ပခုက္ကူမြို့ပေါ်က အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြတိုက်ခံရ

ဧပြီ ၊ ၁၉-၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၁ ရပ်ကွက် ၊ ဝိပဿနာလမ်းနဲ့ ဖောင်တော်ဦး ၊ လမ်းတော်ဦးထောင့်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ကို ဒီကနေ့ ၊ နေ့လယ်၂ နာရီဝန်းကျင်က ဓားပြတိုက်ခံခဲ့ရတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီ အိမ်ဆောက်ပစ္စည်းဆိုင်နဲ့ နီးစပ်သူ တယောက်က ” အိမ်ဆောက်ပစ္စည်းဆိုင်ထဲကို သေနတ်သမား ၆ ဦး ဝင်လာပြီး ဆိုင်ဝန်ထမ်းတွေရဲ့လက်ကိုင်ဖုန်းတွေကို အရင်ဆုံး သိမ်းယူတယ် ၊ ဖုန်း ၅ လုံးနဲ့ ပိုက်ဆံ သိန်း ၂၅၀ ပါသွားတာ ” လို့ ပြောပါတယ်။

ဓားပြတိုက်ခံရတယ်ဆိုတဲ့ အိမ်ဆောက်ပစ္စည်းအရောင်ဆိုင်ဟာ ဟိန်းစည် ဆောက်လုပ်ရေးပစ္စည်းဆိုင်ဖြစ်တယ်လို့ အမှတ် ၁ ရပ်ကွက်နေသူတွေကပြောပါတယ်။

အိမ်ဆောက်ပစ္စည်းအရောင်ဆိုင်ဟာ အရင်က ပခုက္ကူခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌရဲ့သမီးပိုင်ဆိုင်တာဖြစ်တယ်လို့လည်း ပခုက္ကူမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #အိမ်ဆောင်ပစ္စည်းဆိုင် #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW