သန်းခေါင်အကျတွင် နှစ်ကောင်က ဘာဂီပြင်

ဆူးငှက် ခရစ်နှစ် ၁၈၈၉ ခုက အရှည် ၃၈၆ မိုင်ရှိတဲ့ ရန်ကုန်-မန္တလေး မီးရထားလမ်းကို ဖွင့်လှစ်ခဲ့ပြီးနောက် မန္တလေးမြို့မှာလည်း မီးရထား ဘူတာရုံကြီးတစ်ရုံ တည်ဆောက်ခဲ့တယ်။ အဲဒီကာလ မန္တလေးမြို့ရဲ့အဓိကနေရာတွေမှာ မန္တလေးနန်းတွင်း၊ နန်းတွင်းအနောက်ဘက် စီလမ်းတစ်လျှောက်နဲ့ ဈေးချိုဝန်းကျင်သာဖြစ်တာကြောင့် ဒီနေရာတွနဲ့ ဆက်သွယ်မှုလွယ်ကူတဲ့အရပ်မှာ ဘူတာကိုတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ မန္တလေးနန်းတွင်းနဲ့ ၂၆ ဘီလမ်း တစ်လမ်းသာခြားပြီး တောင်ဘက် ၃၅ လမ်းထိအရှည်ရှိပြီး အကျယ်အဝန်းအနေနဲ့ ၇၈ လမ်းနဲ့ ၇၉ လမ်းကြားရှိတဲ့ မန္တလေးဘူတာကြီးရဲ့ဧရိယာမှာ အဲ့ဒီကတည်းက ဒီနေ့အချိန်တိုင်အောင် နှစ်ပေါင်းတစ်ရာကျော်အတွင်း လုံလောက်မျှတမှုရှိခဲ့တယ်။ ဘူတာကြီးဧရိယာမှာ ကုန်ရုံများရှိခဲ့တယ်။ တွဲဆိုင်းတွေပြင်ဆင်သန့်ရှင်းရာ နေရာတွေရှိပါတယ်။ လုံလောက်တဲ့ ဘူတာစင်္ကြံရှိတယ်။ ခရီးသည်တွေ နားနေဖို့်လည်း ကျယ်ဝန်းတယ်။ ဒါသာမက မီးရထားစက်ခေါင်းတွေအတွက် စက်ခေါင်းပြုပြင်ထိန်းသိမ်းဖို့ စက်ရုံလည်း တစ်ပါတည်းပါရှိခဲ့တယ်။ ဘူတာရုံကြီးနဲ့ မျက်နှာချင်းဆိုင်မှာလည်း ၇၈လမ်းတစ်လျှောက် ရာထူးကြီးငယ်အစဉ်လိုက် ၂၇လမ်းမှ…

Read More

ရေဦးမြို့နယ်မှာ စွန့်ပစ်ထားတဲ့ လူသေ ရုပ်အလောင်း ၁ ဒါဇင်ကျော်တွေ့

ဧပြီ ၊ ၃၀-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ်မှာ အခု ၁ လထဲမှာကို စွန့်ပစ်ထားတဲ့ လူသေ ရုပ်အလောင်း ၁ ဒါဇင်ကျော် တွေ့ရတဲ့အတွက် နယ်ခံနာမှုကူညီရေးအသင်းတွေက ကောက်ယူသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ ရေဦးမြို့ခံ ပရဟိတသမားတွေဆီက သိရပါတယ်။ ရုပ်အလောင်းတွေကို ကောက်ယူသင်္ဂြိုဟ်ပေးခဲ့တဲ့ ရေဦးမြို့ခံ ပရဟိတသမားတယောက်က” ဧပြီ ၁ ရက်​နေ့အကူးမှာ ဇဝကျေးရွာနားမှာ ရုပ်အလောင်း ၃ လောင်း စတွေ့တယ်၊ ဧပြီ ၁ ရက် နေ့ခင်းမှာတော့ နှောကုန်းကျေးရွာနားမှာ ရုပ်အလောင်း ၁ လောင်း ထပ်တွေ့ပြန်တယ် ၊ ဧပြီ ၁၃၊ မနက် ၇ နာရီခွဲ သင်္ကြန်ကာလမှာ မုံရွာ ရေဦးကားလမ်း ၊ ပြည်တော်မင်း လေးပါး ပေါက်နားမှာရုပ်အလောင်း ၂ လောင်းတွေ့…

Read More

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာ ငြိမ်းချမ်းရေးက တကယ်ရမှာလား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ VOM တွေ့ဆုံမေးမြန်းခန်း အပိုင်း (၁) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေကို ငြိမ်းချမ်းအောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လာရောက်ဆွေးနွေးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်ဟာ တကယ်အရာထင် ပါ့မလား၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆိုတာဘယ်လိုဟာလဲ ၊ မန္တလေးမှာ ဖမ်းဆီးထားသူတွေ အသတ်ခံရကိစ္စတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM ရဲ့ အယ်ဒီတာချုပ် ကိုနေလင်းက နေပြည်တော်မှာ တွေ့ဆုံမေမြန်းထားပါတယ်။ ရိုက်ကူး – ရှိုင်းအောင် #voiceofmyanmar #VOM #နစက #ဗိုလ်ချုပ်ဇော်မင်းထွန်း YouTube Link – https://youtu.be/UAJAHZRhz-0

Read More
VOM News

FREE
VIEW