အာဖဂန်မှာ TikTok နဲ့ PUBG ကို ပိတ်ပင်ကြောင်း တာလီဘန်အဖွဲ့ အမိန့်ထုတ်

ကဘူးလ်၊ ဧပြီ-၂၃-၂၀၂၂
မျိုးဆက်(VOM)

အာဖဂန်နစ္စတန်မှာ ဗီဒီယိုမျှဝေတဲ့ TikTok နဲ့ အွန်လိုင်းဂိမ်းဖြစ်တဲ့ PUBG တို့ကို ပိတ်ပင်ဖို့ တာလီဘန်တို့က အမိန့်ထုတ်လိုက်ပြီး အက်ဒီအက်ပလီကေးရှင်းတွေဟာ လူငယ်တွေကို လမ်းမှားရောက်စေနိုင်ကြောင်း တာလီဘန်အဖွဲ့က အခိုင်အမာပြောဆိုပါတယ်။

မျိုးဆက်သစ်လူငယ်တွေ လမ်းလွဲရောက်သွားခြင်းကနေ ကာကွယ်ဖို့လိုအပ်တာကြောင့် အခုလိုတားမြစ်လိုက်တာဖြစ်ကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူ အင်နာမူလာစမန်းဂါနီက ပြောပါတယ်။

ဒါတွေကို ဘယ်ချိန်ထိ ပိတ်ပင်သွားမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဒါ့အပြင် အကျင့်စာရိတ္တပျက်ယွင်းစေတယ်လို့ ရှုမြင်ရတဲ့ အစီအစဉ်တွေကိုလည်း ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ခြင်းမပြုဖို့ တားမြစ်သွားမယ်လို့ တာလီဘန်အဖွဲ့က ပြောပါတယ်။

တာလီဘန်အဖွဲ့ဟာ တေးဂီတ၊ ရုပ်ရှင်တွေ၊ ရုပ်သံဇာတ်လမ်းတွေထုတ်လွှင့်ခြင်းကို မကြာသေးမီက ပိတ်ပင်တားမြစ်ပြီးနောက် ယခုကဲ့သို့ ထပ်မံတားမြစ်မှုပြုဖို့ အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်က အာဖဂန်မှာ တာလီဘန်တို့ အာဏာရယူပြီးနောက် အုပ်ချုပ်ရေးပိုင်းမှာ ပိုမိုပျော့ပြောင်းစွာ ချဉ်းကပ်လုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပါတယ်။

ဒါပေမယ့် အထူးသဖြင့် အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့် ကန့်သတ်မှုတွေကတော့ လက်ရှိမှာ ပိုမိုတိုးပွားလာခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #vom #ကဘူးလ်

Related posts

Leave a Comment

VOM News

FREE
VIEW