တွစ်တာကို ဘီလျံနာအီလွန်မာ့ခ်က တဦးတည်းပိုင် ၀ယ်ယူတော့မယ်

ဝါရှင်တန်၊ ဧပြီ-၂၆-၂၀၂၂
မျိုးဆက်(VOM)

တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ၀ယ်ယူဖို့ ဘီလျံနာ အီလွန်မာ့ခ်ရဲ့ ကမ်းလှမ်းမှုကို တွစ်တာဘုတ်အဖွဲ့က ဧပြီ ၂၅ ရက်မှာ လက်ခံသဘောတူလိုက်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်းက အံ့အားသင့်ဖွယ်ကမ်းလှမ်းမှုပြုခဲ့တဲ့ အီလွန်မာ့ခ်က တွစ်တာကို ပြုလုပ်ပြောင်းလဲမှုတွေပြုလုပ်ဖို့ ကြီးမားတဲ့အလားအလာတွေရှိကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒီလိုပြုပြင်ပြောင်းလဲဖို့ကိစ္စရပ်တွေထဲမှာ အကြောင်းအရာကန့်သတ်ချက်တွေကို ဖြေလျှော့ခြင်းမှ အကောင့်တုတွေပပျောက်ရေးထိ ပြောင်းလဲမှုတွေဆက်တိုက်ပြုလုပ်ဖို့လည်း ပါ၀င်ပါတယ်။

တွစ်တာကုမ္ပဏီဟာ အီလွန်မာ့ခ်ရဲ့ကမ်းလှမ်းမှုကို ကနဦးမှာ ငြင်းဆိုခဲ့ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသူ အီလွန်မာ့ခ်ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ခန့်မှန်းချေအားဖြင့် ဒေါ်လာ ၂၇၃ ဒသမ ၆ ဘီလီယံရှိကြောင်း Forbes မဂ္ဂဇင်းကဖော်ပြထားပါတယ်။

ပိုင်ဆိုင်မှုအများစုဟာ သူလုပ်ကိုင်နေတဲ့ တက်စ်လာလျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီမှာ ပိုင်ဆိုင်သတဲ့ ရှယ်ယာတွေကြောင့်ဖြစ်ပြီး အီလွန်မာ့ခ်ဟာ Space X အာကာသနည်းပညာကုမ္ပဏီကိုလည်း ဦးဆောင်နေသူဖြစ်ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW