ယူကရိန်းတပ်တွေ လက်နက်ချဖို့ ရုရှားက နောက်ထပ် ရာဇသံပေး၊ ယူကရိန်းအတွက် လက်နက်တွေ ထပ်ပြီး ထောက်ပံ့မယ်လို့ မဟာမိတ်တွေ ကတိပြု

မော်စကို၊ ဧပြီ-၂၀-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ မာရီယူပိုလ်မြို့ရှိ ယူကရိန်းတပ်တွေအနေနဲ့ ဧပြီ ၂၀ ရက်နေ့ ဂရင်းနစ်စံတော်ချိန် ၁၁:၀၀ နာရီမှာ လက်နက်ချဖို့ ရုရှားက ရာဇသံထပ်ပေးလိုက်ပါတယ်။

ဒါပေမယ့် အဓိကဆိပ်ကမ်းမြို့ဖြစ်တဲပ မာရီယူပိုလ်ကို ယူကရိန်းတပ်ဖွဲ့တွေအနေနဲ့ ဆက်လက်ကာကွယ်သွားမယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။

လက်ရှိတိုက်ပွဲအခြေအနေကတော့ ပြင်းထန်နေဆဲဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ဒီအတောအတွင်း ယူကရိန်းတပ်ဖွဲ့၀င်တွေဟာ ဒွန်ဘက်စ်ဒေသမှာ ရုရှားတပ်တွေရဲ့ ထိုးစစ်ဆင်မှုအများအပြားကို ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားဟာ မြို့တော်ကိယက်ဗ်အပါအ၀င် ယူကရိန်းအခြားဒေသတွေမှာ ခုခံမှုတွေနဲ့ ကြုံရပြီးနောက် နိုင်ငံအရှေ့ပိုင်းကို သိမ်းပိုက်ဖို့ လက်ရှိမှာ ကြိုးပမ်းနေပါတယ်။

ဒီလိုမျိုး ရုရှားကလုပ်ဆောင်လာပြီးနောက် အမေရိကန်အပါအ၀င် ယူကရိန်းရဲ့မဟာမိတ်တွေက ယူကရိန်းကို အမြောက်တွေ၊ တင့်ကားဖျက်လက်နက်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေအပါအ၀င် လက်နက်တွေ ပိုမိုထောက်ပံ့မယ်လို့ ကတိပြုခဲ့ကြပါတယ်။

သမ္မတ ဇီလန်စကီးဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဗြိတိန်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အပါအ၀င် ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ဂျာမနီနဲ့ အခြားနိုင်ငံခေါင်းဆောင်တွေနဲ့ ဧပြီ ၁၉ ရက်မှာ မိနစ် ၉၀ ကြာ အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြရာမှာ အခုလိုက်သဘောတူခဲ့ကြတာဖြစ်ပါတယ်။

ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရကတော့ ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာသန်း ၈၀၀ ပေးမယ်လို့ ကတိပြုထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW