ရေငုပ်သင်္ဘောပေါ်မှ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ တောင်ကိုရီးယား စမ်းသပ်ပစ်ခတ်

ဆိုးလ်၊ ဧပြီ-၂၃-၂၀၂၂ မျိုးဆက်(VOM) တောင်ကိုရီးယားဟာ ရေငုပ်သင်္ဘောပေါ်မှ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ယခုသီတင်းပတ်အတွင်းက အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီ ပဲ့ထိန်းဒုံးကျည်တွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ခြင်းမရှိပါဘူး။ တန် ၃၀၀၀ အလေးချိန်ရှိတဲ့ ရေငုပ်သင်္ဘောတစ်စင်းပေါ်မှ ဧပြီ ၁၈ ရက်မှာ ဒုံးကျည်နှစ်စင်းကို ပစ်ခတ်ခဲ့ပြီး ကီလိုမီတာ ၄၀၀ အကွာ ပင်လယ်ပြင်အတွင်းရှိ ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း တောင်ကိုရီးယား သတင်းဌာနတွေက ဖော်ပြထားပါတယ်။ တောင်ကိုရီးယားဟာ ရေငုပ်သင်္ဘောပေါ်မှ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကို လွန်ခဲ့တဲ့နှစ် စက်တင်ဘာလမှာ ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ပြီးနောက် ယခုပစ်ခတ်မှုကတော့ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဒုံးကျည်တွေပစ်ခတ်စမ်းသပ်မှု အောင်မြင်တာဟာ နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည် ဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူဖြစ်စေပြီး စစ်ဆင်ရေးတွေမှာ အဲဒီဒုံးကျည်တွေကို ဖြန့်ကြက်သွားဖို့ မျှော်လင့်ထားကြောင်း တောင်ကိုရီးယားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: NHK…

Read More

မြန်မာ့ပြောင်းဆန်တွေကို တရုတ်နိုင်ငံရဲ့၀ယ်ယူမှု မြင့်တက်နေ

ပေကျင်း၊ ဧပြီ-၂၃-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံက ပြောင်းဆန်တွေကို တရုတ်နိုင်ငံရဲ့၀ယ်ယူမှုဟာ မတ်လအတွင်းက မြင့်တက်ခဲ့ကြောင်း ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်တဲ့ တရုတ်အကောက်ခွန်အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ကမ္ဘာပေါ်မှာ ပြောင်းတင်သွင်းမှုအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ မတ်လအတွင်း မြန်မာနိုင်ငံက ပြောင်းဆန် ၁၆၄၀၈ တန်တင်သွင်းခဲ့ပြီး ယခင်နှစ်က၀ယ်ယူခဲ့တဲ့ တန်ချိန် ၂၅၃၀ ထက် ၆၄၀ ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန်အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက ပြောင်းတင်သွင်းမှုကို ဖေဖော်ဝါရီလအတွင်းက ပြန်လည် ခွင့်ပြုခဲ့ တာဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်းမှာ အဝါရောင်ပြောင်းဆန် ၂ ဒသမ ၄၅ သန်း ထုတ်လုပ်ခဲ့တဲ့ မြန်မာနိုင်ငံကနေ ပြောင်းဆန် ၇၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ၀ယ်ယူခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ ယူကရိန်းဆီကနေလည်း ပြောင်းဆန်း၀ယ်ယူမှုဟာ မတ်လအတွင်း ၆၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး…

Read More

တမူးမြို့ပြည်သူ့ဆေးရုံမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့

ဧပြီ ၊ ၂၃-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ တမူးမြို့ ၊ မြို့နယ်ပြည်သူ့ဆေးရုံထဲမှာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပေါ်ခဲ့တယ်လို့ တမူးမြို့မရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။ ” ဆေးရုံဝန်းထဲက ရုံးအဆောက်အဦးတစ်လုံး မီးလောင်တာပါ ၊ ဒီမနက် ၈ နာရီမှာ အလုံးစုံ မီးငြိမ်သတ်နိုင်ပါပြီ ၊ မီးစတင်လောင်ကျွမ်းရတဲ့ အဓိကအချက်ကတော့ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ဖို့များတယ် ” လို့ တမူးမြို့နယ် မီးသတ်ဦးစီးဌာနရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ မီးလောင်ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေရဲ့ခန့်မှန်းတန်ဖိုးကိုတော့ စီစစ်တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ တမူးမြို့ဟာ မြန်မာ-အိန္ဒိယ ၂ နိုင်ငံနယ်စပ်မှာ တည်ရှိပြီး မကြာခဏ ထိတွေ့တိုက်ပွဲငယ်တွေဖြစ်ပွားပြီး လူနေအဆောက်အဦးတွေနဲ့ ရုံးဌာနအဆောက်အဦးတချို့ မီးလောင်တတ်လေ့ရှိတယ်လို့ တမူးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ #voiceofmyanmar #VOM #တမူး #ဆေးရုံ #မီးလောင်မှု

Read More

ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ကုလအကြီးအကဲနဲ့ ရုရှား၊ ယူကရိန်းသမ္မတတို့ တွေ့ဆုံဆွေးနွေးမယ်

ကုလသမဂ္ဂ၊ ဧပြီ-၂၃-၂၀၂၂ မျိုးဆက်(VOM) ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇီလန်စကီးတို့နဲ့ လာမယ့်သီတင်းပတ်မှာ တွေ့ဖို့ စီစဉ်ထားပါတယ်။ ကုလသမဂ္ဂအကြီးအကဲဟာ ဧပြီ ၂၆ ရက်မှာ ရုရှားနိုင်ငံကို သွားရောက်မှာဖြစ်ပြီး မော်စကိုမှာ ရုရှားသမ္မတ ပူတင်၊ နိုင်ငံခြားရေး၀န်ကြီး ဆာဂီလပ်ရော့ဗ်တို့နဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ယူကရိန်းသမ္မတ ဇီလန်စကီး၊ နိုင်ငံခြားရေး၀န်ကြီး ဒီမီထရိုကူလီဘာတို့နဲ့ တွေ့ဆုံဖို့ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ဧပြီ ၂၈ ရက်မှာ သွားရောက်ဖို့ရှိနေပါတယ်။ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပဋိပက္ခကြား၀င်စေ့စပ်ရေးမှာ ပိုမိုတက်ကြွစွာပါ၀င်ပေးဖို့ ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်အပေါ် မကြာသေးမီက ဖိအားတွေ တိုးလာခဲ့့ပါတယ်။ ယူကရိန်းမှာ ငြိမ်းချမ်းရေးရရှိဖို့တွက် အရေးတကြီးဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ ရုရှားနဲ့ ယူကရိန်း သမ္မတတို့ဆီကို ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ကတဆင့်ပေးပို့တဲ့စာမှာ ကုလသမဂ္ဂအကြီးအကဲက တိုက်တွန်းထားပါတယ်။ Ref: BBC Photo:Getty…

Read More

အာဖဂန်မှာ TikTok နဲ့ PUBG ကို ပိတ်ပင်ကြောင်း တာလီဘန်အဖွဲ့ အမိန့်ထုတ်

ကဘူးလ်၊ ဧပြီ-၂၃-၂၀၂၂ မျိုးဆက်(VOM) အာဖဂန်နစ္စတန်မှာ ဗီဒီယိုမျှဝေတဲ့ TikTok နဲ့ အွန်လိုင်းဂိမ်းဖြစ်တဲ့ PUBG တို့ကို ပိတ်ပင်ဖို့ တာလီဘန်တို့က အမိန့်ထုတ်လိုက်ပြီး အက်ဒီအက်ပလီကေးရှင်းတွေဟာ လူငယ်တွေကို လမ်းမှားရောက်စေနိုင်ကြောင်း တာလီဘန်အဖွဲ့က အခိုင်အမာပြောဆိုပါတယ်။ မျိုးဆက်သစ်လူငယ်တွေ လမ်းလွဲရောက်သွားခြင်းကနေ ကာကွယ်ဖို့လိုအပ်တာကြောင့် အခုလိုတားမြစ်လိုက်တာဖြစ်ကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူ အင်နာမူလာစမန်းဂါနီက ပြောပါတယ်။ ဒါတွေကို ဘယ်ချိန်ထိ ပိတ်ပင်သွားမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒါ့အပြင် အကျင့်စာရိတ္တပျက်ယွင်းစေတယ်လို့ ရှုမြင်ရတဲ့ အစီအစဉ်တွေကိုလည်း ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ခြင်းမပြုဖို့ တားမြစ်သွားမယ်လို့ တာလီဘန်အဖွဲ့က ပြောပါတယ်။ တာလီဘန်အဖွဲ့ဟာ တေးဂီတ၊ ရုပ်ရှင်တွေ၊ ရုပ်သံဇာတ်လမ်းတွေထုတ်လွှင့်ခြင်းကို မကြာသေးမီက ပိတ်ပင်တားမြစ်ပြီးနောက် ယခုကဲ့သို့ ထပ်မံတားမြစ်မှုပြုဖို့ အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က အာဖဂန်မှာ တာလီဘန်တို့ အာဏာရယူပြီးနောက် အုပ်ချုပ်ရေးပိုင်းမှာ ပိုမိုပျော့ပြောင်းစွာ ချဉ်းကပ်လုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါပေမယ့် အထူးသဖြင့် အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့် ကန့်သတ်မှုတွေကတော့…

Read More
VOM News

FREE
VIEW