ပြည်မြို့ ညစျေးတန်းအဟောင်းက ဆိုင်ခန်းတွေကို အင်အားသုံးပြီး ဖြိုဖျက်

ဧပြီ ၂၈-၂၀၂၂
GG (VOM)

ပြည်မြို့၊ ဗိုလ်ချုပ်ကျောက်ရုပ်အနီးက အရင် ညဈေးတန်းအဟောင်းဆိုင်ခန်းတွေကို ဒီနေ့ဧပြီလ ၂၈ ရက်နေ့မနက်ပိုင်းမှာ မြို့နယ်တာဝန်ရှိသူတွေက စစ်သား၊ ရဲ အင်အားသုံးပြီး ဘူဒိုဇာနဲ့ဖြိုဖျက်တာတွေလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

ရဲ၊ စစ်တပ်အင်အား ၂၀ ဝန်းကျင်လောက်နဲ့ လုံခြုံရေးယူပြီးဆိုင်ခန်းတွေကို ကားနဲ့ဖျက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

” မနက် ၆ နာရီလောက်ထဲကရောက်လာပြီး ဖျက်နေကြတာ။အန်တီိတို့ ဒီညစျေးတန်းဆိုတာ နှစ်ပေါင်းကြာနေပါပြီ။ညစျေးတန်းအသစ်ဖွင့်ရင်တော်ပြီပေါ့။ဆိုင်ခန်းတွေကို အခုလို ကားနဲ့လာထိုးဖျက်တော့ အန်တီတို့အတွက်အကြိမ်ကြိမ်နစ်နာမှုပါ။အကုန်ပျက်စီးကုန်ပါပြီ ” လို့ စျေးဆိုင်ခန်း ဖြိုဖျက်ခံရသူတဦးကပြောပါတယ်။

ဆိုင်ခန်းတွေကို ကားနဲ့ဖြို့ဖျက်စဉ် မတော်တဆထိခိုက်မှုဖြစ်ပြီး ဖြိုဖျက်သူတွေဘက်မှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာရသူ၊လက်ချောင်းတွေပြတ်ထွက်တာတွေရှိလို့ ဆေးရုံမှာ ကုသမှုခံယူနေရတာတွေရှိတယ်လို့ သိရပါတယ်။

ဒိကနေ့ အဖျက်ခံနေရတဲ့ ဆိုင်ခန်းတွေဟာ အရင် NLD အစိုးရလက်ထက်တုန်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပိုင်ဆိုင်တယ်ဆိုပြီး အစိုးရအိမ်ဥပစာနဲ့ ဖယ်ရှားပေးဖို့ သတိပေးစာထုတ်ခံခဲ့ရပေမယ့် ဒေသခံတွေကဖယ်ရှားမပေးဘူးဆိုကာ ဆန္ဒပြမှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပြည်မြို့မှာ လမ်းနယ်နမိတ်နဲ့မလွတ်ကင်းဘူးဆိုပြီး နေအိမ်၊ဆိုင်ခန်း၊ကျူးကျော်အဆောက်အဦးတွေကို တာဝန်ရှိသူတွေက ဖြိုဖျက်တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပြည် #ညဈေးတန်းအဟောင်း #အင်အားသုံးဖြိုဖျက်

Related posts

Leave a Comment

VOM News

FREE
VIEW