ဒုဗိုလ်မှူးကြီး(ငြိမ်း)အောင်မြင်သူ ဖမ်းဆီးခံရပြီး စစ်ကြောရေးရောက်နေ

ဧပြီ ၂၂-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက်၊ မင်းရဲကျော်စွာ ၉ လမ်းမှာနေထိုင်တဲ့ ဒုဗိုလ်မှူးကြီး(ငြိမ်း)အောင်မြင်သူကို မနေ့ဧပြီ၂၁ရက် ညပိုင်းက စစ်တပ်နဲ့ရဲတွေက လာရောက်ဖမ်းဆီးပြီး အောင်သပြေစစ်ကြောရေးစခန်းကို ပို့လိုက်ပြီလို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။

ရဲအသိုင်းအဝိုင်းနဲ့နီးစပ်သူတဦးက”ညကတည်းက အောင်သပြေစစ်ကြောရေးစခန်းကို ပို့လိုက်တာ ရဲစခန်းမှာမရှိဘူး”လို့ ပြောပါတယ်။

ဒုဗိုလ်မှူးကြီး(အငြိမ်းစား)အောင်မြင်သူကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဆူပူလှုံဆော်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

“သူက စစ်တပ်ကို ဝေဖန်တာတွေများတယ်၊ သူ့ကို ဖမ်းမယ်ဆိုတာ သိလို့ကြိုအသိပေးထားသေးတယ်”လို့ သူကပြောပါတယ်။

အငြိမ်းစားဒုဗိုလ်မှူးကြီးကို လာရောက်ဖမ်းဆီးရာမှာ စစ်တပ်၊ရဲ အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးတာဖြစ်ပြီး အခြားလမ်းတွေကိုပါ စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ အဆိုပါရပ်ကွက်နေသူတဦးက ပြောပါတယ်။

“သူပဲလား သူမိသားစုဝင်ရောလားတော့မသိဘူး၊ ဖမ်းသွားတာကတော့ ညကတည်းက ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာတော့”မသိဘူး”လို့ ပြောပါတယ်။

ဒီလိုဖမ်းဆီးခဲ့တာနဲ့ပတ်သတ်ပြီး လက်တလောမှာ ဒု-ဗိုလ်မှူးကြီးအောင်မြင်သူ(ငြိမ်း)ကို ဘယ်ပုဒ်မနဲ့ ဖမ်းဆီးခဲ့တယ်ဆိုတာက်ုတော့ VOM သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိူင်ခြင်းမရှိသေးပါဘူး။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဒု-ဗိုလ်မှူးကြီးအောင်မြင်သူ(ငြိမ်း)မှာ နိူင်ငံရေး၊စစ်ရေး လေ့လာသုံးသပ်တဲ့ ဆောင်းပါးတွေကို သတင်းစာ၊ဂျာနယ်တွေမှာ ရေးသားနေသူတစ်ဦးလည်းဖြစ်ပါတယ်။

အင်းစိန် CIDက ဒုရဲမှုးကြီးဇော်ဝင်းကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖမ်းဆီးပြီး မတ်လပိုင်းမှာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်ဒဏ်(၃)နှစ်ချမှတ်ခဲ့တဲ့ ဖြစ်စဥ်လည်းရှိပါတယ်။

#voiceofmyanmar #VOM #ဒုဗိုလ်မှူးကြီး(ငြိမ်း)အောင်မြင်သူ #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW