ဗန်းမောက်စစ်ဆေးရေးဂိတ်နားမှာ ပစ်ခတ်တာတွေ ဖြစ်ပြီး ဒုရဲအုပ် ၁ ဦး အပါအဝင် ရဲ ၂ ဦး ၊ မီးသတ် ၁ ဦး သေဆုံး

ဧပြီ ၊ ၂၆ ၊ ၂၀၂၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ဗန်းမောက်မြို့ ၊ မြို့ဝင် စစ်ဆေးရေး ဂိတ်နားမှာ ဒီကနေ့ ညနေပိုင်းက ပစ်ခတ်တာတွေဖြစ်ပြီး စက်သုံးဆီဆိုင်တွေ မီးလောင်ကုန်တဲ့အပြင် ရဲ ၂ ဦး နဲ့ မီးသတ် ၁ ဦးလည်း သေဆုံးသွားတယ်လို့ ဗန်းမောက်မြို့ခံတွေဆီက သိရပါတယ်။ ” ဒီကနေ့ ညနေပိုင်း ၃ နာရီဝန်းကျင်က မြို့ဝင်စစ်ဆေးရေး ဂိတ်မှာ ပစ်ခတ်ခံရတာပါ ၊ ၂ ဖက်ပစ်ခတ်ချိန် နာရီဝက်ကျော်လောက်ကြာတယ် ၊ နယ်ထိန်းရဲအရာရှိ ဒုရဲအုပ် ၁ ဦး ၊ ရဲဒုတပ်ကြပ် ၁ ဦးနဲ့ မီးသတ် ဒုတပ်ကြပ် ၁ ဦး ကျည်ဆံထိမှန် သေဆုံးတယ် ၊…

Read More

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်း၊ဦးချစ်ခိုင်သားအဖအပါအဝင် ၆ ဦးကို အဂတိပုဒ်မနဲ့အမှုဖွင့်

ဧပြီ ၂၆-၂၀၂၂ KT+KK(VOM) ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်း၊ဦးချစ်ခိုင်သားအဖအပါအဝင် ၆ ဦးကို အဂတိပုဒ်မနဲ့ဒီကနေ့ နေပြည်တော်မှာ အမှုဖွင့်လိုက်တယ်လို့ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မတီကနေ သိရပါတယ်။ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်း၊ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြား ရေးမှူးဟောင်း ဦးကျော်ဆန်း၊ လျှပ်စစ်ဓာတ်အား ပေးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး၊ ကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်နဲ့ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ မနေ့ နေ့လယ်ပိုင်းက ပုဒ်မ-၅၅/၆၃နဲ့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ နကစပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ “ဖမ်းတာဟုတ်ပါတယ် မနေ့က ဖမ်းလိုက်တာ သူရယ် သူသားရယ် ဝန်ကြီးဟောင်းတွေလည်းပါတယ်၊ အခုတရားစွဲဆိုနိူင်ဖို့ ဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။ အမှုဖွင့်ရတဲ့အကြောင်းအရင်းမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအတွက် လိုအပ်သော ကျောက်မီးသွေး ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း ဆောင်ရွက်ချက်များတွင်…

Read More

ဆေးကျောင်းတက်မယ့်သူတွေ ဘွဲ့ရပြီးနောက် နိုင်ငံတာဝန် မထမ်းဆောင်ရင် သိန်း ၆၀၀ လျော်ရမယ်

ဧပြီ ၂၆-၂၀၂၂ VOM (GG) ၂၀၂၀ တုန်းက ဆယ်တန်းစာမေးပွဲအောင်ခဲ့ပြီး ဆေးကျောင်းတက်မယ့်သူတွေအနေနဲ့ နိုင်ငံတာဝန်ကို ၅ နှစ်ထမ်းဆောင်ရမှာဖြစ်ပြီး မထမ်းဆောင်နိုင်ခဲ့ပါက သိန်း ၆၀၀ ပေးလျော်ရမယ်ဆိုတဲ့ ကတိဝန်ခံချက် စာချုပ်တစောင် ဒီကနေ့မနက်ပိုင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထွက်ပေါ်လာပါတယ်။ စည်းကမ်းချက်ဖောက်ဖျက်ရင် အထွေထွေဆေးကုသခွင့်လိုင်စင် (ဆမ)လည်းရရှိမှာမဟုတ်ကြောင်း၊ သိန်း ၆၀၀ ကို ၁လအတွင်း ပေးလျော်ရမှာဖြစ်တယ်လို့ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတွေ ချုပ်ဆိုရမယ့် ကတိဝန်ခံချက်စာချုပ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ ဆေးမကုတော့တဲ့ ဆရာဝန်တယောက်က”ကျနော်တို့ ခေတ်ကတော့ သိန်း၅၀ပဲလျော်ရတယ်၊ (ဆမ)မသိမ်းခံရဘူး၊ အခု သိန်း၆၀၀ဆိုတော့ လစာ၃သိန်းရတဲ့ ဆရာဝန်တယောက်အတွက် အဆမတန်များလွန်းတယ်၊ ဒီကိစ္စ CDMတွေနဲ့ ပတ်သက်မယ်လို့တော့ ထင်တယ်၊ နောက်တော့ ပြန်ပြင်လိမ့်မယ်ထင်ပါတယ်”လို့ပြောပါတယ်။ အဲ့ဒီစာချုပ်မှာ ဆေးတက္ကသိုလ်ကနေ ဆေးပညာဘွဲ့ရပါက နိုင်ငံ့တာဝန်အဖြစ် အနည်းဆုံး ငါးနှစ်၊ ဘွဲ့လွန်ပြီးမြောက်ပါက နိုင်ငံ့ဝန်ထမ်းအဖြစ်အနည်းဆုံး ငါးနှစ် မပျက်အကွက်…

Read More

စစ်ကိုင်းတိုင်းမှာ ချိတ်ပိတ်သိမ်းဆည်းခံရတဲ့ အဆောက်အဦးနဲ့ မြေနေရာပေါင်း ၁၀၀ နီးပါးအထိ ရှိလာ

ဧပြီ ၊ ၂၆ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်းက မြို့နယ် ၃၀ ကျော်မှာ နိုင်ငံတော်ပိုင်ဆိုပြီး ချိတ်ပိတ် သိမ်းဆည်းခံရတဲ့ အဆောက်အဦးနဲ့ မြေနေရာပေါင်း ၁၀၀ နီးပါးအထိ ရှိလာနေပြီလို့ မုံရွာ နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့က ချောင်းဦးမြို့ ၊ ရန်အောင်မြေရပ်ကွက်ထဲက ကိုမင်းခန့်ဇော်ရဲ့ နေအိမ် အဆောက်အဦးနဲ့ မြေနေရာကို ချိတ်ပိတ်သိမ်းဆည်းတယ် ၊ ဒီကနေ့ မနက်ပိုင်းမှာတော့ ယင်းမာပင်မြို့ ၊ (ဂ) ရပ်ကွက်ထဲက CDM ပညာရေးဝန်ထမ်း ဦးမောင်မောင်ဆွေရဲ့ အဆောက်အဦးနဲ့ မြေနေရာကို ချိတ်ပိတ်သိမ်းဆည်းခံရတယ် ” လို့ မုံရွာ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။ အဲ့ဒီလို အဆောက်အဦးနဲ့ မြေနေရာတွေ ချိတ်ပိတ် သိမ်းဆည်းခံရတာဟာ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၀…

Read More

ယူကရိန်းအရေးကြောင့် တတိယကမ္ဘာစစ် ဖြစ်ပွားလာနိုင်ကြောင်း ရုရှားသတိပေး

မော်စကို၊ ဧပြီ-၂၆-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းအရေးနဲ့ပတ်သက်ပြီး တတိယကမ္ဘာစစ် ဖြစ်ပွားလာနိုင်တဲ့ အမှန်တကယ်ခြိမ်းခြောက်မှု အခြေအနေရှိနေတယ်လို့ ရုရှားနိုင်ငံခြားရေး၀န်ကြီး ဆာဂေးလပ်ဗရော့ဗ်က သတိပေးပြောဆိုလိုက်ပါတယ်။ စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းနိုင်ငံအတွက် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက လက်နက်တွေထပ်ပြီး ပေးပို့ဖို့အတွက် ဧပြီ ၂၆ ရက်မှာ မဆွေးနွေးမီ ရုရှားဘက်က အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။ ရုရှားဟာ အိမ်နီးချင်းယူကရိန်းကို ၀င်ရောက်တိုက်ခိုက်တာကြောင့် အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်းအတွက် လက်နက်ထောက်ပံ့မှုတွေ အရှိန်မြှင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နျူကလီးယားပိုင်ဆိုင်ထားတဲ့ ရုရှားနဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်မှာကို စိုးရိမ်တာကြောင့် သူတို့ရဲ့ ပါ၀င်ပတ်သက်မှုကို ထဲထဲ၀င်၀င်မဖြစ်ဖို့ သတိထားနေကြပါတယ်။ တတိယကမ္ဘာစစ်ဖြစ်မယ့် အန္တရာယ်ဟာ တကယ်ကိုပြင်းထန်နေပြီး အမှန်တကယ်ဖြစ်ကြောင်း၊ ဒီကိစ္စကို လျှော့မတွက်သင့်ဘူးလို့ ရုရှားနိုင်ငံခြားရေး၀န်ကြီးက သတိပေးခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ယူကရိန်းရဲ့ ရှုပ်ထွေးတဲ့ချဉ်းကပ်မှုတွေကိုလည်း သူက ဝေဖန်ပြောဆိုပါတယ်။ ယခုသီတင်းပတ်ကုန်ပိုင်းက အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်နဲ့ နိုင်ငံခြားရေး၀န်ကြီးဘလင်ကင်တို့ဟာ ယူကရိန်းကိုသွားရောက်ပြီး သမ္မတဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ကာ…

Read More

စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင် ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံနေရ

ဧပြီ ၂၆-၂၀၂၂ VOM (GG) Denko ဆီဆိုင်ပိုင်ရှင်လည်းဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ကို စစ်တပ်က ခေါ်ယူထိန်းသိမ်းပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ မနေ့ ဧပြီ၂၅ ရက်နေ့ ညနေပိုင်း ပြည်ပခရီးစဉ်တခုကနေ အပြန် ရန်ကုန်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး ဘာကြောင့်ထိန်းသိမ်းစစ်ဆေးနေတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ” အန်ကယ်တို့လည်း ခုနကမှ သတင်းသိရတာပဲ။ မနေ့က ဘန်ကောက်ကအပြန် ဖမ်းခံရတာလို့တော့ကြားပေမယ့် သေချာတော့မသိပါဘူး”လို့ ရန်ကုန်ကစီးပွားရေး လုပ်ငန်းရှင်တဦးကပြောပါတယ်။ ဦးချစ်ခိုင်ဟာ ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွား၊ စွမ်းအင်စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံရဲ့အကြီးဆုံးလုပ်ငန်းစုကြီးတခုဖြစ်တဲ့ Eden Group of Companies ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး Myanmar Apex Bank ၊ လောင်စာဆီဆိုင် Denko တို့ကိုလည်း ပိုင်ဆိုင်ထားတဲ့လုပ်ငန်းရှင်တဦးဖြစ်ပါတယ်။ ဦးချစ်ခိုင် ခေါ်ယူစစ်ဆေးခံရတာနဲ့ပတ်သက်ပြီး နစကဘက်ကနေ တစုံတရာထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ စီးပွားရေးလုပ်ငန်းရှင်ဦးခင်ရွှေကိုလည်း…

Read More

ပြည်တွင်း စားအုန်းဆီစျေး ၇၅၀၀ ထိပြန်တက်၊ ဆီသိုလှောင်ပြီးစျေးကစားသူတွေကို အရေးယူမယ်လို့သိရ

ဧပြီ ၂၆-၂၀၂၂ VOM (GG) ပြည်တွင်းစားအုန်းဆီစျေးဟာ ယခုရက်ပိုင်းမှာ တစ်ပိသာကို ၇၅၀၀ကျပ်ထိ ပြန်လည်မြင့်တက်လာတယ်လို့ စားသုံးသူတွေဆီကသိရပါတယ်။ ” ပြီးခဲ့တဲ့ရက်က ၆၈၀၀ ၊ ၇၀၀၀ ရောင်းတယ်၊ အခုရက် ၇၅၀၀ ပြန်ဖြစ်သွားတယ်။ထပ်တက်အုံးမယ်လို့လည်း စျေးဆိုင်ကတော့ပြောတာပဲ။ မတတ်နိုင်ဘူးလေ တက်တော့လည်း ဘယ်လိုလုပ်မလဲ မစားလို့မှမရတာ ၊ တခုခုဆို ကျမတို့အောက်ခြေလူတွေကအရင်ထိတာပဲ ” လို့ စားသုံးသူပြည်သူတဦးကပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံက သူတို့ပြည်တွင်းမှာ ဆီစျေးကျဆင်းဖို့နဲ့ လိုအပ်ချက်မြင့်မားလာခြင်းအပါအဝင် ဆီ စားသုံးမှု ဖူလုံဖို့အတွက် ပြည်ပနိုင်ငံကို ဟင်းချက်ဆီနဲ့ ကုန်ကြမ်းတွေရောင်းချမှု ရပ်ဆိုင်းတော့မယ်ဆိုတဲ့ သတင်းကြောင့် အခုလိုမြန်မာနိုင်ငံမှာ စားအုန်းဆီစျေးပြန်လည်လှုပ်ခတ်လာတာဖြစ်တယ်လို့ သိရပါတယ်။ ” စျေးလေးပြန်ငြိမ်နေတာကို အင်ဒိုနီးရှားသတင်းကတက်လာတော့ ဆီစျေးကပြန်လှုပ်သွားတယ်၊သူတို့လည်းအကြာကြီးတော့ ပိတ်မယ်မထင်ပါဘူး။ စားအုန်းဆီကတော့အဓိက မလေးရှားကတင်သွင်းတာပေါ့။ အခုနှစ်ကတော့ စားအုန်းဆီစျေး စံချိန်တင်တက်တဲ့နှစ်လည်းဖြစ်တယ်၊လှုပ်ခတ်မှုအများဆုံးလည်းဖြစ်တယ်၊စားသုံးသူတွေလည်း ဒုက္ခအရောက်ဆုံးပဲ ” လို့ စားသုံးဆီ ရောင်းဝယ်ရေးလုပ်ကိုင်နေသူတဦးကပြောပါတယ်။…

Read More

နျူကလီးယားလက်နက်အစီအစဉ် အရှိန်မြှင့်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကတိပြု

ပြုံးယမ်း၊ ဧျပီ-၂၆-၂၀၂၂ မိျုးဆက်(VOM) မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်အစီအစဉ်ကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဧျပီ ၂၅ ရက်ညပိုင်းကပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ကတိပြုပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယား စစ်တပ်တည်ထောင်ခြင်းနှစ်ပတ်လည်နေ့မှာ ပြုလုပ်တဲ့ အဲဒီစစ်ရေးပြ အခမ်းအနားမှာယ ကုလသမဂ္ဂကတားမြစ်ပိတ်ပင်ထားတဲ့ တိုက်ချင်းပစ်ဒုံးကျည်ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ မိမိတို့နိုင်ငံရဲ့ နျူကလီးယားစွမ်းရည်ကို အမြန်ဆုံးအရှိန်အဟုန်နဲ့ အားကောင်းခိုင်မာစေဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး နျူကလီးယားတပ်ဖွဲ့တွေအနေနဲ့လည်း အချိန်မရွေးအသင့်ဖြစ်နေရမှာဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ထုတ်ဖော်ပြောဆိုပါတယ်။ မတ်လအတွင်းမှာ မြောက်ကိုရီးယားဟာ သူ့ရဲ့အကြီးဆုံးတိုက်ချင်းပစ်ဒုံးကျည်သစ်ကို စမ်းသပ်ခဲ့ပြီး ဒါဟာ ၂၀၁၇ ခုနှစ်မှာ ပထမဆုံးအကြိမ်စမ်းသပ်ခဲ့ပြီးနောက် ဒုတိယမြောက် စမ်းသပ်ခြင်းလည်းဖြစ်ပါတယ်။ ဒီကိစ္စအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး အမေရိကန်ကလည်း မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်မံချမှတ်ခဲ့ပါတယ်။ နျူကလီးယားထိပ်ဖူးတွေ တပ်ဆင်ပစ်ခတ်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ အဲဒီ တိုက်ချင်းပစ်ဒုံးကျည်ဟာ အမေရိကန်ပြည်မကြီးထိ ပစ်ခတ်နိုင်ဖွယ်ရှိနေပါတယ်။ Ref: BBC Photo:Reuters…

Read More

၂၀၁၇-၂၀၂၁ ခုနှစ်အတွင်း အိန္ဒိယရဲ့လက်နက်ထုတ်ကုန်အများစု မြန်မာနိုင်ငံကို ရောင်းချခဲ့

စတော့ဟုမ်း၊ ဧပြီ-၂၆-၂၀၂၂ မျိုးဆက်(VOM) ၂၀၁၇-၂၀၂၁ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံရဲ့ လက်နက်ထုတ်ကုန်တွေ တင်ပို့မှုရဲ့ ၅၀ ရာခိုင်နှုန်းဟာ အိမ်နီးချင်း မြန်မာနိုင်ငံကို ရောင်းချခဲ့ကြောင်း ဆွီဒင်အခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ သုတေသနဌာနက ဧပြီ ၂၅ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ အိန္ဒိယရဲ့ လက်နက်ထုတ်ကုန်တွေ ပြည်ပကိုတင်ပို့မှုမှာ မြန်မာနိုင်ငံကို ၅၀ ရာခိုင်နှုန်း ၊ သီရိလင်္ကာကို ၂၅ ရာခိုင်နှုန်းနဲ့ အာမေးနီးယားကို ၁၁ ရာခိုင်နှုန်းတင်ပို့ခဲ့ကြောင်း အဲဒီအစီရင်ခံစာမှာဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လက်နက်တင်ပို့မှုဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ ခြောက်ဆကျော်မြင့်တက်လာခဲ့တယ်လို့ အိန္ဒိယကာကွယ်ရေး၀န်ကြီးက ပြီးခဲ့တဲ့လမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာလည်း ၂၀၂၁ ခုနှစ်အတွင်းမှာ ဒေါ်လာ ၇၆ ဒသမ ၆ ဘီလီယံထိ အသုံးပြုခဲ့ပြီး အမေရိကန်၊ တရုတ်တို့ပြီးရင် တတိယနေရာမှာရပ်တည်နေပါတယ်။ ဒီလိုကာကွယ်ရေးအသုံးစရိတ်တွေ တိုးမြှင့်သုံးစွဲတာဟာ တရုတ်၊…

Read More

တွစ်တာကို ဘီလျံနာအီလွန်မာ့ခ်က တဦးတည်းပိုင် ၀ယ်ယူတော့မယ်

ဝါရှင်တန်၊ ဧပြီ-၂၆-၂၀၂၂ မျိုးဆက်(VOM) တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ၀ယ်ယူဖို့ ဘီလျံနာ အီလွန်မာ့ခ်ရဲ့ ကမ်းလှမ်းမှုကို တွစ်တာဘုတ်အဖွဲ့က ဧပြီ ၂၅ ရက်မှာ လက်ခံသဘောတူလိုက်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်းက အံ့အားသင့်ဖွယ်ကမ်းလှမ်းမှုပြုခဲ့တဲ့ အီလွန်မာ့ခ်က တွစ်တာကို ပြုလုပ်ပြောင်းလဲမှုတွေပြုလုပ်ဖို့ ကြီးမားတဲ့အလားအလာတွေရှိကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲဖို့ကိစ္စရပ်တွေထဲမှာ အကြောင်းအရာကန့်သတ်ချက်တွေကို ဖြေလျှော့ခြင်းမှ အကောင့်တုတွေပပျောက်ရေးထိ ပြောင်းလဲမှုတွေဆက်တိုက်ပြုလုပ်ဖို့လည်း ပါ၀င်ပါတယ်။ တွစ်တာကုမ္ပဏီဟာ အီလွန်မာ့ခ်ရဲ့ကမ်းလှမ်းမှုကို ကနဦးမှာ ငြင်းဆိုခဲ့ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသူ အီလွန်မာ့ခ်ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ခန့်မှန်းချေအားဖြင့် ဒေါ်လာ ၂၇၃ ဒသမ ၆ ဘီလီယံရှိကြောင်း Forbes မဂ္ဂဇင်းကဖော်ပြထားပါတယ်။ ပိုင်ဆိုင်မှုအများစုဟာ သူလုပ်ကိုင်နေတဲ့ တက်စ်လာလျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီမှာ ပိုင်ဆိုင်သတဲ့ ရှယ်ယာတွေကြောင့်ဖြစ်ပြီး အီလွန်မာ့ခ်ဟာ Space X အာကာသနည်းပညာကုမ္ပဏီကိုလည်း ဦးဆောင်နေသူဖြစ်ပါတယ်။ Ref: BBC Photo:Getty Images…

Read More
VOM News

FREE
VIEW