ပြင်သစ် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မက်ခရွန် အနိုင်ရရှိ

ပါရီ၊ ဧပြီ-၂၅-၂၀၂၂ မျိုးဆက်(VOM) ဧပြီ ၂၄ ရက်ကကျင်းပတဲ့ ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မက်ခရွန်ဟာ ပြိုင်ဘက်ဖြစ်သူ လီပန်ကို အနိုင်ရရှိပြီးနောက် နောက်ထပ်ငါးနှစ်သက်တမ်း သမ္မတအဖြစ် တာ၀န်ထမ်းဆောင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။ သူဟာ သမ္မတရွေးကောက်ပွဲမှာ ဆန္ဒမဲ ၅၈ ဒသမ ၅၅ ရာခိုင်နှုန်းရရှိခဲ့ပြီး ပြိုင်ဘက်ဖြစ်သူ ကိုယ်စားလှယ်လောင်းကတော့ ဆန္ဒမဲ ၄၁ ဒသမ ၄၅ ရာခိုင်နှုန်းရရှိခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အသက် ၄၄ နှစ်အရွယ် သမ္မတမက်ခရွန်ဟာ ပြင်သစ်နိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း နှစ်ကြိမ်ဆက်တိုက် ရွေးကောက်ခံရတဲ့ ပထမဆုံးသမ္မတဖြစ်လာပါတယ်။ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဆန္ဒမဲရရှိမှုအခြေအနေကို အောင်ပွဲတစ်ရပ်အဖြစ် မှတ်ယူကြောင်း အသက် ၅၃ နှစ်အရွယ် ပြိုင်ဘက်ဖြစ်သူ မစ္စလီပန်က ပြောဆိုပါတယ်။ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ဆန္ဒမဲပေးသူ ၇၂ ရာခိုင်နှုန်းအောက်သာရှိခဲ့ပြီး ၁၉၆၉…

Read More

နိုင်ဂျီးရီးယားမှာ တရားမ၀င်ရေနံချက်စက်ရုံပေါက်ကွဲမှု လူ ၁၀၀ ကျော်သေဆုံး

အဘူဂျာ၊ ဧပြီ-၂၅-၂၀၂၂ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံမှာ တရားမ၀င်ရေနံချက်စက်ရုံပေါက်ကွဲမှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီဖြစ်ရပ်ဟာ ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ကြောင်း သမ္မတ ဘူဟာရီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နိုင်ငံတောင်ပိုင်း အိုင်မိုပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်ရပ်ဟာ ကပ်ဘေးတခုဖြစ်ပြီး နိုင်ငံရဲ့အမျိုးသားဘေးအန္တရယ်ဖြစ်တယ်လို့ သမ္မတကဆိုပါတယ်။ သေဆုံးသူအများအပြားဟာ မီလောင်ကျွမ်းမှုကြောင့် မည်သူမည်ဝါဆိုတာကို ခွဲခြားသိရှိနိုင်ဖို့အခြေအနေမရှိလောက်အောင် ရုပ်ပျက်ဆင်းပျက်တွေဖြစ်ခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားချိန်မှာတော့ ရေနံချက်စက်ရုံအတွင်း လူဒါဇင်ပေါင်းများစွာ အလုပ်လုပ်ကိုင်နေကြတယ်လို့ ယူဆရပါတယ်။ သေဆုံးသူအရေအတွက်ဟာ မြင့်တက်လာနိုင်ပြီး လက်ရှိချိန်ထိ လူ ၁၀၉ ဦးသေဆုံးကြောင်း အရေးပေါ်ဌာနက အတည်ပြုထားပါတယ်။ ဆယ်စုနှစ်များစွာအတွင်း ရေနံလုပ်ငန်းကြောင့် ငါးဖမ်းလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းတွေ ပျက်စီးခြင်း၊ ရေနံကြွယ်၀မှုကို မျှဝေရယူမှုမရှိတာတွေကြောင့် ၀င်ငွေရရှိဖို့ တရားမ၀င်ရေနံချက်လုပ်ငန်းတွေ ပေါ်ပေါက်နေပါတယ်။ ဒီလိုဖြစ်ပွားနေတာတွေကို ရပ်တန့်ဖို့ ကြိုးစားကြပေမယ့်လည်း နိုင်ဂျာမြစ်၀ကျွန်းပေါ်ဒေသမှာ တရားမ၀င်ရေနံချက်လုပ်ငန်းတွေ ရှိနေဆဲဖြစ်ပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM…

Read More

တရုတ်နိုင်ငံ ပေကျင်းမှာ ကိုဗစ်ကူးစက်မှုမြင့်တက်နေတာကြောင့် လူသန်းပေါင်းများစွာကိုအစုလိုက်အပြုံလိုက် စစ်ဆေး

ပေကျင်း၊ ဧပြီ-၂၅-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်နေတာကြောင့် လူသန်းပေါင်းများစွာကို အစုလိုက်အပြုံလိုက် စစ်ဆေးမှုတွေ ပြုလုပ်နေရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ Chaoyang ခရိုင်အတွင်းမှာ ကိုဗစ်ကူးစက်ခံရသူ ၂၆ ဦးထိရှိခဲ့ပြီး ဒီအရေအတွက်ဟာ မြို့တော်ပေကျင်းမှာ နောက်ဆုံးဖြစ်ပွားတဲ့ အမြင့်ဆုံးအရေအတွက်လည်း ဖြစ်ပါတယ်။ အစိုးရအနေနဲ့ စားနပ်ရိက္ခာလုံလောက်စွာရရှိရေ အာမခံထားပေမယ့်လည်း စူပါမားကတ်နဲ့ စျေးဆိုင်တွေ အပြင်ဘက်မှာ လူတန်းရှည်ကြီးတွေ စီတန်းနေပြီး စျေး၀ယ်ဖို့ စောင့်ဆိုင်းနေကြပါတယ်။ လူ ၂၅ သန်း သူတို့ရဲ့နေအိမ်တွေမှာ ရက်သတ္တပတ်ပေါင်းများစွာ လော့ခ်ဒေါင်းချခံထားရတဲ့ ရှန်ဟိုင်းမြို့လို အလားတူအခြေအနေမျိုးရင်ဆိုင်ရမှာကို စိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်။ မြို့တော်ရဲ့ အကြီးဆုံးခရိုင်ဖြစ်တဲ့ Chaoyang မှာ ဒေသခံ ၃ ဒသမ ၅ သန်းကို အစုလိုက်အပြုံလိုက် စစ်ဆေးမှု သုံးကြိမ်ပြုလုပ်ရမှာဖြစ်ကြောင်း ရောဂါကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီသတင်းကြောင့် ဒေသခံတွေဟာ လိုအပ်တဲ့ပစ္စည်းတွေကို…

Read More

မန္တလေးမြို့မှာ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁)ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ဧပြီ ၂၅-၂၀၂၂ Voice Of Myanmar မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊၈၈ လမ်း ၃၂၃၃ကြားမှာ ဒီနေ့နေ့လယ်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်(၁)ဦး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ” ဆေးရုံပို့လိုက်ပါသေးတယ်၊ ၂နာရီအကြာ ဆေးရုံမှာ သေသွားပါတယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးကပြောပါတယ်။ သေဆုံးသွားသူဟာ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့မှ အသက် (၅၈)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဖောက်၀င်ဒဏ်ရာ၊ ဦးခေါင်းငယ်ထိပ်ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။ မီးသတ်စခန်းကနေ ထမင်းချိုင့်ယူပြီး ပြန်လာချိန်မှာ အမည်မသိသူ (၄)ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်သွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ အရန်မီးသတ်သမားကို သေနတ်နဲ့ပစ်ခတ်သွားသူတွေဟာ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက ပြုလုပ်သွားတယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ #voiceofmyanmar #VOM #မန္တလေး #အရန်မီးသတ် #သေနတ်ပစ်ခံရ

Read More

ကိုဗစ်၁၉ ကပ်ရောဂါ လက်ရှိအခြေအနေ

ဧပြီ ၂၅-၂၀၂၂ Voice Of Myanmar ကိုဗစ် ၁၉ ကပ်ရောဂါဟာ ကူးစက်မှုနှုန်းတွေ လျော့လာနေတယ်လို့ ထင်မှတ်နေကြပေမယ့်လည်း ကိုဗစ်ကပ်ရောဂါရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ တကျော့ပြန် ကူးစက်ပြန့်နှံ့နှုန်း မြင့်တက်လာနေတာတွေ၊ ကိုဗစ်ရောဂါ မူလဗီဇတွေ အမျိုးမျိုးပြောင်းပြီး ကူးစက်မှုနှုန်းတွေ တရိပ်ရိပ် တက်လာနေဆဲဖြစ်ပါတယ်။ ဒီကပ်ရောဂါဘေးနဲ့ ပတ်သက်တာတွေကို တစိုက်မတ်မတ် လေ့လာနေပြီး အများပြည်သူ သိရှိရအောင် ကျန်းမာရေးစာပေတွေ ရေးသားဖြန့်ဝေပေးနေတဲ့ အမေရိကန် နိုင်ငံမှာ နေထိုင်သူ ဒေါက်တာတင့်ဆွေကို လက်ရှိ ကပ်ရောဂါဘေး အခြေအနေတွေနဲ့ ပတ်သက်ပြီး VOM က ဆက်သွယ်မေးမြန်းထားပါတယ်။ VOM ။ ။ Covid 19 က ဗီဇကွဲတွေ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နေတာမှာ အခု လက်ရှိ နောက်ဆုံးပေါ် Omicron BA-2 နဲ့ ပတ်သက်ပြီးတော့၊ ကူးစက်ခံရသူတွေမှာ ခံစားရတဲ့…

Read More

ထောင် ၁၂ နှစ်ချခံထားရတဲ့ သူရဦးအောင်ကို ကို ပြစ်ဒဏ်ထက်ဝက်လွတ်ငြိမ်းပေး

ဧပြီ ၂၅-၂၀၂၂ GG(VOM) သာသနာရေး ဝန်ကြီးဟောင်း သူရဦးအောင်ကို ခေါ် ဦးဘဇံ ကို လက်ရှိကျခံနေတဲ့ ပြစ်ဒဏ်ကနေ ထက်ဝက်ကာလ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ နစကကောင်စီက ကြေညာလိုက်ပါတယ်။ အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ သူရဦးအောင်ကို ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ပုဒ်မခွဲ ၁ အရ ကျခံရမယ့်ပြစ်ဒဏ်တွေရဲ့ထက်ဝက်ကာလကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တာဖြစ်တယ်လို့ ပြန်တမ်းမှာရေးသားထားပါတယ်။ သူရ ဦးအောင်ကို ကို ပြီးခဲ့တဲ့မတ်လ ၁၄ ရက်နေ့ကမှ ရန်ကုန်တိုင်းတရားလွှတ်တော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ အမှု ၄ ခုအတွက် တစ်မှုကို ထောင်ဒဏ် ၃ နှစ်စီနဲ့ စုစုပေါင်းအလုပ်နဲ့ထောင်ဒဏ် (၁၂)နှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။ သူရဦးအောင်ကို ကို နိုင်ငံတော်မှ လူပုဂ္ဂိုလ်တွေကို သာသနာ့နုဂ္ဂဟဘွဲ့ တံဆိပ် ၈ မျိုး နှစ်စဉ်ချီးမြှင့်ပေးအပ်တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာပုဂ္ဂိုလ်တွေထံကနေ ငွေသားကျပ်သိန်း ၁၀၀…

Read More

ရေငုပ်သင်္ဘောပေါ်မှ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ တောင်ကိုရီးယား စမ်းသပ်ပစ်ခတ်

ဆိုးလ်၊ ဧပြီ-၂၃-၂၀၂၂ မျိုးဆက်(VOM) တောင်ကိုရီးယားဟာ ရေငုပ်သင်္ဘောပေါ်မှ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ယခုသီတင်းပတ်အတွင်းက အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီ ပဲ့ထိန်းဒုံးကျည်တွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ခြင်းမရှိပါဘူး။ တန် ၃၀၀၀ အလေးချိန်ရှိတဲ့ ရေငုပ်သင်္ဘောတစ်စင်းပေါ်မှ ဧပြီ ၁၈ ရက်မှာ ဒုံးကျည်နှစ်စင်းကို ပစ်ခတ်ခဲ့ပြီး ကီလိုမီတာ ၄၀၀ အကွာ ပင်လယ်ပြင်အတွင်းရှိ ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း တောင်ကိုရီးယား သတင်းဌာနတွေက ဖော်ပြထားပါတယ်။ တောင်ကိုရီးယားဟာ ရေငုပ်သင်္ဘောပေါ်မှ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကို လွန်ခဲ့တဲ့နှစ် စက်တင်ဘာလမှာ ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ပြီးနောက် ယခုပစ်ခတ်မှုကတော့ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဒုံးကျည်တွေပစ်ခတ်စမ်းသပ်မှု အောင်မြင်တာဟာ နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည် ဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူဖြစ်စေပြီး စစ်ဆင်ရေးတွေမှာ အဲဒီဒုံးကျည်တွေကို ဖြန့်ကြက်သွားဖို့ မျှော်လင့်ထားကြောင်း တောင်ကိုရီးယားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: NHK…

Read More

မြန်မာ့ပြောင်းဆန်တွေကို တရုတ်နိုင်ငံရဲ့၀ယ်ယူမှု မြင့်တက်နေ

ပေကျင်း၊ ဧပြီ-၂၃-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံက ပြောင်းဆန်တွေကို တရုတ်နိုင်ငံရဲ့၀ယ်ယူမှုဟာ မတ်လအတွင်းက မြင့်တက်ခဲ့ကြောင်း ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်တဲ့ တရုတ်အကောက်ခွန်အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ကမ္ဘာပေါ်မှာ ပြောင်းတင်သွင်းမှုအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ မတ်လအတွင်း မြန်မာနိုင်ငံက ပြောင်းဆန် ၁၆၄၀၈ တန်တင်သွင်းခဲ့ပြီး ယခင်နှစ်က၀ယ်ယူခဲ့တဲ့ တန်ချိန် ၂၅၃၀ ထက် ၆၄၀ ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန်အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက ပြောင်းတင်သွင်းမှုကို ဖေဖော်ဝါရီလအတွင်းက ပြန်လည် ခွင့်ပြုခဲ့ တာဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်းမှာ အဝါရောင်ပြောင်းဆန် ၂ ဒသမ ၄၅ သန်း ထုတ်လုပ်ခဲ့တဲ့ မြန်မာနိုင်ငံကနေ ပြောင်းဆန် ၇၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ၀ယ်ယူခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ ယူကရိန်းဆီကနေလည်း ပြောင်းဆန်း၀ယ်ယူမှုဟာ မတ်လအတွင်း ၆၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး…

Read More

တမူးမြို့ပြည်သူ့ဆေးရုံမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့

ဧပြီ ၊ ၂၃-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ တမူးမြို့ ၊ မြို့နယ်ပြည်သူ့ဆေးရုံထဲမှာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပေါ်ခဲ့တယ်လို့ တမူးမြို့မရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။ ” ဆေးရုံဝန်းထဲက ရုံးအဆောက်အဦးတစ်လုံး မီးလောင်တာပါ ၊ ဒီမနက် ၈ နာရီမှာ အလုံးစုံ မီးငြိမ်သတ်နိုင်ပါပြီ ၊ မီးစတင်လောင်ကျွမ်းရတဲ့ အဓိကအချက်ကတော့ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ဖို့များတယ် ” လို့ တမူးမြို့နယ် မီးသတ်ဦးစီးဌာနရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ မီးလောင်ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေရဲ့ခန့်မှန်းတန်ဖိုးကိုတော့ စီစစ်တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ တမူးမြို့ဟာ မြန်မာ-အိန္ဒိယ ၂ နိုင်ငံနယ်စပ်မှာ တည်ရှိပြီး မကြာခဏ ထိတွေ့တိုက်ပွဲငယ်တွေဖြစ်ပွားပြီး လူနေအဆောက်အဦးတွေနဲ့ ရုံးဌာနအဆောက်အဦးတချို့ မီးလောင်တတ်လေ့ရှိတယ်လို့ တမူးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ #voiceofmyanmar #VOM #တမူး #ဆေးရုံ #မီးလောင်မှု

Read More

ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ကုလအကြီးအကဲနဲ့ ရုရှား၊ ယူကရိန်းသမ္မတတို့ တွေ့ဆုံဆွေးနွေးမယ်

ကုလသမဂ္ဂ၊ ဧပြီ-၂၃-၂၀၂၂ မျိုးဆက်(VOM) ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇီလန်စကီးတို့နဲ့ လာမယ့်သီတင်းပတ်မှာ တွေ့ဖို့ စီစဉ်ထားပါတယ်။ ကုလသမဂ္ဂအကြီးအကဲဟာ ဧပြီ ၂၆ ရက်မှာ ရုရှားနိုင်ငံကို သွားရောက်မှာဖြစ်ပြီး မော်စကိုမှာ ရုရှားသမ္မတ ပူတင်၊ နိုင်ငံခြားရေး၀န်ကြီး ဆာဂီလပ်ရော့ဗ်တို့နဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ယူကရိန်းသမ္မတ ဇီလန်စကီး၊ နိုင်ငံခြားရေး၀န်ကြီး ဒီမီထရိုကူလီဘာတို့နဲ့ တွေ့ဆုံဖို့ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ဧပြီ ၂၈ ရက်မှာ သွားရောက်ဖို့ရှိနေပါတယ်။ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပဋိပက္ခကြား၀င်စေ့စပ်ရေးမှာ ပိုမိုတက်ကြွစွာပါ၀င်ပေးဖို့ ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်အပေါ် မကြာသေးမီက ဖိအားတွေ တိုးလာခဲ့့ပါတယ်။ ယူကရိန်းမှာ ငြိမ်းချမ်းရေးရရှိဖို့တွက် အရေးတကြီးဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ ရုရှားနဲ့ ယူကရိန်း သမ္မတတို့ဆီကို ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ကတဆင့်ပေးပို့တဲ့စာမှာ ကုလသမဂ္ဂအကြီးအကဲက တိုက်တွန်းထားပါတယ်။ Ref: BBC Photo:Getty…

Read More
VOM News

FREE
VIEW