနီးပါးထိရှိခဲ့ပြီး နိုင်ငံတွင်းမှာ စံချိန်တင်ကူးစက်မှုလည်း ဖြစ်ပါတယ်။ မြို့မှာ ခက်ခဲ့တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရကြောင်း အာဏာပိုင်တွေက ၀န်ခံခဲ့ပြီး အခြေအနေတိုးတက်ကောင်းမွန်စေဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုကြပါတယ်။ မြို့ရဲ့ အချို့နေရာတွေမှာ စားနပ်ရိက္ခာနဲ့သောက်သုံးရေတွေကို အွန်လိုင်း သို့မဟုတ် အခြားနည်းလမ်းတွေနဲ့ မှာယူရာမှာ အခက်အခဲတွေရှိနေပြီး အစိုးရက ထောက်ပံ့မှုများလုပ်ဆောင်နေပေမယ့်လည်း ကြန့်ကြာမှုများရှိနေကြောင်း မြို့ခံတွေကပြောပါတယ်။ ဒါ့အပြင် ရောဂါကူးစက်ခံထားရတဲ့ ကလေးငယ်တွေကို မိဘတွေနဲ့ ခွဲထားတဲ့…

Read More

ကိုဗစ်ကူးစက်ပြီး ခြောက်လအကြာမှာ ပြင်းထန်သွေးခဲမှု ဖြစ်နိုင်ခြေရှိ

စတော့ဟုမ်း၊ ဧပြီ-၇-၂၀၂၂ မျိုးဆက်(VOM) ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေဟာ ကူးစက်ခံရပြီးနောက် ခြောက်လအကြာမှာ ပြင်းထန်တဲ့ သွေးခဲမှုဖြစ်နိုင်ခြေများကြောင်း ဆွီဒင်နိုင်ငံ သုတေသီတွေရဲ့ လေ့လာမှုမှုတရပ်မှာ ဖော်ပြထားပါတယ်။ ပြင်းထန်တဲ့ ကိုဗစ်ကူးစက်မှုခံရသူတွေနဲ့ ကိုဗစ်ပထမလှိုင်းအတွင်း ကူးစက်ခံရသူတွေဟာ သွေးခဲနိုင်ခြေအများဆုံးဖြစ်ကြောင်း အဲဒီသုတေသန တွေ့ရှိမှုမှာ ဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ အထူးသဖြင့် ဆေးရုံတက်ကုသဖို့ လိုအပ်တဲ့လူနာတွေမှာလည်း သွေးခဲနိုင်ခြေ ပိုမိုများနိုင်တယ်လို့ သုတေသီတွေကပြောပါတယ်။ လေ့လာမှုအတွက် ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီလမှ ၂၀၂၁ ခုနှစ် မေလအတွင်း ရောဂါကူးစက်ခံရသူ လူနာတစ်သန်းကျော်ရဲ့ ကျန်းမာရေးအခြေအနေကို ရောဂါကူးစက်မှုမရှိသူတွေနဲ့ နှိုင်းယှဉ်ပြီး သုတေသနပြုခဲ့ကြတာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးနောက်မှာတော့ သွေးခဲမှုဖြစ်ပွားနိုင်ပေမယ့်လည်း ဖြစ်နိုင်ခြေနည်းပါးကြောင်း ဗြိတိန်ရှိ သုတေသီများရဲ့ လေ့လာမှုမှာ တွေ့ရှိထားပြီး ကာကွယ်ဆေးထိုးခြင်းရဲ့အရေးပါပုံကို သုတေသီများ သတိပေးပြောဆိုထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #စတော့ဟုမ်း

Read More

ယူကရိန်းအရှေ့ပိုင်းကို ရုရှားတပ်တွေ ထိုးစစ်ဆင်ဖွယ်ရှိ၊ ယူကရိန်းပြည်သူတွေ တိမ်းရှောင်ကြဖို့ ဒု၀န်ကြီးချုပ် သတိပေး

ကိယက်ဗ်၊ ဧပြီ-၇-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းအရှေ့ပိုင်းတွင်နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်ကြဖို့ ယူကရိန်း ဒုတိယ၀န်ကြီးချုပ်က ဧပြီ ၆ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ တကယ်လို့ ဘေးလွတ်ရာကို မတိမ်းရှောင်ဘူးဆိုရင် ရုရှာတပ်ဖွဲ့တွေ ကျူးကျော်၀င်ရောက်လာပါက ဒေသခံပြည်သူတွေကို ကူညီနိုင်မှာမဟုတ်ဘူးလို့ ဒုတိယ၀န်ကြီးချုပ် အိုင်ရာနာဗီရီချော့က ပြောပါတယ်။ တရားလက်လွတ်သတ်ဖြတ်မှုတွေအပါအ၀င် ရုရှားတပ်တွေထိန်းချုပ်မှုအောက်ရှိ ယူကရိန်းမြို့တွေမှာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေ ထွက်ပေါ်လာချိန်မှာ အခုလို သတိပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ခါခိဗ်အပါအ၀င် ဒွန်နက်၊ လူဟန့်ဒေသရှိ ခေါင်းဆောင်တွေဟာ ရုရှားရဲ့ တိုက်ခိုက်မှုတစုံတရာ မလုပ်ဆောင်မီ ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးဖို့ ကြိုးစားနေကြကြောင်း ယူကရိန်း ဒုတိယ၀န်ကြီးချုပ်က ပြောပါတယ်။ ရုရှားတပ်တွေဟာ ကိယက်ဗ်နှင့် ချာနီဟဗ်ဒေသတွေကနေ အပြည့်အ၀ရုပ်သိမ်းသွားပြီဖြစ်ပြီး ယူကရိန်းအရှေ့အပိုင်းကို ထိုးစစ်ဆင်ဖို့ အာရုံစိုက်နေကြောင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref:BBC Photo:AFP #voiceofmyanmar #VOM…

Read More

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ သေနတ်နဲ့ပစ်ခတ်ခံရ

ဧပြီ ၇-၂၀၂၂ Voice Of Myanmar ဗဟန်းမြို့နယ်၊ ရွှေဂုံရိပ်မွန်အိမ်ယာမှာနေထိုင်တဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဟာ ဒီကနေ့ မနက် ၁၁နာရီခွဲက သေနတ်နဲ့လာရောက် ပစ်ခတ်ခံရတယ်လို့ အိမ်ယာမှာနေထိုင်သူတွေဆီက သိရပါတယ်။ ဗဟန်းမြိုနယ်၊ ရွှေဂုံရိပ်မွန်၊အိမ်ယာတိုက် ၅ မှာ နေထိုင်တဲ့ ဗဟိုဘဏ်ဒုဥက္ကဌဒေါ်သန်းသန်းဆွေကို ကားတစ်စီးနဲ့ အမည်မသိလက်နက်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့လာရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့ အိမ်ယာမှာ နေထိုင်သူတဦးကပြောပါတယ်။ “သေမသေတော့ မသိဘူး စစ်တပ်တွေ ရဲတွေရော အများကြီးပဲ စစ်နေတယ်”လို့ သူကပြောပါတယ်။ မြန်မာနိူင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဌ သေနတ်နဲ့ပစ်ခတ်ခံရတာဟာ မှန်ကန်ပြီး လက်တလောအခြေအနေအရ ဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့ ဒု-ဝန်ကြီးတစ်ဦးက VOM ကို ပြောပါတယ်။ “ရန်ကုန်မှာ အပစ်ခံရတာ ဆေးရုံဆေးကုသမှုခံယူနေတယ် မစိုးရိမ်ရပါဘူး “လို့ ပြောပါတယ်။ လက်တလောမှာ စစ်တပ်နဲ့ရဲတွေက ပစ်ခတ်မှုဖြစ်ပွားရာ ရွှေဂုံရိပ်မွန်အိမ်ယာနဲ့ အနီးတဝိုက်မှာ ကားတွေကို စစ်ဆေးနေတယ်လို့ ဗဟန်းမြို့နယ်နေသူတွေဆီက သိရပါတယ်။…

Read More

ဖားကန့်မှာ အင်တာနက်သုံးလို့ရတဲ့ ဖုန်းကဒ်စျေးနူန်းတွေ သောင်းဂဏန်းအထိ မြင့်တက်နေ

ဧပြီ ၇-၂၀၂၂ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့် ရတနာမြေမှာ အခုရက်ပိုင်းအတွင်း အင်တာနက်လိုင်း အသုံးပြုလို့ ပြန်ရလာတဲ့အတွက် ဖုန်းကဒ်စျေးနူန်းတွေဟာ ၅ ထောင်ကျပ်ကနေ ၃ သောင်းကျပ်အထိ စျေးနူန်းမြင့်တက်လာတယ်လို့ ဖားကန့်မြို့ခံတွေဆီက ဒီကနေ့ သိရပါတယ်။ ” အင်တာနက်လိုင်းပြန်ရတာ ၄ ရက်ရှိပြီ ၊ Mytel ဖုန်း တစ်မျိုးထဲပဲ ရသေးတာ ၊ ကျန်တဲ့ဖုန်းလိုင်းတွေက မရသေးဘူး ၊ အဲ့ဒါကြောင့် Mytel ဖုန်းကဒ်တွေ စျေးနူန်းမြင့်တက်သွားတာ “လို့ ဖားကန့်မြို့ခံ ဖုန်းအရောင်းဆိုင် လုပ်ငန်းရှင်တယောက်က ပြောပါတယ် ။ ဖားကန့်မြို့ခံ နည်းပညာရှင် လူငယ်တယောက်ကလည်း ” ဖားကန့်မှာ လအတန်ကြာ အင်တာနက်လိုင်းတွေ ပိတ်ထားတယ် ၊လိုင်းပြန်သုံးလို့ရတာ ရက်ပိုင်းပဲရှိသေးတယ်၊ Mytel ကလွဲလို့ ကျန်အခြားလိုင်းတွေ ဒီကနေ့အထိ…

Read More

ဝက်ဝံမွေးတဲ့ အမျိုးသားတဦး ဝက်ဝံနှစ်ကောင်ကိုက်သတ်ခံရလို့ သေဆုံး

ဧပြီ ၇-၂၀၂၂ KK(VOM) တောင်ငူမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ထီးလှိုင်လမ်းမ‌အနီးမှာ ဒီကနေ့ မနက်ပိုင်းက ဝက်ဝံတွေမွေးမြူတဲ့ အမျိုးသားကို မွေးထားတဲ့ဝက်ဝံနှစ်ကောင်က ကိုက်သတ်ပြီး ပြန်စားနေလို့ သေသူကို ပြန်ထုတ်ဖို့အတွက် ဝက်ဝံနှစ်ကောင်ကို သေနတ်နဲ့ပစ်ခတ်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တောင်ငူမြို့နယ် မြင့်မိုရ်နန်းစားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးကိုကိုအောင်ဆိုသူက ဝက်ဝံတွေကိုယဥ်ပါးအောင်မွေးမြူထားပြီး ဒီကနေ့ မနက် ၃ နာရီမှာတော့ ဝက်ဝံနှစ်ကောင်က အရိုင်းစိတ်ဝင်ပြီး ကိုက်ကာ သေသူကိုပြန်စားနေတာကြောင့် အဲ့ဒီဝက်ဝံနှစ်ကောင်ကို သေနတ်နဲ့ပစ်ခတ်ခဲ့ကာ အလောင်းကိုထုတ်ယူခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ အရင်ရက်တွေက ဝက်ဝံတွေနဲ့အိပ်စက်တက်သူ ဦးကိုကိုအောင်ကို ဒီကနေ့မနက်ပိုင်းမှာ ဝက်ဝံနှစ်ကောင်က ကိုက်လို့ လူအင်အားနဲ့လာဖို့ သူရဲ့ဇနီးဖြစ်သူက ဖုန်းဆက်တာကြောင့် သွားရောက်ကူညီပေးခဲ့ရတယ်လို့ တောင်ငူနာရေးကူညီမှုအသင်းဥက္ကဌ ဦးလှမျိုးဝင်က VOM ကို ပြောပါတယ်။ “ဟိုရောက်တော့ ဝက်ဝံနှစ်ကောင် ခြေရင်းမှာ သူ့သခင်က သေနေပြီဗျ၊ အလောင်းကိုချက်ချင်းထုတ်လို့မရဘူး၊ တောရိုင်းတိရိစ္ဆာန်ဆိုတော့…

Read More
VOM News

FREE
VIEW