မော်လမြိုင်မှာ မိုးရွာလေပြင်းတိုက်ပြီး နေအိမ်အချို့ပျက်စီးကာ လူ၁၅၀ခန့် နေစရာအခက်အခဲဖြစ်နေ

ဧပြီ ၈-၂၀၂၂
KK(VOM)

မော်လမြိုင်မြို့နယ် သာယာအေးရပ်ကွက်မှာ မနေ့ ဧပြီ ၇ရက် ညပိုင်းက မိုးသက်‌လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ပျက်စီးခဲ့ပြီး လူဦးရေ ၁၅၀ ခန့် နေစရာအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သာယာအေးရပ်ကွက် အပိုင် ၁၁/၁၆ မှာ ညနေပိုင်းက မိုးရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်မှု့ကြောင့် လူနေအိမ်သုံးဆယ်နီးပါး ပြိုကျပျက်စီးတာတွေနဲ့ အမိုးလန်ခဲ့လို့ ညဘက်မှာ လူဦးရေ ၁၅၀ခန့်မှာ နေစရာအခက်အခဲဖြစ်ခဲ့တယ်လို့ ပရဟိတအဖွဲ့မှ ကိုဇင်မိုးက VOM ကို ပြောပါတယ်။

“အိမ်လေးလုံး ပြိုသွားတယ် ကျန်တဲ့အိမ်တွေကအမိုးလန်ဘာလန်နဲ့ အားလုံး နေမရ ချက်စားမရတွေဖြစ်ကုန်တယ်၊ ညတွင်းချင်း ထမင်းဟင်းချက်ပြီး သွားပို့ရတယ်”လို့ သူက ပြောပါတယ်။

လေးပြင်းတိုက်ခဲ့တဲ့နေရာကတော့ ကျူးကျော်တွေကို ပြန်လည်နေရာချထားပေးတဲ့ အိမ်တွေလည်းဖြစ်တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

မိုးရွာသွန်းမှုကြောင့် နေအိမ်တွေပျက်စီးကာ ချက်ပြုတ်စားသောက်ဖို့နဲ့ နေစရာအခက်ခဲရှိတဲ့သူတွေဟာ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်း ဆွေမျိုးနီးစပ်အိမ်တွေမှာ နေထိုင်ကြရတယ်လို့ သာယာအေးရပ်ကွက်နေသူတဦးက ပြောပါတယ်။

လက်တလောမှာ နေစရာအခက်အခဲဖြစ်နေတဲ့ လူတစ်ရာကျော်ကို ရပ်ကွက်အာဏာပိုင်အဖွဲ့အစည်းနဲ့ပရဟိတသမားတွေက စားဝတ်နေရေးအတွက် ကူညီပေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိ
ရပါတယ်။

မော်လမြိုင်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက်အများစုမှာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းလို့ ရေကြီးတဲ့ရပ်ကွက်တွေထဲမှာ သာယာအေးရပ်ကွက်လည်း ပါဝင်ပြီး
လူဦးရေရာနဲ့ချီကာ ရေဘေးဒုက္ခကို ခံစားခဲ့ရသေး
တယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မော်လမြိုင် #မိုးရွာလေပြင်းတိုက် #နေစရာခက်ခဲ

Related posts

Leave a Comment

VOM News

FREE
VIEW