ကိုဗစ်ကြောင့် တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှာ ဘူတာရုံတွေနဲ့ ဘတ်စ်ကားလိုင်းတွေ ပိတ်ပင်ထားရ

ပေကျင်း၊ မေ-၄-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေမြင့်တက်နေတာကို ထိန်းချုပ်ဖို့အားထုတ်မှုအဖြစ် မြို့တော်ပေကျင်းမှာ ဘူတာရုံတွေနဲ့ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး ဒါဇင်များစွာကို မေ ၄ ရက်မှာ ပိတ်ပင်လိုက်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ဖို့ ဒေသခံသန်းပေါင်းများစွာ တလကျော်ကြာ လော့ခ်ဒေါင်းချခံထားရတဲ့ ရှန်ဟိုင်းမြို့လိုအခြေအနေမျိုးကို ရှောင်လွှဲနိုင်ဖို့ မြို့တော်ပေကျင်းမှာ အများပြည်သူသယ်ယူပို့ဆောင်ရေးတွေကို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

မြို့တော်ရှိ မြေအောက်ရထားဘူတာ ၄၀ ကျော်နဲ့ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးလမ်းကြောင်း ၁၅၈ ခုကို ပိတ်ပင်ထားကြောင်း ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက ပြောပါတယ်။

အဲဒီဘူတာတွေနဲ့ လမ်းကြောင်းအများစုဟာ ပေကျင်းရဲ့ ရောဂါဖြစ်ပွားမှု ဗဟိုချက်ဖြစ်တဲ့ Chaoyang မှာဖြစ်ပါတယ်။

မေ ၃ ရက်နှောင်းပိုင်းမှာလည်း လူဦးရေ ၁၂ ဒသမ ၆ သန်းနေထိုင်ရာ Zhengzhou ဟာ Work from Home အစီအစဉ်နဲ့ လာမယ်သီတင်းပတ်ကစပြီး သက်၀င်မယ့် ကိုဗစ်-၁၉ ဆိုင်ရာ အခြားကန့်သတ်ချက်တွေကို ကြေညာခဲ့ပါတယ်။

ဒီမြို့ဟာ အက်ပဲရဲ့ အိုင်ဖုန်းအစိတ်အပိုင်းတွေ ထုတ်လုပ်ပေးတဲ့ Foxconn ကုမ္ပဏီတည်ရှိရာမြို့ဖြစ်ပြီး မြို့တွေ လော့ခ်ဒေါင်းချတာနဲ့ ကန့်သတ်မှုတွေကြောင့် နိုင်ငံတကာ ကုမ္ပဏီကြီးတွေရဲ့ ကုန်ထုတ်လုပ်မှုတွေ ထိခိုက်နေပါတယ်။

Ref: CNA
Photo:CNA
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW