ရေဦးမြို့နယ်မှာ စွန့်ပစ်ထားတဲ့ လူသေ ရုပ်အလောင်း ၁ ဒါဇင်ကျော်တွေ့

ဧပြီ ၊ ၃၀-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ်မှာ အခု ၁ လထဲမှာကို စွန့်ပစ်ထားတဲ့ လူသေ ရုပ်အလောင်း ၁ ဒါဇင်ကျော် တွေ့ရတဲ့အတွက် နယ်ခံနာမှုကူညီရေးအသင်းတွေက ကောက်ယူသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ ရေဦးမြို့ခံ ပရဟိတသမားတွေဆီက သိရပါတယ်။

ရုပ်အလောင်းတွေကို ကောက်ယူသင်္ဂြိုဟ်ပေးခဲ့တဲ့ ရေဦးမြို့ခံ ပရဟိတသမားတယောက်က” ဧပြီ ၁ ရက်​နေ့အကူးမှာ ဇဝကျေးရွာနားမှာ ရုပ်အလောင်း ၃ လောင်း စတွေ့တယ်၊ ဧပြီ ၁ ရက် နေ့ခင်းမှာတော့ နှောကုန်းကျေးရွာနားမှာ ရုပ်အလောင်း ၁ လောင်း ထပ်တွေ့ပြန်တယ် ၊ ဧပြီ ၁၃၊ မနက် ၇ နာရီခွဲ သင်္ကြန်ကာလမှာ မုံရွာ ရေဦးကားလမ်း ၊ ပြည်တော်မင်း လေးပါး ပေါက်နားမှာရုပ်အလောင်း ၂ လောင်းတွေ့ ရတယ် ၊ ၂၃ရက်နေ့မှာ မုတ်စီရွာက ရုပ်အလောင်း ၁ လောင်း တွေ့ပြန်တယ် ၊ ၂၄ မနက်ပိုင်းမှာ ရေဦးမြို့နယ် ၊ ညောင်လှ ရမိသာအနီး မူးဆုံမြောင်းထဲက ရုပ်အလောင်း ၁ လောင်း ၊ ၂၆ ရက် သံသည်ရွာ ၊ ရထားလမ်းဘေးက အမျိုးသမီး ရုပ်အလောင်း ၁ လောင်း ၊ ၂၆ ရက် မုတ်စီရွာ နဲ့ မူးဆုံကြား ၊ လက်တံ ၃ ၊ တူးမြှောင်းထဲမှာ ရုပ်အလောင်း ၁ လောင်း ၊ ၂၉ ရက် ဇဝကျေးရွာအလွန် ၊ရေဦးတူးမြောင်း ရေတံခါးမှာ ရုပ်အလောင်း ၁ လောင်း ၊ အခု ဧပြီ ၁ လထဲမှာတင် စွန့်ပစ် ရုပ်အလောင်း ၁၂ လောင်း “လို့ ပြောပါတယ်။

အဲ့ဒီ တွေ့ရတယ်ဆိုတဲ့ လူသေရုပ်အလောင်းတွေဟာ သာမန်သေဆုံးထားတဲ့ လက္ခဏာနဲ့ တွေ့ရတာနည်းပြီး ၊ အများစုကတော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးကြရတာဖြစ်ပါတယ်။

ဒါ့အပြင် အချို့ရုပ်အလောင်းတွေမှာ ဦးခေါင်းပိုင်း ပါမလာတာတွေရှိနေပြီး အမည်မသိ ပိုင်ရှင်မဲ့ဆိုတာလည်းပါတယ်လို့ ကူညီသင်္ဂြိုဟ်ပေးခဲ့တဲ့ ပရဟိတသမားတွေက ပြောပါတယ်။

” ရေဦးမြို့ဆိုတာ ပညာရေးမြို့တော်လို့ နာမည်ကြီးခဲ့တယ် ၊ အခုလို မြို့နယ်ထဲမှာ တခါမှ မကြားဘူးတဲ့ လူသေရုပ်အလောင်းတွေ စွန့်ပစ်ထားတာ တွေ့ရတယ်ဆိုတော့ ရေဦးမြို့ခံတယောက်အနေနဲ့ စိတ်လုံခြုံမှုကင်းမဲ့စွာ ဖြစ်ရတယ် ” လို့ ရေဦးမြို့ခံ ကုန်စုံရောင်းဝယ်ရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

စွန့်ပစ်ထားတဲ့ လူသေ ရုပ်အလောင်းတွေ တွေ့ရတဲ့အတွက် ကောက်ယူသင်္ဂြိုဟ်ပေးခဲ့ရတဲ့ အရေအတွက် ကိန်းဂဏန်းတွေဟာ ရေဦးမြို့ခံ ပုညကုသလ လူမှုကယ်ဆယ်ရေးနဲ့ နာရေးကူညီမှု အသင်း ၊ ၁ သင်းထဲက လုပ်ဆောင်ပေးခဲ့တဲ့ ကိန်းဂဏန်း အရေးအတွက်သာဖြစ်ပြီး ကျန်တဲ့အသင်းအဖွဲ့တွေက ကောက်ယူသင်္ဂြိုဟ်ပေးခဲ့ရတဲ့ အရေအတွက် မပါသေးဘူးလို့လည်း သိရပါတယ်။

Photo-ပုညကုသလကူညီရေးအသင်း ရေဦး
#voiceofmyanmar #VOM #ရေဦး #စွန့်ပစ်ရုပ်အလောင်း

Related posts

Leave a Comment

VOM News

FREE
VIEW