မလေးရှား လ၀ကစခန်းမှ ရိုဟင်ဂျာဒုက္ခသည် ၅၀၀ ကျော် ထွက်ပြေး

ကွာလာလမ်ပူ၊ ဧပြီ-၂၀-၂၀၂၂
မျိုးဆက်(VOM)

မလေးရှားနိုင်ငံရှိ လူ၀င်မှုကြီးကြပ်ရေးစခန်းမှ တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူ ရိုဟင်ဂျာ ၅၀၀ ကျော်ဟာ ဧပြီ ၂၀ ရက်မှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။

ပီနန်မှာရှိတဲ့ Sungai Bakap ယာယီထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားသူတွေထဲ့ ထွက်ပြေးလွတ်မြောက်သွားသူ ၅၂၈ ဦးရှိတယ်လို့ မလေးရှားလူ၀င်မှုကြီးကြပ်ရေးဌာန ညွန်ကြားရေးမှူးချုပ် Khairul Dzaimee Daud ကပြောပါတယ်။

ဒီဖြစ်စဉ်ဟာ ဧပြီ ၂၀ ရက် မနက် ၄ နာရီ မိနစ် ၃၀ မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အခန်းတံခါးတွေနဲ့ အတားအဆီးတွေကို ဖျက်ဆီးပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။

အဲဒီထိန်းသိမ်းရေးစခန်းဟာ ကီဒါပြည်နယ်နဲ့ ပီနန်ပြည်မကြီးအနီးမှာရှိပြီး ယေဘုယျအားဖြင့် တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူတွေကို ထိန်းသိမ်းထားရာနေရာဖြစ်ပါတယ်။

ထိန်းသိမ်းထားတဲ့ ဒုက္ခသည်တွေဟာ နေထိုင်မှုအခြေအနေတွေ ညံ့ဖျင်းတာကြောင့် အခုလိုက်ထွက်ပြေး သွားတာလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ဒီနေ့မနက် ၁၀ နာရီထိ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေထဲက ၃၆၂ ဦးကို ပြန်လည်ဖမ်းမိခဲ့ပြီး ကျန်ရှိနေသူတွေကို ဖမ်းမိရေးအတွက် ရှာဖွေရေးတွေလုပ်နေတယ်လို့ Khairul Dzaimee Daud ကပြောပါတယ်။

Ref: CNA
Photo:AFP
#voiceofmyanmar #VOM #ကွာလာလမ်ပူ

Related posts

VOM News

FREE
VIEW