သီရိလင်္ကာမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်း

ကိုလံဘို၊ ဧပြီ-၂၀-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာနိုင်ငံမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့တာနဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေက အမျက်ဒေါသထွက်လျှက်ရှိပါတယ်။

ရမ်ဘက်ခါနာမြို့လယ်မှာ ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတခုလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ဆန္ဒပြသူတွေကို လူစုခွဲဖို့ အနည်းဆုံးအင်အားကို အသုံးပြုခဲ့ကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့က ပြောကြားထားပေမယ့်လည်း ကျည်အစစ်တွေအသုံးပြုခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီ ပြည်သူအများအပြားက မေးခွန်းထုတ် ပြောဆိုနေကြပါတယ်။

ဆန္ဒပြသူများကို ဒီလိုဖြိုခွင်းခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အီးယူသံတမန်တွေအပါအ၀င် သီရိလင်္ကာဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်တို့က ပြစ်တင်ရှုတ်ချထားပါတယ်။

သီရိလင်္ကာနိုင်ငံမှာ မရှိမဖြစ်လိုအပ်တဲ့ ကုန်စည်စျေးနှုန်းတွေ တဟုန်ထိုးတက်သွားခြင်း၊ လောင်စာဆီ၊ ဆေးဝါး ပြတ်လပ်မှု၊ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေအပြင် အရေးပါတဲ့ သွင်းကုန်တွေအတွက် နိုင်ငံခြားငွေ မလုံလောက်တာတွေဖြစ်ပွားပြီးနောက် သောင်းနဲ့ချီတဲ့ပြည်သူတွေဟာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလိုအကြပ်အတည်းတွေနဲ့ပတ်သက်ပြီး သမ္မတဂိုတာဘာယာရာဂျာပက်ဆာ နှုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပေမယ့်လည်း သမ္မတကမူ ရာထူးမှနှုတ်ထွက်ပေးရန် ငြင်းဆိုထားပြီး အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW