ရေငုပ်သင်္ဘောပေါ်မှ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ တောင်ကိုရီးယား စမ်းသပ်ပစ်ခတ်

ဆိုးလ်၊ ဧပြီ-၂၃-၂၀၂၂
မျိုးဆက်(VOM)

တောင်ကိုရီးယားဟာ ရေငုပ်သင်္ဘောပေါ်မှ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ယခုသီတင်းပတ်အတွင်းက အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒါပေမယ့် အဲဒီ ပဲ့ထိန်းဒုံးကျည်တွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ခြင်းမရှိပါဘူး။

တန် ၃၀၀၀ အလေးချိန်ရှိတဲ့ ရေငုပ်သင်္ဘောတစ်စင်းပေါ်မှ ဧပြီ ၁၈ ရက်မှာ ဒုံးကျည်နှစ်စင်းကို ပစ်ခတ်ခဲ့ပြီး ကီလိုမီတာ ၄၀၀ အကွာ ပင်လယ်ပြင်အတွင်းရှိ ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း တောင်ကိုရီးယား သတင်းဌာနတွေက ဖော်ပြထားပါတယ်။

တောင်ကိုရီးယားဟာ ရေငုပ်သင်္ဘောပေါ်မှ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကို လွန်ခဲ့တဲ့နှစ် စက်တင်ဘာလမှာ ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ပြီးနောက် ယခုပစ်ခတ်မှုကတော့ ဒုတိယအကြိမ်ဖြစ်ပါတယ်။

ဒုံးကျည်တွေပစ်ခတ်စမ်းသပ်မှု အောင်မြင်တာဟာ နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည် ဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူဖြစ်စေပြီး စစ်ဆင်ရေးတွေမှာ အဲဒီဒုံးကျည်တွေကို ဖြန့်ကြက်သွားဖို့ မျှော်လင့်ထားကြောင်း တောင်ကိုရီးယားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #vom #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW