၂၀၁၇-၂၀၂၁ ခုနှစ်အတွင်း အိန္ဒိယရဲ့လက်နက်ထုတ်ကုန်အများစု မြန်မာနိုင်ငံကို ရောင်းချခဲ့

စတော့ဟုမ်း၊ ဧပြီ-၂၆-၂၀၂၂
မျိုးဆက်(VOM)

၂၀၁၇-၂၀၂၁ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံရဲ့ လက်နက်ထုတ်ကုန်တွေ တင်ပို့မှုရဲ့ ၅၀ ရာခိုင်နှုန်းဟာ အိမ်နီးချင်း မြန်မာနိုင်ငံကို ရောင်းချခဲ့ကြောင်း ဆွီဒင်အခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ သုတေသနဌာနက ဧပြီ ၂၅ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

အိန္ဒိယရဲ့ လက်နက်ထုတ်ကုန်တွေ ပြည်ပကိုတင်ပို့မှုမှာ မြန်မာနိုင်ငံကို ၅၀ ရာခိုင်နှုန်း ၊ သီရိလင်္ကာကို ၂၅ ရာခိုင်နှုန်းနဲ့ အာမေးနီးယားကို ၁၁ ရာခိုင်နှုန်းတင်ပို့ခဲ့ကြောင်း အဲဒီအစီရင်ခံစာမှာဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ လက်နက်တင်ပို့မှုဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ ခြောက်ဆကျော်မြင့်တက်လာခဲ့တယ်လို့ အိန္ဒိယကာကွယ်ရေး၀န်ကြီးက ပြီးခဲ့တဲ့လမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာလည်း ၂၀၂၁ ခုနှစ်အတွင်းမှာ ဒေါ်လာ ၇၆ ဒသမ ၆ ဘီလီယံထိ အသုံးပြုခဲ့ပြီး အမေရိကန်၊ တရုတ်တို့ပြီးရင် တတိယနေရာမှာရပ်တည်နေပါတယ်။

ဒီလိုကာကွယ်ရေးအသုံးစရိတ်တွေ တိုးမြှင့်သုံးစွဲတာဟာ တရုတ်၊ ပါကစ္စတန်တို့နဲ့ နယ်စပ်ပြသနာတွေကြောင့် ဖြစ်သလို ပြည်တွင်းဖြစ် လက်နက်တွေ ပိုမိုထုတ်လုပ်မှုတွေကြောင့် ဖြစ်တယ်လို့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ သုတေသနဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref: Times of India
Photo: Reuters

#voiceofmyanmar #VOM #အိန္ဒိယလက်နက်ထုတ်ကုန် #အိန္ဒိယမြန်မာ

Related posts

Leave a Comment

VOM News

FREE
VIEW