ဒုဗိုလ်မှူးကြီး(ငြိမ်း)အောင်မြင်သူ ဖမ်းဆီးခံရပြီး စစ်ကြောရေးရောက်နေ

ဧပြီ ၂၂-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက်၊ မင်းရဲကျော်စွာ ၉ လမ်းမှာနေထိုင်တဲ့ ဒုဗိုလ်မှူးကြီး(ငြိမ်း)အောင်မြင်သူကို မနေ့ဧပြီ၂၁ရက် ညပိုင်းက စစ်တပ်နဲ့ရဲတွေက လာရောက်ဖမ်းဆီးပြီး အောင်သပြေစစ်ကြောရေးစခန်းကို ပို့လိုက်ပြီလို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။ ရဲအသိုင်းအဝိုင်းနဲ့နီးစပ်သူတဦးက”ညကတည်းက အောင်သပြေစစ်ကြောရေးစခန်းကို ပို့လိုက်တာ ရဲစခန်းမှာမရှိဘူး”လို့ ပြောပါတယ်။ ဒုဗိုလ်မှူးကြီး(အငြိမ်းစား)အောင်မြင်သူကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဆူပူလှုံဆော်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။ “သူက စစ်တပ်ကို ဝေဖန်တာတွေများတယ်၊ သူ့ကို ဖမ်းမယ်ဆိုတာ သိလို့ကြိုအသိပေးထားသေးတယ်”လို့ သူကပြောပါတယ်။ အငြိမ်းစားဒုဗိုလ်မှူးကြီးကို လာရောက်ဖမ်းဆီးရာမှာ စစ်တပ်၊ရဲ အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးတာဖြစ်ပြီး အခြားလမ်းတွေကိုပါ စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ အဆိုပါရပ်ကွက်နေသူတဦးက ပြောပါတယ်။ “သူပဲလား သူမိသားစုဝင်ရောလားတော့မသိဘူး၊ ဖမ်းသွားတာကတော့ ညကတည်းက ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာတော့”မသိဘူး”လို့ ပြောပါတယ်။ ဒီလိုဖမ်းဆီးခဲ့တာနဲ့ပတ်သတ်ပြီး လက်တလောမှာ ဒု-ဗိုလ်မှူးကြီးအောင်မြင်သူ(ငြိမ်း)ကို ဘယ်ပုဒ်မနဲ့ ဖမ်းဆီးခဲ့တယ်ဆိုတာက်ုတော့ VOM သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိူင်ခြင်းမရှိသေးပါဘူး။…

Read More

မဟာမြိုင်ကားလမ်းမှာ ကုန်ကား၁စီး ဓားပြတိုက်ခံခဲ့ရတယ်လို့ ကားသမားတွေပြော

ဧပြီ ၊ ၂၂-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ်၊ ပျဥ်းကိုင်းကျေးရွာအနီး ၊ မုံရွာ – တန့်ဆည် – ကလေးဝ မဟာမြိုင်ကားလမ်းမှာ မနေ့ ဧပြီ၂၁ရက် နေ့လယ်ပိုင်းက ကုန်ကားတစ်စီး ဓားပြတိုက်ခံခဲ့ရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ဓားပြတိုက်ခံရတဲ့ကားက ၁၂ ဘီးကုန်တင်ကားဖြစ်တယ် ၊ မော်လိုက်မြို့နယ် ၊ ကင်းတပ်ရွာဘက်က ကားဖြစ်တယ် ၊ မုံရွာကနေ ကုန်တွေနဲ့ တက်လာတာ ” လို့ ကားသမားတယောက်က ပြောပါတယ်။ မုံရွာ-ကလေးဝ-မော်လိုက်-ဖောင်းပြင်-ဟုမ္မလင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တဦးက ” ပျဥ်းကိုင်းရွာနဲ့ ၇ မိုင်အလိုမှာ ဓားပြတိုက်ခံရတာပါ ၊ လူသုံးကုန်နဲ့ စားသုံးကုန်ပစ္စည်း ကာလတန်ဘိုး သိန်း ၁ ထောင်လောက်ရှိတယ် ၊ ဓားပြက လူ အယောက်…

Read More

ရုရှားတပ်တွေကြောင့် မာရီယူပိုလ်မြို့ရှိ လူအားလုံး ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ မြို့တော်ဝန် တိုက်တွန်း

ကိယက်ဗ်၊ ဧပြီ ၂၂-၂၀၂၂ မျိုးဆက်(VOM) ရုရှားတပ်တွေ နေရာအများစု ထိန်းချုပ်လာတာကြောင့် ယူကရိန်းနိုင်ငံ မာရီယူပိုလ်မြို့ကလူအားလုံး ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ မြို့တော်ဝန်က ဧပြီ၂၂ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ အဲဒီမြို့ရဲ့ နေရာအတော်များများကို ရုရှားတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သမ္မတ ဗလာဒီမာပူတင်က အခိုင်အမာ ပြောဆိုထားပါတယ်။ မိမိတို့လုပ်ဖို့ တခုတည်းသောလိုအပ်နေတာကတော့ လူအားလုံးဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ ဖြစ်တယ်လို့ မြို့တော်ဝန် Vadym Boychenko ကပြောပါတယ်။ မြို့မှာ လူတစ်သိန်းလောက် ရှိနေသေးတယ်လို့ သူကဆိုပါတယ်။ လက်ရှိမှာတော့ မြို့အရှေ့တောင်ဘက်မှာရှိတဲ့ သံမဏိစက်ရုံအကြီးကြီးတခုမှာ ယူကရိန်းတိုက်ခိုက်ရေးသမားတွေ ခိုအောင်းနေကြပါတယ်။ အဲဒီစက်ရုံထဲကို ဝင်ပြီးတိုက်ခိုက်မယ့်အစား ဝိုင်းပြီးပိတ်ဆို့ထားဖို့နဲ့ ယင်တကောင် မလွတ်စေဖို့ ရုရှားတပ်တွေကို ပူတင်က အမိန့်ထုတ်ထားပါတယ်။ Ref:BBC Photo:Reuters #voiceofmyanmar #vom #ကိယက်ဗ်

Read More

မေတ္တာမိုး၊သွန်းဖြိုးစွေကာရွာ

ဆူးငှက် မန္တလေးမြို့ မြို့မတူရိယာအသင်း၏ နတ်နေကိုင်းများဖြစ်ပြီး ဂီတထီးချက်စောင့် နတ်သားကြီးများဟု တင်စားခံခဲ့ကြရသော ရှေးရှေးကဆရာကြီးများသည် သီချင်းရေးစပ်ခြင်း ဂီတအလုပ်သာမက အသင်းကောင်းရာကောင်းကျိုးအတွက် ဆုံးမစကားများကိုပင် သီချင်းများ၌ ထည့်သွင်းရေးစပ်ပေးခဲ့ကြသည်။ အသင်းသားများက သီချင်းများနှင့် ပတ်သက်ပြီး သူတို့ မှတ်မိရာ သင်္ကေတများနှင့် မှတ်သားလေ့ ရှိကြသည်။ ဥပမာ- အာစရိ (၁)၊(၂)ဟုခါ်လေ့ရှိသည့် သီချင်းများသည် ဆရာမြို့မငြိမ်းရးစပ်ခဲ့သော သီချင်းများဖြစ်သည်။ ထိုသီချင်းများက မေတ္တာပို့သီချင်းများဖြစ်ပါ၏။ မေတ္တာပို့ သီချင်းများတွင် “မင်းတို့ မြို့မအသင်းသားတွေ ကိုယ့်ကျေးဇူးရှင် ပရိသတ်ကြီးကို ဘယ်လိုမေတ္တာပို့ရတယ်၊ ကိုယ့်ကိုကြည့်ရှုစောင်မ အားပေးတဲ့ ပရိသတ်ကြီးရဲ့ဆန္ဒနဲ့ လိုလားချက်ကို ဆန့်ကျင်ဖို့မထားနဲ့ လျစ်လျူတောင် မပြုရဘူး၊ ပရိသတ်နဲ့ ဆန့်ကျင်ဘက် မဖြစ်ရဘူး” ဆိုသည်များကို လမ်းညွှန်ထားခြင်းဖြစ်သည်။ ထိုမျှမက လူသားအချင်းချင်း ဘယ်လိုဘယ်သို့ နေထိုင်ဆက်ဆံရမယ် ဆိုတာမျိုးတွေကိုလည်း သီချင်းများတစ်ဆင့် သြဝါဒပေးထားသည်။ အသင်းအနေဖြင့် ဆက်ဆံရေးကောင်းမွန် သဘောမနောကောင်းပြီး အားလုံးအပေါ်မှာ…

Read More

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထိပ်တိုက်လာရောက်ဆွေးနွေးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ခေါ်

ဧပြီ ၂၂-၂၀၂၂ KT(VOM) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်ဒရေးနဲ့ပတ်သက်ပြီး ထိပ်တိုက်လာရောက်ဆွေးနွေးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ နေ့လယ်ပိုင်းကပဲ နိုင်ငံပိုင်သတင်းဌာနကနေ မိန့်ခွန်းပြောပြီး ဖိတ်ခေါ်လိုက်ပါတယ်။ “ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ် ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင် များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင် တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုများ ပြုလုပ်သွားပါမယ်”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။ လိုအပ်ရင်လည်း ထပ်မံဆွေးနွေးမှုတွေကို ပြုလုပ်သွားပါဖြစ်ပြီး ဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးရဲ့ ခေါင်းဆောင်များကိုယ်တိုင်နဲ့ အဖွဲ့ဝင် ၂ ဦးစီ တက်ရောက်ပေးကြဖို့နဲ့ တက်ရောက်မယ့်သူပုဂ္ဂိုလ်များရဲ့အမည်ကို ၂၀၂၂ ခုနှစ် မေလ…

Read More

ကိုးတောင်ဘို့ဒေသက စစ်ဘေးရှောင်တွေ မြွေဆိပ်ဖြေဆေး လိုအပ်နေ

ဧပြီ ၂၂-၂၀၂၂ VOM (GG) စစ်ကိုင်းတိုင်း ၊ကန့်ဘလူမြိုနယ်၊ ကိုးတောင်ဘို့ဒေသက စစ်ဘေးရှောင်တွေဟာ မြေကိုက်ခံရတာတွေရှိနေတာကြောင့် မြွေဆိပ်ဖြေဆေးလိုအပ်နေတယ်လို့ သိရပါတယ် ။ လက်ရှိ တောတောင်၊လယ်ကွင်းတွေထဲမှာနေထိုင်ရင်းမြွေပွေးကိုက်ခံရသူ(၅)ဦးထိရှိနေပြီး သိုလှောင်ထားတဲ့ မြွေဆိပ်ဖြေဆေးအနည်းငယ်နဲ့ ကုသပေးမှုတွေကြောင့် အသက်မဆုံးရှုံးရသေးပေမယ့် မြွေဆိပ်ဖြေဆေးမရှိတော့တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ မြန်မာမြွေဆိပ်ဖြေဆေး(VPI)ကို ဝယ်ယူဖို့ကလည်း မလွယ်ကူတဲ့အထိ ရှားပါးနေတာကြောင့် မြွေဆိပ်ဖြေဆေးလှူဒါန်းပေးမယ့်သူ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကိုကူညီနေသူတွေဆီက သိရပါတယ်။ ” ဆေး တန်ဖိုးက ၈၀၀၀၀ လောက်ရှိလို့ ဝယ်ဖို့က အဆင်မပြေဘူးလို့ကြားတယ်၊တောင်ထဲစစ်ဘေးရှောင်ရင်း မြွေအန္တရာယ်နဲ့ ရင်ဆိုင်နေရတာ၊တချို့လည်း ရွာထဲကို အရဲစွန့်ပြန်လာလိုက် လက်နက်သံကြားတော့ ပြန်ပြေးလိုက်ကြနဲ့လို့ ကြားရတယ်၊ ” လို့ ကန့်ဘလူဒေသခံတဦးကပြောပါတယ်။ ကိုးတောင်ဘို့အုပ်စုမှာ လက်ရှိအထိ နေ့တိုင်း လက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေရှိနေတာကြောင့် နေရပ်မပြန်နိုင်ဘဲ တောတောင်တွေထဲမှာ ဖြစ်သလိုနေရင်း မြွေပွေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်လို့ သိရပါတယ်။ လက်ရှိမှာ ကိုးတောင်ဘို့ရွာမ၊ကွက်သစ်၊ပိတောက်ခုံ၊ကျွန်းကုန်း၊ပေါက်ကုန်း၊ကိုင်းမ၊လျော်ဖြူကုန်း၊ဇီးကနား၊နှောကုန်း၊ချပ်ကုန်း၊မိဿလင်ကုန်းနဲ့ရှားချောင်းကျေးရွာတွေအပါအဝင် အနီးအနားကျေးရွာ(၁၂)ရွာကပြည်သူ(၂၀၀၀၀)ကျော်လောက်ဟာ…

Read More

ကိုဗစ်ကာကွယ်ဆေးထိုးထားခြင်းမရှိသူဆီက ရောဂါ တဆင့်ပြန့်ပွားရင် ဘေးစီမံဥပဒေနဲ့ အရေးယူမယ်

ဧပြီ ၂၂-၂၀၂၂ VOM (GG) ကိုဗစ်ကာကွယ်ဆေး တကြိမ်တခါမှ ထိုးနှံထားခြင်း မရှိတဲ့သူတွေကြောင့် ရောဂါကူးစက်ခံရပြီး ရောဂါကူးစက်ပြန့်ပွားမှုဖြစ်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ပေါင်းတည်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက အသိပေးပြောဆိုလိုက်ပါတယ်။ ဒါ့ကြောင့် အခုချိန်အထိ ကိုဗစ်ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူတွေအနေနဲ့ ကြည်ဖြူစွာလက်ခံထိုးနှံဖို့လိုအပ်ကြောင်း၊ ပေါင်းတည်မြို့အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှုံခြင်းကို ဒီနေ့ ဧပြီ လ၂၂ ရက်နေ့ကနေ လကုန်အထိ မြို့အဝင် ၊ မြို့ထွက် နေရာ ၄ခုမှာ ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။ ” ဆေးမထိုးတဲ့သူတွေရှိတယ်၊အဲ့ဒါကြောင့် အခုလိုစာထုတ်အသိပေးတာဖြစ်မယ်။ ကျနော်တို့ကတော့ ၂ကြိမ်ထိုးပြီးပြီ၊ ကာကွယ်ဆေးဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အနည်းအကျဉ်းတော့ ကာကွယ်မှုပေးမယ်ထင်လို့ ထိုးလိုက်တယ်။ နောက်ထပ်တော့ထပ်မထိုးဖြစ်ဘူး။ ” လို့ ပေါင်းတည်မြို့ဒေသခံတဦးကပြောပါတယ်။ ပေါင်းတည်မြို့မှာ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဒီလဧပြီလကုန် ၃၀ ရက်နေ့ နောက်ဆုံးထား ထိုးနှံပေးမှာဖြစ်ပြီး အသက်၁၅ နှစ် နဲ့ ၁၈နှစ်ကြား၊အသက်၁၈နှစ်အထက်အားလုံး ထိုးနှံရမှာဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးတဲ့ သက်သေခံလက်မှတ်…

Read More
VOM News

FREE
VIEW