သရုပ်ဆောင်လူရွှင်တော် ကောင်းကျော် ဖမ်းဆီးခံရ

ဧပြီ ၂၀-၂၀၂၂
KK(VOM)

သရုပ်ဆောင်လူရွှင်တော် ကောင်းကျော်ကို မနေ့ဧပြီ၁၉ရက် ညပိုင်းက သူနေထိုင်ရာ သာကေတမြို့နယ်ရှိ နေအိမ်မှာ ဖမ်းဆီးခံရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

သာကေတမြို့နယ်၊ ၈ ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းမှာနေတဲ့ ရုပ်ရှင်သရုပ်ဆောင်လူရွှင်တော် ကောင်းကျော်ကို မနေ့ ည ၁၀ ကျော် စစ်တပ်၊ ရဲ အပါအဝင် အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဇနီးဖြစ်သူမယဥ်ယဥ်ဦးက VOM ကို ပြောပါတယ်။

“သူကို ဘယ်ကလာဖမ်းလဲတော့ မသိဘူး၊ သာကေတမှာပဲ လာဖမ်းတာ၊ စစ်တပ်တွေ ရဲတွေ အများကြီးပဲ မနေ့ည ၁၀ နာရီကျော်က လာဖမ်းတာ”လို့ မယဥ်ယဥ်ဦးက ရှင်းပြပါတယ်။

လက်တလောမှာ လူရွှင်တော်ကောင်းကျော်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရတဲ့အတွက် မိသားစုဝင်တွေက စိတ်ပူနေတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

အနုပညာရှင်တဦးကလည်း”ဟန်ငြိမ်းဦး တယ်လီဂရမ်ကနေ မဖမ်းသေးဘူးလားဆိုပြီး လိပ်စာအတိအကျနဲ့တင်နေတာ၊ မကြာဘူး အဖမ်းခံရတာပဲ”လို ပြောပါတယ်။

အခုလိုဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ရဲအသိုင်းအဝိုင်းနဲ့နီးစပ်သူတဦးပြောကတော့”ဟားငါးကောင်ကိစွနဲ့ ခေါ်စစ်နေတာပါ၊ ဘယ်မှာထိန်းသိမ်းထားလဲ မသိဘူး”လို့ ပြောပါတယ်။

ရုပ်ရှင်သရုပ်ဆောင်လူရွှင်တော်ကောင်းကျော်ဟာ တစ်ချိန်က ပရိတ်သတ်ကြားမှာ ရေပန်းစားခဲ့တဲ့ ငြိမ်းချမ်း၊ရှဲဒိုး၊ဝိုင်းချစ်၊ထက်ထက်၊ကောင်းကျော် စတဲ့ လူရွှင်တော်ငါးဦးနဲ့ဖွဲ့စည်းထားတဲ့ ရွှေညီကိုအငြိမ့်အဖွဲ့မှာ ပါဝင်သူတစ်ဦးလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၄ ရက်ကလည်း တောင်ဒဂုံမြို့နယ်၊ ၁၈ရပ်ကွက်မှာ သရုပ်ဆောင်လူရွှင်တော် ဆင်မ(ခ)ဇော်မင်းထိုက်လည်း ဖမ်းဆီးခံထားရပြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #သရုပ်ဆောင်လူရွှင်တော်ကောင်းကျော် #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW