ကိုးတောင်ဘို့ဒေသက စစ်ဘေးရှောင်တွေ မြွေဆိပ်ဖြေဆေး လိုအပ်နေ

ဧပြီ ၂၂-၂၀၂၂
VOM (GG)

စစ်ကိုင်းတိုင်း ၊ကန့်ဘလူမြိုနယ်၊ ကိုးတောင်ဘို့ဒေသက စစ်ဘေးရှောင်တွေဟာ မြေကိုက်ခံရတာတွေရှိနေတာကြောင့် မြွေဆိပ်ဖြေဆေးလိုအပ်နေတယ်လို့ သိရပါတယ် ။

လက်ရှိ တောတောင်၊လယ်ကွင်းတွေထဲမှာနေထိုင်ရင်းမြွေပွေးကိုက်ခံရသူ(၅)ဦးထိရှိနေပြီး သိုလှောင်ထားတဲ့ မြွေဆိပ်ဖြေဆေးအနည်းငယ်နဲ့ ကုသပေးမှုတွေကြောင့် အသက်မဆုံးရှုံးရသေးပေမယ့် မြွေဆိပ်ဖြေဆေးမရှိတော့တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

မြန်မာမြွေဆိပ်ဖြေဆေး(VPI)ကို ဝယ်ယူဖို့ကလည်း မလွယ်ကူတဲ့အထိ ရှားပါးနေတာကြောင့် မြွေဆိပ်ဖြေဆေးလှူဒါန်းပေးမယ့်သူ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကိုကူညီနေသူတွေဆီက သိရပါတယ်။

” ဆေး တန်ဖိုးက ၈၀၀၀၀ လောက်ရှိလို့ ဝယ်ဖို့က အဆင်မပြေဘူးလို့ကြားတယ်၊တောင်ထဲစစ်ဘေးရှောင်ရင်း မြွေအန္တရာယ်နဲ့ ရင်ဆိုင်နေရတာ၊တချို့လည်း ရွာထဲကို အရဲစွန့်ပြန်လာလိုက် လက်နက်သံကြားတော့ ပြန်ပြေးလိုက်ကြနဲ့လို့ ကြားရတယ်၊ ” လို့ ကန့်ဘလူဒေသခံတဦးကပြောပါတယ်။

ကိုးတောင်ဘို့အုပ်စုမှာ လက်ရှိအထိ နေ့တိုင်း လက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေရှိနေတာကြောင့် နေရပ်မပြန်နိုင်ဘဲ တောတောင်တွေထဲမှာ ဖြစ်သလိုနေရင်း မြွေပွေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်လို့ သိရပါတယ်။

လက်ရှိမှာ ကိုးတောင်ဘို့ရွာမ၊ကွက်သစ်၊ပိတောက်ခုံ၊ကျွန်းကုန်း၊ပေါက်ကုန်း၊ကိုင်းမ၊လျော်ဖြူကုန်း၊ဇီးကနား၊နှောကုန်း၊ချပ်ကုန်း၊မိဿလင်ကုန်းနဲ့ရှားချောင်းကျေးရွာတွေအပါအဝင် အနီးအနားကျေးရွာ(၁၂)ရွာကပြည်သူ(၂၀၀၀၀)ကျော်လောက်ဟာ နေရပ်စွန့်ခွါပြီး တောတောင်တွေထဲမှာ တဲထိုးနေကြရတာဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ကန့်ဘလူ #ကိုးတောင်ဘို့ #စစ်ရှောင် #မြွေဆိပ်ဖြေဆေး

Related posts

Leave a Comment

VOM News

FREE
VIEW