ရုရှားတပ်တွေကြောင့် မာရီယူပိုလ်မြို့ရှိ လူအားလုံး ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ မြို့တော်ဝန် တိုက်တွန်း

ကိယက်ဗ်၊ ဧပြီ ၂၂-၂၀၂၂
မျိုးဆက်(VOM)

ရုရှားတပ်တွေ နေရာအများစု ထိန်းချုပ်လာတာကြောင့် ယူကရိန်းနိုင်ငံ မာရီယူပိုလ်မြို့ကလူအားလုံး ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ မြို့တော်ဝန်က ဧပြီ၂၂ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

အဲဒီမြို့ရဲ့ နေရာအတော်များများကို ရုရှားတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သမ္မတ ဗလာဒီမာပူတင်က အခိုင်အမာ ပြောဆိုထားပါတယ်။

မိမိတို့လုပ်ဖို့ တခုတည်းသောလိုအပ်နေတာကတော့ လူအားလုံးဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ ဖြစ်တယ်လို့ မြို့တော်ဝန် Vadym Boychenko ကပြောပါတယ်။

မြို့မှာ လူတစ်သိန်းလောက် ရှိနေသေးတယ်လို့ သူကဆိုပါတယ်။ လက်ရှိမှာတော့ မြို့အရှေ့တောင်ဘက်မှာရှိတဲ့ သံမဏိစက်ရုံအကြီးကြီးတခုမှာ ယူကရိန်းတိုက်ခိုက်ရေးသမားတွေ ခိုအောင်းနေကြပါတယ်။

အဲဒီစက်ရုံထဲကို ဝင်ပြီးတိုက်ခိုက်မယ့်အစား ဝိုင်းပြီးပိတ်ဆို့ထားဖို့နဲ့ ယင်တကောင် မလွတ်စေဖို့ ရုရှားတပ်တွေကို ပူတင်က အမိန့်ထုတ်ထားပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #vom #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW