ယူကရိန်းအရေးကြောင့် တတိယကမ္ဘာစစ် ဖြစ်ပွားလာနိုင်ကြောင်း ရုရှားသတိပေး

မော်စကို၊ ဧပြီ-၂၆-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး တတိယကမ္ဘာစစ် ဖြစ်ပွားလာနိုင်တဲ့ အမှန်တကယ်ခြိမ်းခြောက်မှု အခြေအနေရှိနေတယ်လို့ ရုရှားနိုင်ငံခြားရေး၀န်ကြီး ဆာဂေးလပ်ဗရော့ဗ်က သတိပေးပြောဆိုလိုက်ပါတယ်။

စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းနိုင်ငံအတွက် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက လက်နက်တွေထပ်ပြီး ပေးပို့ဖို့အတွက် ဧပြီ ၂၆ ရက်မှာ မဆွေးနွေးမီ ရုရှားဘက်က အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။

ရုရှားဟာ အိမ်နီးချင်းယူကရိန်းကို ၀င်ရောက်တိုက်ခိုက်တာကြောင့် အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်းအတွက် လက်နက်ထောက်ပံ့မှုတွေ အရှိန်မြှင့်ခဲ့ပါတယ်။

ဒါပေမယ့်လည်း နျူကလီးယားပိုင်ဆိုင်ထားတဲ့ ရုရှားနဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်မှာကို စိုးရိမ်တာကြောင့် သူတို့ရဲ့ ပါ၀င်ပတ်သက်မှုကို ထဲထဲ၀င်၀င်မဖြစ်ဖို့ သတိထားနေကြပါတယ်။

တတိယကမ္ဘာစစ်ဖြစ်မယ့် အန္တရာယ်ဟာ တကယ်ကိုပြင်းထန်နေပြီး အမှန်တကယ်ဖြစ်ကြောင်း၊ ဒီကိစ္စကို လျှော့မတွက်သင့်ဘူးလို့ ရုရှားနိုင်ငံခြားရေး၀န်ကြီးက သတိပေးခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ယူကရိန်းရဲ့ ရှုပ်ထွေးတဲ့ချဉ်းကပ်မှုတွေကိုလည်း သူက ဝေဖန်ပြောဆိုပါတယ်။

ယခုသီတင်းပတ်ကုန်ပိုင်းက အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်နဲ့ နိုင်ငံခြားရေး၀န်ကြီးဘလင်ကင်တို့ဟာ ယူကရိန်းကိုသွားရောက်ပြီး သမ္မတဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ကာ ယူကရိန်းအတွက် ဒေါ်လာသန်း ၇၀၀ နောက်ထပ်ကူညီသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

Ref: CNA
Photo: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW