ကမ္ဘာ့အသက်အကြီးအဆုံး ဂျပန်အမျိုးသမီးကြီး အသက် ၁၁၉ နှစ်အရွယ်မှာ ကွယ်လွန်

တိုကျို၊ ဧပြီ-၂၆-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် တရား၀င်အသိအမှတ်ပြုခံထားရတဲ့ ဂျပန်အမျိုးသမီးကြီးဟာ အသက် ၁၁၉ နှစ်အရွယ် ဧပြီ ၂၅ ရက်မှာ ကွယ်လွန်သွားပါတယ်။ ကာနီတာနာကာလို့ အမည်ရတဲ့ အဲဒီဂျပန်အမျိုးသမီးကြီးဟာ ၁၉၀၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး မွေးချင်းကိုးဦးအနက် ခြောက်ဦးမြောက်ဖြစ်ပါတယ်။ အသက် ၁၉ နှစ်တွင် အိမ်ထောင်ကျခဲ့ပြီး ခေါက်ဆွဲဆိုင်အပါအ၀င် လုပ်ငန်းမျိုးစုံ လုပ်ကိုင်ခဲ့ပါတယ်။ သူဟာ လက်ထပ်ပြီး သားသမီးလေးဦးထွန်းကားခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာတော့ သက်ကြီး စောင့်ရှောက်ရေးဂေဟာမှာ နေထိုင်ခဲ့ကာ ဂိမ်းကစားခြင်းနဲ့ချောကလက်တွေကို နှစ်သက်သူဖြစ်ပါတယ်။ ကာနီတာနာကာကို ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် ၂၀၁၉ ခုနှစ်မှာ တရား၀င်အသိအမှတ်ပြုခဲ့ပြီး သူကွယ်လွန်မှုကြောင့် လက်ရှိကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် အသက် ၁၁၈ နှစ်အရွယ် ပြင်သစ်သီလရှင် လူစီရယ်ရန်ဒန် ဖြစ်လာပါတယ်။ ကမ္ဘာ့အသက်အရှည်ဆုံးလူသားအဖြစ် စံချိန်တင်ခဲ့သူမှာ ပြင်သစ်အမျိုးသမီး ဂျင်းနီလူး၀စ်ကယ်လ်မန့် ဆိုသူဖြစ်ပြီး အသက် ၁၂၂ နှစ်နဲ့ ၁၆၄ ရက်…

Read More

အင်းစိန်အကျဥ်းထောင်မှ နိူင်ငံရေးအကျဥ်းသားအချို့ ထောင်ပြောင်းရွှေ့ခံရ

ဧပြီ ၂၆-၂၀၂၂ KK(VOM) အင်းစိန်အကျဥ်းထောင်မှ နိူင်ငံရေးအကျဥ်းသားအချို့ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အကျဥ်းထောင်အသီးသီးကို ပြောင်းရွှေ့ခဲ့တယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။ ဒီလိုပြောင်းရွှေ့ရာမှာ ကျောင်းသားသမဂ္ဂအချို့နဲ့ နိူင်ငံရေးအကျဥ်းသားအချို့လည်း ပါဝင်တယ်လို့ နိူင်ငံရေးအကျဥ်းသားဟောင်းတဦးက ပြောပါတယ်။ ” ရတကသ ဗဟိုအလုပ်အမှုဆောင် ကိုအောင်ဖုန်းမော်နဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒု ဥက္ကဋ္ဌ ကိုဆစ်နိုင်လည်းပါတယ်၊ အခြားနိူင်ငံရေးသမားတွေ NLD ပါတီဝင်တွေလည်းပါတယ်”လို့ သူက ပြောပါတယ်။ နိူင်ငံရေးအကျဥ်းသားတဦးရဲ့မိခင်က”မနေ့က အန်တီသားလေးပြောင်းတယ် သာယာဝတီထောင်ကို၊ သူကထောင်ဆယ်နှစ်ကျတာ ပြောင်းပြီးမှသိရတာ”လို့ ပြောပါတယ်။ ထောင်ပြောင်းရွှေ့ရာမှာ မိသားစုဝင်တွေအနေနဲ့ကြိုတင်မသိရတဲ့အတွက် ထောင်ကျနေသူတွေအတွက် စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ သူကပြောပါတယ်။ မိသားစုဝင်တွေကို အသိမပေးတာဟာ လုံခြုံရေးအနေအထားရဖြစ်ပြီး ထောင်ပြောင်းပြီးမှသာ မိသားစုကိုအသိပေးခဲ့တာဖြစ်လို့ အကျဥ်းဦးစီးဌာန တာဝန်ရှိသူတဦးက ​ရှင်းပြပါတယ်။ “လုပ်ငန်းသဘာဝအရ ပြောင်းရွှေ့တဲ့ဦးရေနဲ့ နေရာကိုထုတ်ပြန်ခြင်းမရှိပါဘူး၊ပြောင်းတဲ့အခါမှာ ပုဒ်မခွဲခြားခြင်းမရှိပါဘူး၊လုပ်ထုံးလုပ်နည်းနဲ့အညီ ပြောင်းသင့်သူတွေကိုပြောင်းပါတယ်”လို့ သူကပြောပါတယ်။ အင်းစိန်ထောင်ပြောင်းရွှေ့ရတဲ့အကြောင်းအရင်းဟာ ထောင်အတွင်း ကျပ်တည်းမှုရှိနေတဲ့အတွက် နေရာမပေးနိူင်လို့ နေရာလွတ်နေတဲ့ထောင်တွေကို ပြောင်းရွှေ့ပေးနေတာ အကျဥ်းဦးစီးဌာနကနေ…

Read More

စစ်ကိုင်းတိုင်းက မြစ်ချောင်း၊အင်းအိုင်အတွင်း လူသေ ရုပ်အလောင်းတွေ့ရှိရမှု များပြားလာ

ဧပြီ ၊ ၂၄-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်းက မြစ်ချောင်း၊အင်းအိုင်းနဲ့ မူးရေပေးတဲ့ မြောင်းလက်တံတွေထဲမှာ လူသေရုပ်အလောင်းတွေ မကြာခဏ မျှောပါလာတဲ့အတွက် နယ်မြေခံ လူမှုကူညီရေးအသင်းတွေက ဆယ်ယူသင်္ဂြိုဟ်ပေးနေရတယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ ” အခု ဧပြီ ၁ လထဲမှာ ရေထဲက ဆယ်ယူသင်္ဂြိုဟ်ပေးရတဲ့ ရုပ်အလောင်းပေါင်း ဒါဇင်နဲ့ချီပြီး ရှိနေတာပါ ၊ သာမန် ရေနစ်သေဆုံးတဲ့ လက္ခဏာနဲ့ တွေ့ရတဲ့ ရုပ်အလောင်းတွေရှိသလို ၊ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံး ရုပ်အလောင်းတွေလည်းပါတယ်၊ တချို့ ရုပ်အလောင်းဆိုရင် ဦးခေါင်းပြတ်တွေပါ တွေ့ရတယ် ” လို့ ရွှေဘိုမြို့ခံ လူမှုကူညီရေးအသင်းသားတယောက်က ပြောပါတယ်။ မနေ့ ဧပြီ၂၃ ရက် နေ့လယ်ပိုင်းက မြင်းမူမြို့နယ် ၊ ပျော့ရွာအနီးက မူးမြစ်ထဲမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးပုတ်ပွနေတဲ့ အမျိုးသား ရုပ်အလောင်း ၁ လောင်း…

Read More

မန္တ​လေး -မုံရွာ -ရေဦး ကားလမ်းပေါ်က BOC ဆီအရောင်းဆိုင် ဓားပြတိုက်ခံရတယ်လို့ ဆီလုပ်ငန်းရှင်တွေဆီက သိရ

ဧပြီ ၊ ၂၄-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ဖန်းခါးကျင်းရွာအနီး ၊မန္တလေး မုံရွာ ရေဦး ကားလမ်း ၊ မိုင်တိုင်အမှတ် ၉၅ / ၁ နဲ့ ၂ အကြားက BOC စက်သုံးဆီ အရောင်းဆိုင်ဟာ မနေ့ဧပြီ၂၃ရက် ညနေပိုင်းမှာ ဓားပြအတိုက်ခံရပြီး စက်သုံးဆီရောင်းရထားတဲ့ ပိုက်ဆံတွေ ပါသွားတဲ့အပြင် ဆိုင်ကိုပါ ရိုက်ချိုးဖျက်စီးထားခဲ့တယ်လို့ မုံရွာ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” သေနတ်သမား ၁၀ ယောက်ဝန်းကျင်က ဆိုင်ကယ် ၇ စီးနဲ့ ဆိုင်ထဲကိုဝင်ရောက်လာပြီး ၊ ဆိုင်က ဝန်ထမ်းအားလုံးကို မြေပြင်မှာ ဝမ်းလျားမှောက်ခိုင်းထားတယ် ၊ နောက်ပြီး ဆီရောင်ရ ကောင်တာငွေ ၁၀ ဆယ်သိန်းကျော်ကို ယူသွားတယ် ” လို့ အမည်မဖော်လိုတဲ့ ဆိုင်ဝန်ထမ်းတယောက်က…

Read More

နျူးကလီးယား သယ်ဆောင်ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်သစ်တွေဖြန့်ကြက်ဖို့ ရုရှားစီစဥ်နေ

မော်စကို ၊ ဧပြီ ၂၄- ၂၀၂၂ မျိုးဆက်(VOM) ရုရှားနိုင်ငံဟာ မကြာသေးမီက စမ်းသပ်ပစ်ခတ်ခဲ့တဲ့ တိုက်ချင်းပစ်ဒုံးကျည် အမျိုးအစားသစ်ကို လာမယ့်ဆောင်းဦးမှာ ဖြန့်ကျက်ဖို့ စီစဉ်နေကြောင်း ရုရှားအာကာသအေဂျင်စီ အကြီးအကဲက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားတွင် စနေနေ့က ထုတ်လွှင့်ခဲ့တဲ့အင်တာဗျူးတစ်ခုတွင် ရုရှားအာကသအေဂျင်စီညွှန်ကြားရေးမှူးချုပ် Dmitry Rogozin က ပျံသန်းမှုဆိုင်ရာ စမ်းသပ်မှုများ ပြီးဆုံးတာနဲ့ Sarmat ဒုံးကျည်စနစ် ဖြန့်ကြက်မှုကို စတင်တော့မယ်လို့ ဆိုပါတယ်။ အဲဒီဒုံးကျည်စနစ်ကို ဆောင်းဦးထက် နောက်မကျစေဘဲ အသုံးပြုနိုင်တော့မှာဖြစ်ပြီး ဆိုက်ဘေးရီးယားဒေသမှာ အခြေစိုက်ဖွယ်ရှိတယ်လို့ သူကဆိုပါတယ်။ ရုရှားဟာ ဒုံးကျည်အမျိုးအစားသစ်ဖြစ်တဲ့ Sarmat တိုက်ချင်းပစ် ဒုံးကျည်ကို နိုင်ငံ မြောက်ပိုင်းမှ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အရှေ့ဘက် ကီလိုမီတာ ၅၇၀၀ အကွာ Kamchatka ကျွန်းဆွယ်ရှိ ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ အဲဒီဒုံးကျည်ဟာ…

Read More

ရန်ကုန်မန္တလေးအမြန်လမ်းမှာ Express ကားတစ်စီးချောက်ထဲထိုးကျ ထိခိုက်ဒဏ်ရာရသူတွေရှိ

ဧပြီ ၂၄-၂၀၂၂ KK(VOM) ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၉၉ မိုင် ၆ ဖာလုံ မှာ ဒီနေ့ မနက်ပိုင်းက Express ကားတစ်စီးချောက်ထဲထိုးကျပြီး ခရီးသည် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ ပျော်ဘွယ်မြို့ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ နန်းထိုက်တော်၀င် Express ကားမှာ ဒီနေ့ မနက် ငါးနာရီဝန်းကျင်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၉၉ မိုင် ၆ ဖာလုံ အရောက်မှာ ဘီးပေါက်ပြီး ချောက်ထဲထိုးကျကာ ခရီးသည် ၁၀ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သွားရောက်ကူညီပေးနေတဲ့ ပရဝိတအဖွဲ့ဝင်တဦးက ပြောပါတယ်။ “သေတဲ့သူမရှိဘူး ယောက်ကျ်ားလေးတယောက်ကတော့ စိုးရိမ်ရတယ်၊ အားလုံးဆယ်ယောက်ဒဏ် ရာရတယ်”လို့ ပြောပါတယ်။ ယာဉ်တိမ်းမှောက်တဲ့နေရာကို မြိုချောင်း အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲဝင်တွေ ပရဟိတအဖွဲ့တွေပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက…

Read More

ဒေါက်တာခက်အောင် အဂတိလိုက်စားမှုဥပဒေနဲ့ ထောင် ၁၂ နှစ်ချမှတ်ခံရ

ဧပြီ ၂၄-၂၀၂၂ VOM (GG) အဂတိလိုက်စားမှု ပုဒ်မနဲ့ တရားစွဲခံထားရတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်ကို ကချင်ပြည်နယ်တရားလွှတ်တော်က အလုပ်နဲ့ထောင်ဒဏ် (၁၂)နှစ် ချမှတ်လိုက်တယ်လို့သိရပါတယ်။ နောက်ပြီး ပြည်နယ်ဝန်ကြီးဟောင်းတွေဖြစ်ကြတဲ့ ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း(ခ)ဦးဒါရှီလဆိုင်း၊ ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနဲ့ ဦးနေဝင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင် တို့ကိုလည်း အလုပ်နဲ့ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ “ဦးဝေလင်း ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၉ နှစ် ၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း (ခ)ဦးဒါရှီလဆိုင်း၊ ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနဲ့ ဦးနေဝင်း တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီ၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင် ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆…

Read More

မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားထိပ်ဗုံးပေါက်မှု ဒုရဲအုပ်အပါအဝင် (၂)ဦးဒဏ်ရာရ

ဧပြီ ၂၄-၂၀၂၂ KK(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားထိပ်(မြန်မာဘက်ခြမ်း)မုဒ်ဦးမှာ မနေ့ည ၁၁ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုကြောင့် မြဝတီမြို့မရဲစခန်းမှ ဒုရဲအုပ် အပါအဝင်နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အမည်မဖော်လိုသူရဲအရာရှိတဦးက”မြို့မရဲစခန်းက ရဲနှစ်ဦးထိတာပါ၊ ဒုရဲအုပ်ကတော့ စိုးရိမ်ရတယ် ဒုတပ်ကြပ်က သိပ်မစိုးရိမ်ရဘူး အခုဆေးရုံမှာပါ ပျက်စီးဆုံးရှုံးမှုလည်း အတော်များတယ်”လို့ ပြောပါတယ်။ ဒဏ်ရာရရှိသူနှစ်ဦးဟာ မြဝတီမြို့မရဲစခန်းက ဒုရဲအုပ်ရဲ ဝင်းနိူင်နဲ့ ဒုတပ်ကြပ်ဝင်းသိန်းဦးတို့ဖြစ်ပြီး လက်တလော မြဝတီခရိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ အဲ့ဒီပေါက်ကွဲမှုနဲ့ပတ်သတ်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ဌာနဆိုင်ရာက စီစစ်နေဆဲဖြစ်တယ်လို့လည်း အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတဦးက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကို မည့်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့တာဆိုတာကိုတော့ VOM သတင်းဌာနအနေနဲ့သီးခြားအတည်ပြုနိူင်ခြင်းမရှိပါဘူး။ ဒီကနေ့မှာတော့ ကရင်လွှတ်မြောက်ရေးတပ်မတော်မှ “မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ သွားလာပြေးဆွဲနေတဲ့ ခရီးသည်တင်မော်တော်ယာဉ်၊ အရပ်သားကားများ၊ကုန်တင်မော်တော်ယာဉ်တွေကို အကြောင်းမဲ့နှောင့်ယှက်ပစ်ခတ်ခြင်း၊မီးရှို့ဖျက်ဆီးခြင်းများမပြုလုပ်ဖို့ စာထုတ်ပြန်ခဲ့တာလည်း ရှိပါတယ်။ ဒီထုတ်ပြန်ချက်ကို သက်ဆိုင်ရာ ကေအဲန်ယူတပ်မဟာ/တပ်ရင်းများအတွင်းရှိ အောက်ခြေအဆင့်ဆင့်ရှိ…

Read More

ပဲခူတိုင်းမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ(၁)ဦး နဲ့ လူငယ်(၂)ဦး ဖမ်းဆီးခံရ

ဧပြီ၂၄-၂၀၂၂ VOM (GG) ပဲခူးတိုင်းမှာ မနေ့ ဧပြီ ၂၃ရက်ညပိုင်းနဲ့ ဒီကနေ့ မနက်ပိုင်းမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ(၁)ဦး နဲ့ လူငယ်(၂)ဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ ပြည်မြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုကျော်ကျော်ဉာဏ်ဝင်းကို မနေ့ည ၉ နာရီကျော်လောက်မှာ စစ်တပ်က လာဖမ်းသွားတာဖြစ်ပြီး၊ဘာကြောင့်ဖမ်းသလဲ ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာ မသိရှိရသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ ” မနေ့က မနက် ၁၀ နာရီလောက်မှာ မေးစရာ ရှိလို့ဆိုပြီး စစ်တပ်ကလာခေါ်သွားတယ်။ညနေကြတော့ ပြန်လွှတ်ပေးတယ်။ ညဘက်ရောက်တော့ ပြန်ပြီးထပ်လာဖမ်းသွားတယ်။ဘာကြောင့်လဲမသိရဘူး ” လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ ကိုကျော်ကျော်ဉာဏ်ဝင်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကလည်း စစ်တပ်က သဘာဝဘေးဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုထောင်ချခဲ့ပြီး အောက်တိုဘာလ ၁၈ရက်နေ့ကမှ ပြည်အကျည်းထောင်ကနေ ပြန်လည်လွှတ်မြောက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့ လှပခြင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး…

Read More

ပြင်ဦးလွင်-မန္တလေးကားလမ်းမှာ ၂၂ ဘီးကား ဘရိတ်ပေါက်ပြီး ထော်လာဂျီဝင်တိုက်မိ လူ ၁ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

ဧပြီ ၊ ၂၅-၂၀၂၂ SP ( VOM) မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့နယ် ၊ မန္တလေး – ပြင်ဦးလွင်ကားလမ်း ၊ မိုင်တိုင်အမှတ် ၂၄ မိုင် ၇ ဖာလုံနဲ့ ၂၅ မိုင်အကြားနေရာမှာ ဒီကနေ့မနက်အစောပိုင်း ၁ နာရီအချိန်ခန့်က ယာဥ် ၂ စီး မတော်တဆမှုဖြစ်ပွားကာ ဒဏ်ရာရ သေဆုံးသူတွေရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” လားရှိုးကနေ မန္တလေးဘက်ကို ပြောင်းဆန်အိတ်တွေတင်ဆောင်လာတဲ့ ၂၂ ဘီးကားက ဘရိတ်ပေါက်ပြီး လမ်းရဲ့ညာယာဥ်ကြောမှာရှိတဲ့ ထော်လာဂျီကို ဝင်တိုက်မိတာ “လို့ ပြင်ဦးလွင်ခရိုင်မီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေး တာဝန်ရှိသူတယောက်က ပြောပါတယ်။ အဲ့ဒီယာဥ်တိုက်မှုကြောင့် အခင်းဖြစ်နေရာမှာ အမျိုးသား ၁ ဦး သေဆုံးပြီး ၊ ၂ ဦး ထိခိုက်ဒဏ်ရာရတဲ့အတွက် ပြင်ဦးလွင် နာမှုကူညီရေးအသင်းက ပြင်ဦးလွင်…

Read More
VOM News

FREE
VIEW