တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထိပ်တိုက်လာရောက်ဆွေးနွေးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ခေါ်

ဧပြီ ၂၂-၂၀၂၂
KT(VOM)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်ဒရေးနဲ့ပတ်သက်ပြီး ထိပ်တိုက်လာရောက်ဆွေးနွေးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ နေ့လယ်ပိုင်းကပဲ နိုင်ငံပိုင်သတင်းဌာနကနေ မိန့်ခွန်းပြောပြီး ဖိတ်ခေါ်လိုက်ပါတယ်။

“ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ် ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင် များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင် တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုများ ပြုလုပ်သွားပါမယ်”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။

လိုအပ်ရင်လည်း ထပ်မံဆွေးနွေးမှုတွေကို ပြုလုပ်သွားပါဖြစ်ပြီး ဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးရဲ့ ခေါင်းဆောင်များကိုယ်တိုင်နဲ့ အဖွဲ့ဝင် ၂ ဦးစီ တက်ရောက်ပေးကြဖို့နဲ့ တက်ရောက်မယ့်သူပုဂ္ဂိုလ်များရဲ့အမည်ကို ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားပေးဖို့အတွက်လည်း မိန့်ခွန်းထဲမှာ ပြောကြားထားတာဖြစ်ပါတယ်။

အဲ့ဒီဆွေးနွေးပွဲတက်ရောက်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လုံခြုံရေးက်ုလည်း အပြည့်အဝ တာဝန်ယူပါတယ်လို့ နစကသတင်းထုတ်ပြန်ရေးက ပြောဆိုထားပါတယ်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ်ဇော်မင်းထွန်းက “ကျွန်တော်တို့အနေနဲ့ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ခေါင်းဆောင်အားလုံးကိုပြောချင်တာကတော့ ငြိမ်းချမ်းရေးအတွက် လာရောက်ဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေအားလုံးရဲ့လုံခြုံရေးကိုအပြည့်အဝ အာမခံပါတယ်။ပြည်တွင်းမည်သည့်နေရာမှာမဆို သူတို့ကိုလာရောက်ကြိုဆိုပေးပါလို့ပြောတဲ့နေရာကို ကျွန်တော်တို့က လုံခြုံရေးအာမခံချက်အပြည့်နဲ့ကြိုဆိုပေးမှာဖြစ်ပါတယ်။သွားရေး၊လာရေးစီစဥ်ပေးမယ်၊လုံခြုံရေးအပြည့်အဝအာမခံကြောင်း ပြောလိုပါတယ်၊ ငြိမ်းချမ်းရေးရယူလိုတဲ့စစ်မှန်တဲ့စိတ်ဓာတ်နဲ့ရိုးသားပွင့်လင်းစွာ…ဆွေးနွေးမှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုရှေ့ရှုပြီးတော့ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်းကျွန်တော်တို့က လက်ကမ်းကြိုဆိုလျှက်ရှိပါတယ်”လို့ ပြောပါတယ်။

#voiceofmyanmar #VOM #ငြိမ်းချမ်းရေး #ဆွေးနွေးပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW