ကိုဗစ်ကူးစက်ပြီး ခြောက်လအကြာမှာ ပြင်းထန်သွေးခဲမှု ဖြစ်နိုင်ခြေရှိ

စတော့ဟုမ်း၊ ဧပြီ-၇-၂၀၂၂
မျိုးဆက်(VOM)

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေဟာ ကူးစက်ခံရပြီးနောက် ခြောက်လအကြာမှာ ပြင်းထန်တဲ့ သွေးခဲမှုဖြစ်နိုင်ခြေများကြောင်း ဆွီဒင်နိုင်ငံ သုတေသီတွေရဲ့ လေ့လာမှုမှုတရပ်မှာ ဖော်ပြထားပါတယ်။

ပြင်းထန်တဲ့ ကိုဗစ်ကူးစက်မှုခံရသူတွေနဲ့ ကိုဗစ်ပထမလှိုင်းအတွင်း ကူးစက်ခံရသူတွေဟာ သွေးခဲနိုင်ခြေအများဆုံးဖြစ်ကြောင်း အဲဒီသုတေသန တွေ့ရှိမှုမှာ ဖော်ပြထားပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ အထူးသဖြင့် ဆေးရုံတက်ကုသဖို့ လိုအပ်တဲ့လူနာတွေမှာလည်း သွေးခဲနိုင်ခြေ ပိုမိုများနိုင်တယ်လို့ သုတေသီတွေကပြောပါတယ်။

လေ့လာမှုအတွက် ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီလမှ ၂၀၂၁ ခုနှစ် မေလအတွင်း ရောဂါကူးစက်ခံရသူ လူနာတစ်သန်းကျော်ရဲ့ ကျန်းမာရေးအခြေအနေကို ရောဂါကူးစက်မှုမရှိသူတွေနဲ့ နှိုင်းယှဉ်ပြီး သုတေသနပြုခဲ့ကြတာဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးပြီးနောက်မှာတော့ သွေးခဲမှုဖြစ်ပွားနိုင်ပေမယ့်လည်း ဖြစ်နိုင်ခြေနည်းပါးကြောင်း ဗြိတိန်ရှိ သုတေသီများရဲ့ လေ့လာမှုမှာ တွေ့ရှိထားပြီး ကာကွယ်ဆေးထိုးခြင်းရဲ့အရေးပါပုံကို သုတေသီများ သတိပေးပြောဆိုထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #စတော့ဟုမ်း

Related posts

Leave a Comment

VOM News

FREE
VIEW