ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ကုလအကြီးအကဲနဲ့ ရုရှား၊ ယူကရိန်းသမ္မတတို့ တွေ့ဆုံဆွေးနွေးမယ်

ကုလသမဂ္ဂ၊ ဧပြီ-၂၃-၂၀၂၂
မျိုးဆက်(VOM)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇီလန်စကီးတို့နဲ့ လာမယ့်သီတင်းပတ်မှာ တွေ့ဖို့ စီစဉ်ထားပါတယ်။

ကုလသမဂ္ဂအကြီးအကဲဟာ ဧပြီ ၂၆ ရက်မှာ ရုရှားနိုင်ငံကို သွားရောက်မှာဖြစ်ပြီး မော်စကိုမှာ ရုရှားသမ္မတ ပူတင်၊ နိုင်ငံခြားရေး၀န်ကြီး ဆာဂီလပ်ရော့ဗ်တို့နဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ယူကရိန်းသမ္မတ ဇီလန်စကီး၊ နိုင်ငံခြားရေး၀န်ကြီး ဒီမီထရိုကူလီဘာတို့နဲ့ တွေ့ဆုံဖို့ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ဧပြီ ၂၈ ရက်မှာ သွားရောက်ဖို့ရှိနေပါတယ်။
ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပဋိပက္ခကြား၀င်စေ့စပ်ရေးမှာ ပိုမိုတက်ကြွစွာပါ၀င်ပေးဖို့ ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်အပေါ် မကြာသေးမီက ဖိအားတွေ တိုးလာခဲ့့ပါတယ်။

ယူကရိန်းမှာ ငြိမ်းချမ်းရေးရရှိဖို့တွက် အရေးတကြီးဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ ရုရှားနဲ့ ယူကရိန်း သမ္မတတို့ဆီကို ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ကတဆင့်ပေးပို့တဲ့စာမှာ ကုလသမဂ္ဂအကြီးအကဲက တိုက်တွန်းထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #vom #ရုရှား #ယူကရိန်း #ရုရှားယူကရိန်းစစ်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW