နိုင်/ကျဉ်းမပါဘဲ စစ်ကိုင်းတိုင်းမှာ အကျဉ်းသား ၁၂၃ ဦး လွတ်

ဧပြီ ၊ ၁၇-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်းထဲက အကျဥ်းထောင်တွေနဲ့ အလုပ်စခန်းတွေကနေ ဒီကနေ့မနက်ပိုင်းက ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ အကျဥ်းသား ၊ အကျဥ်းသူ ၁၂၃ ဦးရှိတယ်လို့ အကျဥ်းဦးစီး ဌာန အသိုင်းအဝိုင်းက သိရပါတယ်။

” မုံရွာအကျဉ်းထောင်မှ ကျား ၁၁ ဦး၊ ခန္တီးအကျဉ်းထောင်မှ ကျား ၁၅ ဦး၊ ရွှေဘို အကျဉ်း ထောင်မှ ကျား ၁၀ ဦး မ ၁ ဦး စုစုပေါင်း ၁၁ ဦး၊ ကလေးအကျဉ်းထောင်မှ ကျား ၂၅ ဦး မ ၇ ဦး စုစုပေါင်း ၃၂ ဦး၊ ကသာအကျဉ်းထောင်မှ ကျား ၆ ဦး မ ၅ ဦး စုစုပေါင်း ၁၁ ဦး၊ သနန် အကျဉ်းစခန်း(တမူး)မှ ကျား ၉ ဦး၊ မြို့သစ်အကျဉ်းစခန်း(တမူး)မှ ကျား ၁၁ ဦး၊ ဗန္ဓုလ အကျဉ်းစခန်း(တမူး)မှ ကျား ၁၇ ဦး၊ အုတ်ဖိုကန်ဘောင်အကျဉ်းစခန်း (တမူး)မှ ကျား ၆ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ အကျဉ်းထောင် စုစုပေါင်း ၉ ခုမှ အကျဉ်းသားစုစုပေါင်း ၁၂၃ ဦး လွတ်မြောက်ခဲ့တယ်” လို့ စစ်ကိုင်းတိုင်းအကျဥ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံး ၊ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီကနေ့ စစ်ကိုင်းတိုင်းထဲမှာ ပြန်လည်လွတ်မြောက်လာတဲ့ အကျဥ်းသား ၊ အကျဥ်းသူတွေထဲမှာ နိုင်ငံရေးသမားတွေနဲ့ ထင်ပေါ်ကြော်ကြားသူတွေ ပါမလာဘူးလို့ သိရပါတယ်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ကတော့ အကျဉ်းသား/သူ ၁၅၇၇ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #လွတ်ငြိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW