စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင် ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံနေရ

ဧပြီ ၂၆-၂၀၂၂
VOM (GG)

Denko ဆီဆိုင်ပိုင်ရှင်လည်းဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ကို စစ်တပ်က ခေါ်ယူထိန်းသိမ်းပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

မနေ့ ဧပြီ၂၅ ရက်နေ့ ညနေပိုင်း ပြည်ပခရီးစဉ်တခုကနေ အပြန် ရန်ကုန်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး ဘာကြောင့်ထိန်းသိမ်းစစ်ဆေးနေတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

” အန်ကယ်တို့လည်း ခုနကမှ သတင်းသိရတာပဲ။ မနေ့က ဘန်ကောက်ကအပြန် ဖမ်းခံရတာလို့တော့ကြားပေမယ့် သေချာတော့မသိပါဘူး”လို့ ရန်ကုန်ကစီးပွားရေး လုပ်ငန်းရှင်တဦးကပြောပါတယ်။

ဦးချစ်ခိုင်ဟာ ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွား၊ စွမ်းအင်စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံရဲ့အကြီးဆုံးလုပ်ငန်းစုကြီးတခုဖြစ်တဲ့ Eden Group of Companies ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး Myanmar Apex Bank ၊ လောင်စာဆီဆိုင် Denko တို့ကိုလည်း ပိုင်ဆိုင်ထားတဲ့လုပ်ငန်းရှင်တဦးဖြစ်ပါတယ်။

ဦးချစ်ခိုင် ခေါ်ယူစစ်ဆေးခံရတာနဲ့ပတ်သက်ပြီး နစကဘက်ကနေ တစုံတရာထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

စီးပွားရေးလုပ်ငန်းရှင်ဦးခင်ရွှေကိုလည်း ပြီးခဲ့တဲ့လပိုင်းကပဲ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဦးချစ်ခိုင် #ဖမ်းဆီးထိန်းသိမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW