အာဖဂန်မှာ TikTok နဲ့ PUBG ကို ပိတ်ပင်ကြောင်း တာလီဘန်အဖွဲ့ အမိန့်ထုတ်

ကဘူးလ်၊ ဧပြီ-၂၃-၂၀၂၂ မျိုးဆက်(VOM) အာဖဂန်နစ္စတန်မှာ ဗီဒီယိုမျှဝေတဲ့ TikTok နဲ့ အွန်လိုင်းဂိမ်းဖြစ်တဲ့ PUBG တို့ကို ပိတ်ပင်ဖို့ တာလီဘန်တို့က အမိန့်ထုတ်လိုက်ပြီး အက်ဒီအက်ပလီကေးရှင်းတွေဟာ လူငယ်တွေကို လမ်းမှားရောက်စေနိုင်ကြောင်း တာလီဘန်အဖွဲ့က အခိုင်အမာပြောဆိုပါတယ်။ မျိုးဆက်သစ်လူငယ်တွေ လမ်းလွဲရောက်သွားခြင်းကနေ ကာကွယ်ဖို့လိုအပ်တာကြောင့် အခုလိုတားမြစ်လိုက်တာဖြစ်ကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူ အင်နာမူလာစမန်းဂါနီက ပြောပါတယ်။ ဒါတွေကို ဘယ်ချိန်ထိ ပိတ်ပင်သွားမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒါ့အပြင် အကျင့်စာရိတ္တပျက်ယွင်းစေတယ်လို့ ရှုမြင်ရတဲ့ အစီအစဉ်တွေကိုလည်း ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ခြင်းမပြုဖို့ တားမြစ်သွားမယ်လို့ တာလီဘန်အဖွဲ့က ပြောပါတယ်။ တာလီဘန်အဖွဲ့ဟာ တေးဂီတ၊ ရုပ်ရှင်တွေ၊ ရုပ်သံဇာတ်လမ်းတွေထုတ်လွှင့်ခြင်းကို မကြာသေးမီက ပိတ်ပင်တားမြစ်ပြီးနောက် ယခုကဲ့သို့ ထပ်မံတားမြစ်မှုပြုဖို့ အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က အာဖဂန်မှာ တာလီဘန်တို့ အာဏာရယူပြီးနောက် အုပ်ချုပ်ရေးပိုင်းမှာ ပိုမိုပျော့ပြောင်းစွာ ချဉ်းကပ်လုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါပေမယ့် အထူးသဖြင့် အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့် ကန့်သတ်မှုတွေကတော့…

Read More

ဒုဗိုလ်မှူးကြီး(ငြိမ်း)အောင်မြင်သူ ဖမ်းဆီးခံရပြီး စစ်ကြောရေးရောက်နေ

ဧပြီ ၂၂-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက်၊ မင်းရဲကျော်စွာ ၉ လမ်းမှာနေထိုင်တဲ့ ဒုဗိုလ်မှူးကြီး(ငြိမ်း)အောင်မြင်သူကို မနေ့ဧပြီ၂၁ရက် ညပိုင်းက စစ်တပ်နဲ့ရဲတွေက လာရောက်ဖမ်းဆီးပြီး အောင်သပြေစစ်ကြောရေးစခန်းကို ပို့လိုက်ပြီလို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။ ရဲအသိုင်းအဝိုင်းနဲ့နီးစပ်သူတဦးက”ညကတည်းက အောင်သပြေစစ်ကြောရေးစခန်းကို ပို့လိုက်တာ ရဲစခန်းမှာမရှိဘူး”လို့ ပြောပါတယ်။ ဒုဗိုလ်မှူးကြီး(အငြိမ်းစား)အောင်မြင်သူကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဆူပူလှုံဆော်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။ “သူက စစ်တပ်ကို ဝေဖန်တာတွေများတယ်၊ သူ့ကို ဖမ်းမယ်ဆိုတာ သိလို့ကြိုအသိပေးထားသေးတယ်”လို့ သူကပြောပါတယ်။ အငြိမ်းစားဒုဗိုလ်မှူးကြီးကို လာရောက်ဖမ်းဆီးရာမှာ စစ်တပ်၊ရဲ အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးတာဖြစ်ပြီး အခြားလမ်းတွေကိုပါ စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ အဆိုပါရပ်ကွက်နေသူတဦးက ပြောပါတယ်။ “သူပဲလား သူမိသားစုဝင်ရောလားတော့မသိဘူး၊ ဖမ်းသွားတာကတော့ ညကတည်းက ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာတော့”မသိဘူး”လို့ ပြောပါတယ်။ ဒီလိုဖမ်းဆီးခဲ့တာနဲ့ပတ်သတ်ပြီး လက်တလောမှာ ဒု-ဗိုလ်မှူးကြီးအောင်မြင်သူ(ငြိမ်း)ကို ဘယ်ပုဒ်မနဲ့ ဖမ်းဆီးခဲ့တယ်ဆိုတာက်ုတော့ VOM သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိူင်ခြင်းမရှိသေးပါဘူး။…

Read More

မဟာမြိုင်ကားလမ်းမှာ ကုန်ကား၁စီး ဓားပြတိုက်ခံခဲ့ရတယ်လို့ ကားသမားတွေပြော

ဧပြီ ၊ ၂၂-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ်၊ ပျဥ်းကိုင်းကျေးရွာအနီး ၊ မုံရွာ – တန့်ဆည် – ကလေးဝ မဟာမြိုင်ကားလမ်းမှာ မနေ့ ဧပြီ၂၁ရက် နေ့လယ်ပိုင်းက ကုန်ကားတစ်စီး ဓားပြတိုက်ခံခဲ့ရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ဓားပြတိုက်ခံရတဲ့ကားက ၁၂ ဘီးကုန်တင်ကားဖြစ်တယ် ၊ မော်လိုက်မြို့နယ် ၊ ကင်းတပ်ရွာဘက်က ကားဖြစ်တယ် ၊ မုံရွာကနေ ကုန်တွေနဲ့ တက်လာတာ ” လို့ ကားသမားတယောက်က ပြောပါတယ်။ မုံရွာ-ကလေးဝ-မော်လိုက်-ဖောင်းပြင်-ဟုမ္မလင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တဦးက ” ပျဥ်းကိုင်းရွာနဲ့ ၇ မိုင်အလိုမှာ ဓားပြတိုက်ခံရတာပါ ၊ လူသုံးကုန်နဲ့ စားသုံးကုန်ပစ္စည်း ကာလတန်ဘိုး သိန်း ၁ ထောင်လောက်ရှိတယ် ၊ ဓားပြက လူ အယောက်…

Read More

ရုရှားတပ်တွေကြောင့် မာရီယူပိုလ်မြို့ရှိ လူအားလုံး ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ မြို့တော်ဝန် တိုက်တွန်း

ကိယက်ဗ်၊ ဧပြီ ၂၂-၂၀၂၂ မျိုးဆက်(VOM) ရုရှားတပ်တွေ နေရာအများစု ထိန်းချုပ်လာတာကြောင့် ယူကရိန်းနိုင်ငံ မာရီယူပိုလ်မြို့ကလူအားလုံး ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ မြို့တော်ဝန်က ဧပြီ၂၂ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ အဲဒီမြို့ရဲ့ နေရာအတော်များများကို ရုရှားတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သမ္မတ ဗလာဒီမာပူတင်က အခိုင်အမာ ပြောဆိုထားပါတယ်။ မိမိတို့လုပ်ဖို့ တခုတည်းသောလိုအပ်နေတာကတော့ လူအားလုံးဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ ဖြစ်တယ်လို့ မြို့တော်ဝန် Vadym Boychenko ကပြောပါတယ်။ မြို့မှာ လူတစ်သိန်းလောက် ရှိနေသေးတယ်လို့ သူကဆိုပါတယ်။ လက်ရှိမှာတော့ မြို့အရှေ့တောင်ဘက်မှာရှိတဲ့ သံမဏိစက်ရုံအကြီးကြီးတခုမှာ ယူကရိန်းတိုက်ခိုက်ရေးသမားတွေ ခိုအောင်းနေကြပါတယ်။ အဲဒီစက်ရုံထဲကို ဝင်ပြီးတိုက်ခိုက်မယ့်အစား ဝိုင်းပြီးပိတ်ဆို့ထားဖို့နဲ့ ယင်တကောင် မလွတ်စေဖို့ ရုရှားတပ်တွေကို ပူတင်က အမိန့်ထုတ်ထားပါတယ်။ Ref:BBC Photo:Reuters #voiceofmyanmar #vom #ကိယက်ဗ်

Read More

မေတ္တာမိုး၊သွန်းဖြိုးစွေကာရွာ

ဆူးငှက် မန္တလေးမြို့ မြို့မတူရိယာအသင်း၏ နတ်နေကိုင်းများဖြစ်ပြီး ဂီတထီးချက်စောင့် နတ်သားကြီးများဟု တင်စားခံခဲ့ကြရသော ရှေးရှေးကဆရာကြီးများသည် သီချင်းရေးစပ်ခြင်း ဂီတအလုပ်သာမက အသင်းကောင်းရာကောင်းကျိုးအတွက် ဆုံးမစကားများကိုပင် သီချင်းများ၌ ထည့်သွင်းရေးစပ်ပေးခဲ့ကြသည်။ အသင်းသားများက သီချင်းများနှင့် ပတ်သက်ပြီး သူတို့ မှတ်မိရာ သင်္ကေတများနှင့် မှတ်သားလေ့ ရှိကြသည်။ ဥပမာ- အာစရိ (၁)၊(၂)ဟုခါ်လေ့ရှိသည့် သီချင်းများသည် ဆရာမြို့မငြိမ်းရးစပ်ခဲ့သော သီချင်းများဖြစ်သည်။ ထိုသီချင်းများက မေတ္တာပို့သီချင်းများဖြစ်ပါ၏။ မေတ္တာပို့ သီချင်းများတွင် “မင်းတို့ မြို့မအသင်းသားတွေ ကိုယ့်ကျေးဇူးရှင် ပရိသတ်ကြီးကို ဘယ်လိုမေတ္တာပို့ရတယ်၊ ကိုယ့်ကိုကြည့်ရှုစောင်မ အားပေးတဲ့ ပရိသတ်ကြီးရဲ့ဆန္ဒနဲ့ လိုလားချက်ကို ဆန့်ကျင်ဖို့မထားနဲ့ လျစ်လျူတောင် မပြုရဘူး၊ ပရိသတ်နဲ့ ဆန့်ကျင်ဘက် မဖြစ်ရဘူး” ဆိုသည်များကို လမ်းညွှန်ထားခြင်းဖြစ်သည်။ ထိုမျှမက လူသားအချင်းချင်း ဘယ်လိုဘယ်သို့ နေထိုင်ဆက်ဆံရမယ် ဆိုတာမျိုးတွေကိုလည်း သီချင်းများတစ်ဆင့် သြဝါဒပေးထားသည်။ အသင်းအနေဖြင့် ဆက်ဆံရေးကောင်းမွန် သဘောမနောကောင်းပြီး အားလုံးအပေါ်မှာ…

Read More

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထိပ်တိုက်လာရောက်ဆွေးနွေးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ခေါ်

ဧပြီ ၂၂-၂၀၂၂ KT(VOM) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်ဒရေးနဲ့ပတ်သက်ပြီး ထိပ်တိုက်လာရောက်ဆွေးနွေးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ နေ့လယ်ပိုင်းကပဲ နိုင်ငံပိုင်သတင်းဌာနကနေ မိန့်ခွန်းပြောပြီး ဖိတ်ခေါ်လိုက်ပါတယ်။ “ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ် ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင် များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင် တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုများ ပြုလုပ်သွားပါမယ်”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။ လိုအပ်ရင်လည်း ထပ်မံဆွေးနွေးမှုတွေကို ပြုလုပ်သွားပါဖြစ်ပြီး ဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးရဲ့ ခေါင်းဆောင်များကိုယ်တိုင်နဲ့ အဖွဲ့ဝင် ၂ ဦးစီ တက်ရောက်ပေးကြဖို့နဲ့ တက်ရောက်မယ့်သူပုဂ္ဂိုလ်များရဲ့အမည်ကို ၂၀၂၂ ခုနှစ် မေလ…

Read More

ကိုးတောင်ဘို့ဒေသက စစ်ဘေးရှောင်တွေ မြွေဆိပ်ဖြေဆေး လိုအပ်နေ

ဧပြီ ၂၂-၂၀၂၂ VOM (GG) စစ်ကိုင်းတိုင်း ၊ကန့်ဘလူမြိုနယ်၊ ကိုးတောင်ဘို့ဒေသက စစ်ဘေးရှောင်တွေဟာ မြေကိုက်ခံရတာတွေရှိနေတာကြောင့် မြွေဆိပ်ဖြေဆေးလိုအပ်နေတယ်လို့ သိရပါတယ် ။ လက်ရှိ တောတောင်၊လယ်ကွင်းတွေထဲမှာနေထိုင်ရင်းမြွေပွေးကိုက်ခံရသူ(၅)ဦးထိရှိနေပြီး သိုလှောင်ထားတဲ့ မြွေဆိပ်ဖြေဆေးအနည်းငယ်နဲ့ ကုသပေးမှုတွေကြောင့် အသက်မဆုံးရှုံးရသေးပေမယ့် မြွေဆိပ်ဖြေဆေးမရှိတော့တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ မြန်မာမြွေဆိပ်ဖြေဆေး(VPI)ကို ဝယ်ယူဖို့ကလည်း မလွယ်ကူတဲ့အထိ ရှားပါးနေတာကြောင့် မြွေဆိပ်ဖြေဆေးလှူဒါန်းပေးမယ့်သူ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကိုကူညီနေသူတွေဆီက သိရပါတယ်။ ” ဆေး တန်ဖိုးက ၈၀၀၀၀ လောက်ရှိလို့ ဝယ်ဖို့က အဆင်မပြေဘူးလို့ကြားတယ်၊တောင်ထဲစစ်ဘေးရှောင်ရင်း မြွေအန္တရာယ်နဲ့ ရင်ဆိုင်နေရတာ၊တချို့လည်း ရွာထဲကို အရဲစွန့်ပြန်လာလိုက် လက်နက်သံကြားတော့ ပြန်ပြေးလိုက်ကြနဲ့လို့ ကြားရတယ်၊ ” လို့ ကန့်ဘလူဒေသခံတဦးကပြောပါတယ်။ ကိုးတောင်ဘို့အုပ်စုမှာ လက်ရှိအထိ နေ့တိုင်း လက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေရှိနေတာကြောင့် နေရပ်မပြန်နိုင်ဘဲ တောတောင်တွေထဲမှာ ဖြစ်သလိုနေရင်း မြွေပွေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်လို့ သိရပါတယ်။ လက်ရှိမှာ ကိုးတောင်ဘို့ရွာမ၊ကွက်သစ်၊ပိတောက်ခုံ၊ကျွန်းကုန်း၊ပေါက်ကုန်း၊ကိုင်းမ၊လျော်ဖြူကုန်း၊ဇီးကနား၊နှောကုန်း၊ချပ်ကုန်း၊မိဿလင်ကုန်းနဲ့ရှားချောင်းကျေးရွာတွေအပါအဝင် အနီးအနားကျေးရွာ(၁၂)ရွာကပြည်သူ(၂၀၀၀၀)ကျော်လောက်ဟာ…

Read More

ကိုဗစ်ကာကွယ်ဆေးထိုးထားခြင်းမရှိသူဆီက ရောဂါ တဆင့်ပြန့်ပွားရင် ဘေးစီမံဥပဒေနဲ့ အရေးယူမယ်

ဧပြီ ၂၂-၂၀၂၂ VOM (GG) ကိုဗစ်ကာကွယ်ဆေး တကြိမ်တခါမှ ထိုးနှံထားခြင်း မရှိတဲ့သူတွေကြောင့် ရောဂါကူးစက်ခံရပြီး ရောဂါကူးစက်ပြန့်ပွားမှုဖြစ်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ပေါင်းတည်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက အသိပေးပြောဆိုလိုက်ပါတယ်။ ဒါ့ကြောင့် အခုချိန်အထိ ကိုဗစ်ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူတွေအနေနဲ့ ကြည်ဖြူစွာလက်ခံထိုးနှံဖို့လိုအပ်ကြောင်း၊ ပေါင်းတည်မြို့အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှုံခြင်းကို ဒီနေ့ ဧပြီ လ၂၂ ရက်နေ့ကနေ လကုန်အထိ မြို့အဝင် ၊ မြို့ထွက် နေရာ ၄ခုမှာ ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။ ” ဆေးမထိုးတဲ့သူတွေရှိတယ်၊အဲ့ဒါကြောင့် အခုလိုစာထုတ်အသိပေးတာဖြစ်မယ်။ ကျနော်တို့ကတော့ ၂ကြိမ်ထိုးပြီးပြီ၊ ကာကွယ်ဆေးဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အနည်းအကျဉ်းတော့ ကာကွယ်မှုပေးမယ်ထင်လို့ ထိုးလိုက်တယ်။ နောက်ထပ်တော့ထပ်မထိုးဖြစ်ဘူး။ ” လို့ ပေါင်းတည်မြို့ဒေသခံတဦးကပြောပါတယ်။ ပေါင်းတည်မြို့မှာ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဒီလဧပြီလကုန် ၃၀ ရက်နေ့ နောက်ဆုံးထား ထိုးနှံပေးမှာဖြစ်ပြီး အသက်၁၅ နှစ် နဲ့ ၁၈နှစ်ကြား၊အသက်၁၈နှစ်အထက်အားလုံး ထိုးနှံရမှာဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးတဲ့ သက်သေခံလက်မှတ်…

Read More

ပုဂံဒေသက ရှေးဟောင်းရုပ်တုအချို့ အခိုးခံရ

ဧပြီ ၁၉-၂၀၂၂ VOM (GG) ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသက လူသူအရောက်အပေါက်မရှိတဲ့ ဘုရားအမှတ် ၄၁၈ နဲ့ ဘုရားအမှတ် ၇၁၆ ဘုရားတွေထဲက ရုပ်တုအချို့အခိုးခံလိုက်ရတယ်လို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဌာနခွဲကနေ သိရပါတယ်။ ရုပ်တုတွေအခိုးခံရတာကို မနေ့ ဧပြီ၁၈ ရက်နေ့က စစ်ဆေးတွေ့ရှိရတာဖြစ်ပြီး အခိုးခံလိုက်ရတဲ့ ရုပ်တုအရေအတွက် အတိကျသိနိုင်ဖို့အတွက် ယခင်ကထားရှိတဲ့ ဓာတ်ပုံမှတ်တမ်းနဲ့တိုက်ပြီး စစ်ဆေးလုပ်ဆောင်နေတယ်လို့ သိရပါတယ် ။ “ကင်းလှည့်တော့မှသိတာ ဒီမနက်မှသိတာ၊ ၇၁၆ ကတော့ ပျောက်လားမပျောက်လား မသေချာပါဘူး၊ထိုင်တော်မူ နတ်ရုပ်လေးတွေရှိတယ်လို့ ဒေသခံဆရာတော်တပါးကတော့ပြောတယ်၊အဲ့ဒီတော့ အရင်ကရှိတာလား၊အရင်ထဲကမရှိတာကို အခုမှသိတာလားပေါ့။၄၁၈ ကတော့ အကိုတို့ဆီကလည်း ၂၀၂၀ တုန်းကရိုက်ထားတဲ့မှတ်တမ်းပုံတွေရှိတယ်၊ ပျောက်တာတော့ ဘယ်နှစ်ရုပ်ပျောက်လဲဆိုတာ ပုံဟောင်းတွေနဲ့ပြန်တိုက်နေတယ်၊တချို့ကတော့ ဒီအရုပ်တွေက မစုံတာရှိတယ်၊နှစ်ပေါင်းတစ်ထောင်ကျော် နှစ်ထောင်နီးပါးဆိုတော့ မစုံတာရှိတယ်၊ အရင်ကမှတ်တမ်းတွေပြန်ရှာနေတယ်၊ပြန်ရှာပြီးတော့မှ အရင်ရှိခဲ့တာနဲ့တိုက်မယ်၊တချို့ကျတော့လည်းအကွက်လေးတွေထဲမှာ နှစ်ရုပ်သုံးရုပ်လောက်ကျန်တာကို ထပ်ခွာသွားကြတာကပါ့၊ အရင်မှတ်တမ်းပုံနဲ့ကျန်ခဲ့တာကိုပြန်တိုက်ပြီး ဘယ်လောက်ပျောက်လဲဆိုတာ ကြည့်ရမှာပေါ့၊ “လို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းကပြောပါတယ်။…

Read More

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘက်စ်ဒေသမှာ ရုရှားရဲ့ထိုးစစ်ဆင်မှုတွေ စတင်

ကိယက်ဗ်၊ ဧပြီ-၁၉-၂၀၂၂ မျိုးဆက်(VOM) ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘက်စ်ဒေသကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင်မှုတွေကို စတင်နေပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ဧပြီ ၁၈ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ရုရှားဟာ ဧပြီ ၁၈ ရက်မှာ ယူကရိန်းမြို့ကြီးတွေကို ဒုံးကျည်တွေ၊ အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒွန်ဘက်စ်ဒေသအတွက် စစ်ပွဲစတင်ပြီဖြစ်ကြောင်း ယူကရိန်းသမ္မတက ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။ အဲဒီဒေသရှိ ယူကရိန်းရှေ့တန်းအခြေစိုက်နေရာတွေကို ရုရှားတပ်တွေက ဖြတ်ကျော်ဖို့ ကြိုးစားနေကြောင်း ယူကရိန်းထိပ်တန်း လုံခြုံရေးအရာရှိတစ်ဦးဖြစ်သူ အိုလက်ဆီဒန်နီလော့ဗ်က ပြောပါတယ်။ ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ကို သိမ်းပိုက်ဖို့ကြိုးစားမှု မအောင်မြင်ပြီးနောက် ဒွန်ဘက်စ်ဒေသမှာ ပြုလုပ်တဲ့ထိုးစစ်ဟာ ကာလရှည်ကြာဖွယ်ရှိနေပါတယ်။ ရုရှားဟာ ယူကရိန်းမြို့ကြီးတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး အစိုးရကိုဖြုတ်ချဖို့ အစောပိုင်းက မျှော်လင့်ထားခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းတပ်တွေရဲ့ ပြင်းထန်တဲ့ ခုခံမှုတွေနဲ့ အဲဒီနောက်မှာတော့ ယူကရိန်းမှာ ပြုလုပ်နေတဲ့ စစ်ဆင်ရေးရဲ့ ပထမအဆင့်…

Read More
VOM News

FREE
VIEW