ကမ္ဘာ့အသက်အကြီးအဆုံး ဂျပန်အမျိုးသမီးကြီး အသက် ၁၁၉ နှစ်အရွယ်မှာ ကွယ်လွန်

တိုကျို၊ ဧပြီ-၂၆-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် တရား၀င်အသိအမှတ်ပြုခံထားရတဲ့ ဂျပန်အမျိုးသမီးကြီးဟာ အသက် ၁၁၉ နှစ်အရွယ် ဧပြီ ၂၅ ရက်မှာ ကွယ်လွန်သွားပါတယ်။

ကာနီတာနာကာလို့ အမည်ရတဲ့ အဲဒီဂျပန်အမျိုးသမီးကြီးဟာ ၁၉၀၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး မွေးချင်းကိုးဦးအနက် ခြောက်ဦးမြောက်ဖြစ်ပါတယ်။

အသက် ၁၉ နှစ်တွင် အိမ်ထောင်ကျခဲ့ပြီး ခေါက်ဆွဲဆိုင်အပါအ၀င် လုပ်ငန်းမျိုးစုံ လုပ်ကိုင်ခဲ့ပါတယ်။

သူဟာ လက်ထပ်ပြီး သားသမီးလေးဦးထွန်းကားခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာတော့ သက်ကြီး စောင့်ရှောက်ရေးဂေဟာမှာ နေထိုင်ခဲ့ကာ ဂိမ်းကစားခြင်းနဲ့ချောကလက်တွေကို နှစ်သက်သူဖြစ်ပါတယ်။

ကာနီတာနာကာကို ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် ၂၀၁၉ ခုနှစ်မှာ တရား၀င်အသိအမှတ်ပြုခဲ့ပြီး သူကွယ်လွန်မှုကြောင့် လက်ရှိကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် အသက် ၁၁၈ နှစ်အရွယ် ပြင်သစ်သီလရှင် လူစီရယ်ရန်ဒန် ဖြစ်လာပါတယ်။

ကမ္ဘာ့အသက်အရှည်ဆုံးလူသားအဖြစ် စံချိန်တင်ခဲ့သူမှာ ပြင်သစ်အမျိုးသမီး ဂျင်းနီလူး၀စ်ကယ်လ်မန့် ဆိုသူဖြစ်ပြီး အသက် ၁၂၂ နှစ်နဲ့ ၁၆၄ ရက် အရွယ် ၁၉၉၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

✕
VOM News

FREE
VIEW