ပြည်တွင်းမှာ စက်သုံးဆီ ပြတ်နေပြီဆိုတဲ့သတင်းတွေကြောင့် ဆီဈေးမတည်ငြိမ်သလို အကန့်အသတ်နဲ့ တန်းစီဝယ်ယူနေကြ

ဧပြီ ၁၉-၂၀၂၂ KT+ GG (VOM) သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီ ပြတ်လပ်နေပြီဆိုတဲ့သတင်းထွက်ပေါ်အပြီး ပြည်တွင်း စက်သုံးဆီ အရောင်းဆိုင်တွေက ရောင်းစျေကို ချက်ခြင်းမြင့်တက်လိုက်သလို၊ အခုဆိုရင် ဆီဖြည့်ဖို့အတွက် တန်းစီရတာ တွေ၊ ခွဲတန်းအကန့်အသတ်ပမာဏနဲ့သာ ရောင်းချတာတွေ ဒီကနေ့မနက်ပိုင်းကစပြီး ဆီဆိုင်အချို့က ပြုလုပ်နေကြပါတယ်။ အိမ်စီးကား တစီးကို၂သောင်းကျပ်နဲ့ ၃သောင်းကျပ် အတွင်းသာ ဆီဖြည့်ပေးပြီး၊ကုန်ကားတွေကို ၅သောင်းကနေ ၁သိန်းဖိုးအထိ စက်သုံးဆီရောင်းချပေးကာ ပါဆယ်ပုံးနဲ့ဝယ်ယူတာတွေကို မရောင်းချတော့ကြောင်း၊ စက်သုံးဆီအရောင်းဆိုင် အများစုမှာ မော်တော်ကားတွေ ရာနဲ့ချီ တန်းစီစောင့်နေကြရပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပြည်မြို့အပါအဝင် နယ်မြို့တွေမှာလည်း စက်သုံးဆီပြတ်လတ်တော့မယ်ဆိုတဲ့သတင်းကြောင့် ဆီစျေးက အချိန်နဲ့အမျှ မြင့်တက်နေသလို၊ စက်သုံးဆီအရောင်းဆိုင် အချို့ဆိုရင် မနက်ခင်းကရောင်းချပြီး နေ့လယ်ပိုင်းမှာဆီပြတ်လပ်တယ်ဆိုကာ ဆိုင်ပိတ်ထားတယ်လို့ သိရပါတယ်။ ” ကားကိုရာနဲ့ချီတန်းစီနေတာပဲ။ မနက်ကထည့်တာတော့ ရန်ကုန်မှာ 92က ၂၂၀၀ ပေးရတယ်။နယ်မှာတော့ ၂၄၀၀ ဖြစ်နေပြီလို့ပြောတယ်။…

Read More

မုံရွာ – မန္တလေး ကားလမ်းမှာ မိုင်းကွဲပြီး လူသေဆုံးတာရှိခဲ့သလို၊ မကွဲသေးတဲ့ မိုင်းတွေလည်း ထပ်တွေ့

ဧပြီ ၁၉-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ နတ်ရေကန်ကျေးရွာအနီး၊ မန္တလေး-မုံရွာ ကားလမ်းမှာ မနေ့ ဧပြီ ၁၈ရက် ညနေပိုင်း မိုးသက်လေပြင်း ကျရောက်နေချိန် ကုန်ကားတစီး မိုင်းထိမှန်ပြီး ကားပေါ်မှာ လမ်းကြုံလိုက်ပါလာသူ တဦး သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” မိုင်းစထိမှန် သေဆုံးသူက မန္တလေးမြို့၊စက်မှု(၁) ရပ်ကွက်မှာနေတဲ့ ၊ ဦးကျော်ဇင်လင်း ဖြစ်တယ် “လို့ အဲ့ဒီဖြစ်စဥ်ကို သွားရောက်ကူညီပေးခဲ့တဲ့ ပရဟိတသမား တယောက်ကပြောပါတယ်။ အဲ့ဒီ မိုင်းပေါက်ကွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကားသမား တယောက်က” မိုးသက်လေပြင်းတွေကျနေတဲ့အချိန် ကားတွေက ရှေ့ဆက် မောင်းမရတာကြောင့် လမ်းဘေးမှာ ထိုးရပ်ထားကြတာပါ ၊ အဲ့ဒီအချိန် ကားအောက်ဆင်းပြီး အပေါ့စွန့်တဲ့အချိန် မိုင်းပေါက်ကွဲပြီး သေတာ ” လို့ ပြောပါတယ်။ ဒီကနေ့…

Read More

ပခုက္ကူမြို့ပေါ်က အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြတိုက်ခံရ

ဧပြီ ၊ ၁၉-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၁ ရပ်ကွက် ၊ ဝိပဿနာလမ်းနဲ့ ဖောင်တော်ဦး ၊ လမ်းတော်ဦးထောင့်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ကို ဒီကနေ့ ၊ နေ့လယ်၂ နာရီဝန်းကျင်က ဓားပြတိုက်ခံခဲ့ရတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ အဲ့ဒီ အိမ်ဆောက်ပစ္စည်းဆိုင်နဲ့ နီးစပ်သူ တယောက်က ” အိမ်ဆောက်ပစ္စည်းဆိုင်ထဲကို သေနတ်သမား ၆ ဦး ဝင်လာပြီး ဆိုင်ဝန်ထမ်းတွေရဲ့လက်ကိုင်ဖုန်းတွေကို အရင်ဆုံး သိမ်းယူတယ် ၊ ဖုန်း ၅ လုံးနဲ့ ပိုက်ဆံ သိန်း ၂၅၀ ပါသွားတာ ” လို့ ပြောပါတယ်။ ဓားပြတိုက်ခံရတယ်ဆိုတဲ့ အိမ်ဆောက်ပစ္စည်းအရောင်ဆိုင်ဟာ ဟိန်းစည် ဆောက်လုပ်ရေးပစ္စည်းဆိုင်ဖြစ်တယ်လို့ အမှတ် ၁ ရပ်ကွက်နေသူတွေကပြောပါတယ်။ အိမ်ဆောက်ပစ္စည်းအရောင်ဆိုင်ဟာ အရင်က ပခုက္ကူခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌရဲ့သမီးပိုင်ဆိုင်တာဖြစ်တယ်လို့လည်း…

Read More

သရုပ်ဆောင်လူရွှင်တော် ကောင်းကျော် ဖမ်းဆီးခံရ

ဧပြီ ၂၀-၂၀၂၂ KK(VOM) သရုပ်ဆောင်လူရွှင်တော် ကောင်းကျော်ကို မနေ့ဧပြီ၁၉ရက် ညပိုင်းက သူနေထိုင်ရာ သာကေတမြို့နယ်ရှိ နေအိမ်မှာ ဖမ်းဆီးခံရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ သာကေတမြို့နယ်၊ ၈ ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းမှာနေတဲ့ ရုပ်ရှင်သရုပ်ဆောင်လူရွှင်တော် ကောင်းကျော်ကို မနေ့ ည ၁၀ ကျော် စစ်တပ်၊ ရဲ အပါအဝင် အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဇနီးဖြစ်သူမယဥ်ယဥ်ဦးက VOM ကို ပြောပါတယ်။ “သူကို ဘယ်ကလာဖမ်းလဲတော့ မသိဘူး၊ သာကေတမှာပဲ လာဖမ်းတာ၊ စစ်တပ်တွေ ရဲတွေ အများကြီးပဲ မနေ့ည ၁၀ နာရီကျော်က လာဖမ်းတာ”လို့ မယဥ်ယဥ်ဦးက ရှင်းပြပါတယ်။ လက်တလောမှာ လူရွှင်တော်ကောင်းကျော်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရတဲ့အတွက် မိသားစုဝင်တွေက စိတ်ပူနေတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ အနုပညာရှင်တဦးကလည်း”ဟန်ငြိမ်းဦး တယ်လီဂရမ်ကနေ မဖမ်းသေးဘူးလားဆိုပြီး လိပ်စာအတိအကျနဲ့တင်နေတာ၊ မကြာဘူး…

Read More

ယူကရိန်းတပ်တွေ လက်နက်ချဖို့ ရုရှားက နောက်ထပ် ရာဇသံပေး၊ ယူကရိန်းအတွက် လက်နက်တွေ ထပ်ပြီး ထောက်ပံ့မယ်လို့ မဟာမိတ်တွေ ကတိပြု

မော်စကို၊ ဧပြီ-၂၀-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ မာရီယူပိုလ်မြို့ရှိ ယူကရိန်းတပ်တွေအနေနဲ့ ဧပြီ ၂၀ ရက်နေ့ ဂရင်းနစ်စံတော်ချိန် ၁၁:၀၀ နာရီမှာ လက်နက်ချဖို့ ရုရှားက ရာဇသံထပ်ပေးလိုက်ပါတယ်။ ဒါပေမယ့် အဓိကဆိပ်ကမ်းမြို့ဖြစ်တဲပ မာရီယူပိုလ်ကို ယူကရိန်းတပ်ဖွဲ့တွေအနေနဲ့ ဆက်လက်ကာကွယ်သွားမယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။ လက်ရှိတိုက်ပွဲအခြေအနေကတော့ ပြင်းထန်နေဆဲဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ဒီအတောအတွင်း ယူကရိန်းတပ်ဖွဲ့၀င်တွေဟာ ဒွန်ဘက်စ်ဒေသမှာ ရုရှားတပ်တွေရဲ့ ထိုးစစ်ဆင်မှုအများအပြားကို ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားဟာ မြို့တော်ကိယက်ဗ်အပါအ၀င် ယူကရိန်းအခြားဒေသတွေမှာ ခုခံမှုတွေနဲ့ ကြုံရပြီးနောက် နိုင်ငံအရှေ့ပိုင်းကို သိမ်းပိုက်ဖို့ လက်ရှိမှာ ကြိုးပမ်းနေပါတယ်။ ဒီလိုမျိုး ရုရှားကလုပ်ဆောင်လာပြီးနောက် အမေရိကန်အပါအ၀င် ယူကရိန်းရဲ့မဟာမိတ်တွေက ယူကရိန်းကို အမြောက်တွေ၊ တင့်ကားဖျက်လက်နက်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေအပါအ၀င် လက်နက်တွေ ပိုမိုထောက်ပံ့မယ်လို့ ကတိပြုခဲ့ကြပါတယ်။ သမ္မတ ဇီလန်စကီးဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဗြိတိန်၀န်ကြီးချုပ်…

Read More

ဒီပဲယင်း-စိုင်ပြင် ဒိုင်ကွင်းစျေးက ဆိုင်ခန်း ၆၀ ကျော် မီးလောင်ပြီး လူ ၁ ဦး သေဆုံး

ဧပြီ ၊ ၂၀-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ စိုင်ပြင်မြို့နယ်ခွဲ၊ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ ယာယီပျံကျစျေး (ခေါ် )ဒိုင်ကွင်းစျေးဟာ မနေ့ဧပြီ ၁၉ ရက် နေ့လယ်ပိုင်းက စျေးဆိုင်ခန်းတွေ မီးလောင်ခဲ့တယ်လို့ စျေးသူစျေးသားတွေဆီက သိရပါတယ်။ ” မြန်အောင်မြို့နယ် ၊ ထူးကြီးကျေးရွာက ပန်းရံလုပ်သား ၊ နေမျိုးထက်(ခေါ်)ကိုမျိုးဆိုတဲ့သူက စျေးဝယ်သွားတယ် ၊သူက စျေးထဲမှာ စျေးဝယ်နေတုန်း သေနတ်နဲ့ ပစ်သတ်ခံရတယ် ၊ အဲ့ဒီကိစ္စကို ဖြေရှင်းဖို့ စစ်တပ်နဲ့ ရဲတွေ စျေးကိုရောက်တဲ့အခါ စျေးက မီးလောင်နေပြီ ၊ ဂိုဒေါင် ၁ လုံးနဲ့ ဆိုင်ခန်း ၆၂ ခန်း မီးလောင်တာ ” လို့ စိုင်ပြင်စျေးကော်မတီအဖွဲ့ဝင်တယောက်က ပြောပါတယ်။ ဒါ့အပြင်…

Read More

မလေးရှား လ၀ကစခန်းမှ ရိုဟင်ဂျာဒုက္ခသည် ၅၀၀ ကျော် ထွက်ပြေး

ကွာလာလမ်ပူ၊ ဧပြီ-၂၀-၂၀၂၂ မျိုးဆက်(VOM) မလေးရှားနိုင်ငံရှိ လူ၀င်မှုကြီးကြပ်ရေးစခန်းမှ တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူ ရိုဟင်ဂျာ ၅၀၀ ကျော်ဟာ ဧပြီ ၂၀ ရက်မှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။ ပီနန်မှာရှိတဲ့ Sungai Bakap ယာယီထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားသူတွေထဲ့ ထွက်ပြေးလွတ်မြောက်သွားသူ ၅၂၈ ဦးရှိတယ်လို့ မလေးရှားလူ၀င်မှုကြီးကြပ်ရေးဌာန ညွန်ကြားရေးမှူးချုပ် Khairul Dzaimee Daud ကပြောပါတယ်။ ဒီဖြစ်စဉ်ဟာ ဧပြီ ၂၀ ရက် မနက် ၄ နာရီ မိနစ် ၃၀ မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အခန်းတံခါးတွေနဲ့ အတားအဆီးတွေကို ဖျက်ဆီးပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။ အဲဒီထိန်းသိမ်းရေးစခန်းဟာ ကီဒါပြည်နယ်နဲ့ ပီနန်ပြည်မကြီးအနီးမှာရှိပြီး ယေဘုယျအားဖြင့် တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူတွေကို ထိန်းသိမ်းထားရာနေရာဖြစ်ပါတယ်။ ထိန်းသိမ်းထားတဲ့ ဒုက္ခသည်တွေဟာ နေထိုင်မှုအခြေအနေတွေ ညံ့ဖျင်းတာကြောင့် အခုလိုက်ထွက်ပြေး သွားတာလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီနေ့မနက် ၁၀ နာရီထိ…

Read More

ရခိုင်မှာ မိုးသက်လေပြင်းကြောင့် လူနေအိမ်တွေပျက်စီးပြီး လူသေဆုံးမှုရှိ

ဧပြီ ၂၀-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ ဒီကနေ့ နေ့လယ်ပိုင်းက မိုးသက်လေပြင်းကျရောက်ခဲ့ပြီး လူနေအိမ်တွေ ပျက်စီးဆုံးရှုံးမှုနဲ့ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ လေပြင်းတိုက်ခတ်မှုဟာ ကျောက်တော်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာ ပြင်းပြင်းထန်ထန်တိုက်ခတ်ခဲ့တာဖြစ်ပြီး ကျောက်တော်မြို့နယ်မှာ လူသေဆုံးမှုအထိရှိခဲ့တာဖြစ်ပါတယ်။ လူသေဆုံးမှုဟာ ကျောက်တော်မြို့နယ် အုတ်ကြွတ်ကျေးရွာမှာ ​ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာအနီး ကုလားတန်မြစ်ကြောင်းအတိုင်း ကိုယ်ပိုင်လှေကို ရွာသို့ယူလာချိန် ရေလမ်းတဝက်မှာ လှေနှစ်စီးကြားညှပ်ကာ သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ရသေ့တောင်၊ မင်းပြား၊ မြေပုံနဲ့ စစ်တွေမြို့နယ်တို့မှာ လေပြင်းတိုက်ခတ်မှု အနည်းငယ်ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ကျောက်တော်မြို့နယ်ဒေသခံ ကိုဇော်ဝင်းက ” ကျောက်တော်မြို့ပေါ်မှာနဲ့ စစ်ဘေးရှောင်စခန်းတွေမှာပါ အပျက်စီးတွေရှိခဲ့ပါတယ်။ အရေအတွက်အတိအကျကိုတော့ မသ်ိသေးဘူး။ စစ်ဘေးရှောင်စခန်းတွေကတော့ အရမ်းဆိုးဆိုးဝါးဝါး ပျက်စီးမယ်ထင်ပါတယ်” လို့ ပြောပါတယ်။ မြောက်ဦးမြို့နယ်မှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်နဲ့ နယ်ဖက်က စစ်ဘေးရှောင်စခန်းတွေမှာ…

Read More

သီရိလင်္ကာမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်း

ကိုလံဘို၊ ဧပြီ-၂၀-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့တာနဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေက အမျက်ဒေါသထွက်လျှက်ရှိပါတယ်။ ရမ်ဘက်ခါနာမြို့လယ်မှာ ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတခုလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ဆန္ဒပြသူတွေကို လူစုခွဲဖို့ အနည်းဆုံးအင်အားကို အသုံးပြုခဲ့ကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့က ပြောကြားထားပေမယ့်လည်း ကျည်အစစ်တွေအသုံးပြုခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီ ပြည်သူအများအပြားက မေးခွန်းထုတ် ပြောဆိုနေကြပါတယ်။ ဆန္ဒပြသူများကို ဒီလိုဖြိုခွင်းခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အီးယူသံတမန်တွေအပါအ၀င် သီရိလင်္ကာဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်တို့က ပြစ်တင်ရှုတ်ချထားပါတယ်။ သီရိလင်္ကာနိုင်ငံမှာ မရှိမဖြစ်လိုအပ်တဲ့ ကုန်စည်စျေးနှုန်းတွေ တဟုန်ထိုးတက်သွားခြင်း၊ လောင်စာဆီ၊ ဆေးဝါး ပြတ်လပ်မှု၊ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေအပြင် အရေးပါတဲ့ သွင်းကုန်တွေအတွက် နိုင်ငံခြားငွေ မလုံလောက်တာတွေဖြစ်ပွားပြီးနောက် သောင်းနဲ့ချီတဲ့ပြည်သူတွေဟာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီလိုအကြပ်အတည်းတွေနဲ့ပတ်သက်ပြီး သမ္မတဂိုတာဘာယာရာဂျာပက်ဆာ နှုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပေမယ့်လည်း…

Read More

ကံမမြို့မှာ အမျိုးသား(၁)ဦး မိုးကြိုးပစ်ခံရပြီးသေဆုံး

ဧပြီ ၂၀-၂၀၂၂ VOM (GG) မကွေးတိုင်း၊ကံမမြို့နယ်မှာ အမျိုးသား(၁)ဦး မိုးကြိုးပစ်ခံရပြီးသေဆုံးမှု မနေ့ ဧပြီလ ၁၉ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ လေပြင်းတိုက်ခတ်ပြီး မိုးရွာချိန် သစ်ပင်အရိပ်ကိုဝင်ရောက်နားခိုချိန်မှာ သစ်ပင်ရော လူပါ မိုးကြိုးပစ်ခံ ရတာဖြစ်ကြောင်း၊ ပြင်ပဒဏ်ရာမရှိဘဲ လူခန္ဓာကိုယ်တစ်ခုလုံးမီးလောင်ကျွမ်းသွားတဲ့အနေအထားသာတွေ့ရှိရတယ်လို့ သိရပါတယ်။ “လေကြမ်းတိုက်ပြီး မိုးဖွဲနေတုန်း သစ်ပင်အောက်မှာနေတုန်း အပစ်ခံရတာ၊ သစ်ပင်ရော လူရောအပစ်ခံရတာ ၊မိုးက ဒီလောက်မဟုတ် လေနီကြမ်းပတ်မွှေပြီး၊မိုးဖွဲဖွဲမှာပစ်တာ၊လေကြမ်းတိုက်လျှပ်စီးမိုးကြိုးတွေများ တာ၊သူတို့ ပုညိုရွာလယ်ပြင်ကွင်းမှာပဲ အပစ်ခံရတာ”ဖြစ်တယ်လို့ ကံမမြိုနယ် ဒေသခံတဦးကပြောပါတယ်။ မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသွားသူဟာ ကံမမြို့နယ်၊ပုညိုရွာသားဖြစ်ပြီး အသက်က ၃၉ နှစ်ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ မိုးကြိုးပစ်မှုကြောင့် ၂၀၁၉ခုနှစ်မှာ လူ ၁၃၃ဦးသေဆုံးခဲ့ပြီး ၅၂ ဦးဒဏ်ရာရရှိခဲ့ကာ ၊ ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်မှာတော့ မိုးကြိုးပစ်မှုကြောင့် လူ ၆၂ ဦးသေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့…

Read More
VOM News

FREE
VIEW