ကိုဗစ်ကြောင့် တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှာ ဘူတာရုံတွေနဲ့ ဘတ်စ်ကားလိုင်းတွေ ပိတ်ပင်ထားရ

ပေကျင်း၊ မေ-၄-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေမြင့်တက်နေတာကို ထိန်းချုပ်ဖို့အားထုတ်မှုအဖြစ် မြို့တော်ပေကျင်းမှာ ဘူတာရုံတွေနဲ့ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး ဒါဇင်များစွာကို မေ ၄ ရက်မှာ ပိတ်ပင်လိုက်ပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ဖို့ ဒေသခံသန်းပေါင်းများစွာ တလကျော်ကြာ လော့ခ်ဒေါင်းချခံထားရတဲ့ ရှန်ဟိုင်းမြို့လိုအခြေအနေမျိုးကို ရှောင်လွှဲနိုင်ဖို့ မြို့တော်ပေကျင်းမှာ အများပြည်သူသယ်ယူပို့ဆောင်ရေးတွေကို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ မြို့တော်ရှိ မြေအောက်ရထားဘူတာ ၄၀ ကျော်နဲ့ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးလမ်းကြောင်း ၁၅၈ ခုကို ပိတ်ပင်ထားကြောင်း ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက ပြောပါတယ်။ အဲဒီဘူတာတွေနဲ့ လမ်းကြောင်းအများစုဟာ ပေကျင်းရဲ့ ရောဂါဖြစ်ပွားမှု ဗဟိုချက်ဖြစ်တဲ့ Chaoyang မှာဖြစ်ပါတယ်။ မေ ၃ ရက်နှောင်းပိုင်းမှာလည်း လူဦးရေ ၁၂ ဒသမ ၆ သန်းနေထိုင်ရာ Zhengzhou ဟာ Work from Home အစီအစဉ်နဲ့ လာမယ်သီတင်းပတ်ကစပြီး…

Read More

အနောက်ပစိဖိတ်ဒေသမှာ တရုတ်လေယာဉ်တင်သင်္ဘောအုပ်စု စစ်ရေးလေ့ကျင့်

ပေကျင်း၊ မေ-၄-၂၀၂၂ မျိုးဆက်(VOM) လျောင်နင်းဦးဆောင်တဲ့ တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုဟာ အနောက်ပစိဖိတ်ဒေသမှာ တိုက်ပွဲ၀င်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြောင်း တရုတ်ရေတပ်က မေ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒါဟာ တရုတ်ပြည့်သူလွတ်မြောက်ရေးတပ်မတော် ရေတပ်ရဲ့ နှစ်စဉ်လုပ်ဆောင်ရမယ့် အချိန်ဇယားကို အခြေခံပြီး ပုံမှန်စစ်ရေးလေ့ကျင့်မှုတစိတ်တပိုင်းအဖြစ် စစ်ရေးလေ့ကျင်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလေ့ကျင့်မှုဟာ ရေတပ်ရဲ့စွမ်းဆောင်ရည်ကို တိုးတက်စေဖို့ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံတကာဥပဒေတွေနဲ့အညီ လုပ်ဆောင်ခဲ့တာဖြစ်ကာ ဘယ်နိုင်ငံကိုမှ ရည်ရွယ်လုပ်ဆောင်တာမျိုးမဟုတ်ကြောင်း တရုတ်ရေတပ်ကပြောပါတယ်။ လျောင်နင်းနဲ့ အခြားတရုတ်စစ်သင်္ဘောခုနှစ်စင်းတို့ဟာ ပစိဖိတ်သမုဒ္ဒရာကို သွားရောက်ဖို့အတွက် ဂျပန်နိုင်ငံအနောက်တောင်ပိုင်း အိုကီနာဝါပြည်နယ်ရှိ ကျွန်းနှစ်ကျွန်းအကြား ရေပြင်ကို ဖြတ်သန်းခုတ်မောင်းသွားခဲ့ကြကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက မေ ၂ ရက်မှာ ထုတ်ပြန်ပြီးနောက် တရုတ်ရေတပ်က စစ်ရေးလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံရဲ စစ်ရေးဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်၀မ်အတွက် ဒေါ်လာ ၉၅ သန်းတန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းတွေ ရောင်းချပေးဖို့ ဧပြီလမှ ဆုံးဖြတ်ခဲ့ပြီး…

Read More

မကွေးတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးကို အစည်းအဝေးအသံဖိုင်ပေါက်ကြားမှုနဲ့ ခေါ်ယူစစ်ဆေးနေ

မေ ၊ ၄-၂၀၂၂ SP (VOM) မကွေးတိုင်းအစိုးရအဖွဲ့ ၊ အတွင်းရေးမှူး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ဆိုသူကို အစည်းဝေး အသံဖိုင်ပေါက်ကြားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အခုလ ၃ ရက်ညပိုင်းက ခေါ်ယူစစ်ဆေးခံနေရတယ်လို့ မကွေး ထွေ / အုပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” အရင်က ခဏခဏ ခေါ်စစ်တာတော့ရှိတယ် ၊ မနေ့ကည ၁၀ နာရီဝန်းကျင်မှာ ဖမ်းသွားပြီလို့ကြားရတယ် ၊ အစည်းဝေး အသံဖိုင် ခိုးယူဖမ်းပြီး ပြည်ပရောက်မီဒီယာဆီ ပို့လို့ဆိုတဲ့ကိစ္စနဲ့ ပတ်သက်နေတယ်လို့ ပြောနေကြတာပဲ”လို့ မကွေးတိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက မကွေးတိုင်းအစိုးရအဖွဲ့ ၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတခုရဲ့မှတ်တမ်းအသံဖိုင် တရားမဝင်ကူးယူခံရပြီးနောက် အဲ့ဒီအသံဖိုင်ဟာ ပြည်ပရောက်မီဒီယာတခုဆီ အွန်လိုင်းကနေတဆင့် ရောက်ရှိသွားတဲ့ ဖြစ်စဥ်တခု ပေါ်ပေါက်ခဲ့ပါတယ်။ အဲ့ဒီနောက် အစည်းအဝေးအသံဖိုင်…

Read More

မှတ်ပုံတင်လုပ်ဖို့ ထောက်ခံစာလာယူတဲ့ လူ ၃ ဦးကို မြို့နယ် ထွေ/အုပ်ရုံးက ဖမ်းဆီးထား

မေ ၊ ၃-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့ ၊ အမှတ် ၂ရပ်ကွက်မှာရှိတဲ့ မြို့နယ် ထွေ/အုပ်ရုံးကို မနေ့ မေ၂ရက် နေ့လယ်ပိုင်းက နိုင်ငံသားမှတ်ပုံတင်လုပ်ဖို့ ထောက်ခံစာ လာယူတဲ့ လူ ၃ ဦးကို အဲ့ဒီထွေ/အုပ်ရုံးက ဖမ်းဆီးထားလိုက်တယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။ ” လဝက ရုံးမှာ မှတ်ပုံတင်လုပ်ဖို့ ရပ်ကွက်ထောက်ခံစာလိုတယ် ၊ ရွာတွေမှာက အုပ်ချုပ်ရေးမှူး မရှိတော့ ထောက်ခံစာပေးမယ့်သူ မရှိဘူး၊ အဲ့ဒါကြောင့် မြို့နယ် ထွေ / အုပ်ရုံးကို ထောက်ခံစာသွားယူရတာပါ ၊ ထောက်ခံစာလာယူတဲ့သူတွေကို အဲ့ဒီရုံးက ဖမ်းထားလိုက်တာ “လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။ မနေ့က မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ မြိုင်မြို့နယ် ၊ ပန်းတိုင်တော…

Read More

သက်တမ်းကုန်ခါနီး ကိုဗစ်ကာကွယ်ဆေး ၅သန်း ဖိလစ်ပိုင်က မြန်မာကို လှူဖို့စီစဉ်နေ

  မနီလာ၊ မေ-၃-၂၀၂၂ မျိုးဆက်(VOM) ဖိလစ်ပိုင်နိုင်ငံဟာ သက်တမ်းကုန်ခါနီးနေပြီဖြစ်တဲ့ Sputnik V ကိုဗစ်-၁၉ ကာကွယ်ဆေး ၅သန်းကို မြန်မာနိုင်ငံအတွက် လှူဖို့စဉ်းစားနေကြောင်း ဖိလစ်ပိုင်ကျန်းမာရေး၀န်ကြီးဌာန ထိပ်တန်းတာ၀န်ရှိသူတဦးက မေ ၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ နိုင်ငံလူဦးရေသန်း ၁၁၀ ကျော်အတွက် ကိုဗစ်ကာကွယ်ဆေးတွေ ၀ယ်ယူဖို့ ပြီးခဲ့တဲ့နှစ်က လွန်စွာအားထုတ်ခဲ့ပြီးတဲ့နောက် အခြားနိုင်ငံတခုကို အခုလိုလှူဒန်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့နိုင်ငံမှာ ကာကွယ်ဆေးတွေ အလုံအလောက်ရှိနေပြီလို့ ဆိုပါတယ်။ ဖိလစ်ပိုင်အာဏာပိုင်တွေဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် ရုရှားထုတ်ကိုဗစ်ကာကွယ်ဆေးတွေကို လှူဒန်းဖို့ လုပ်ဆောင်နေတယ်လို့ ဖိလစ်ပိုင်ကျန်းမာရေး၀န်ကြီးဌာန လက်ထောက်အတွင်း၀န် Maria Rosario Vergeire ကသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၅၃ သန်းအနက် ကိုဗစ်ကာကွယ်ဆေးထိုးပြီသူဟာ ထက်၀က်ကျော်သာရှိသေးတယ်လို့ ကျန်းမာရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ အပြင်းအထန်ရင်ဆိုင်ခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံကတော့…

Read More

ဝန်းသို ဂေါက်ကွင်းထဲမှာ ဦးခေါင်းပြတ်နေတဲ့ လူသေအလောင်း ၂ လောင်းတွေ့

မေ ၊ ၃-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့ ၊ဝန်းသို ဂေါက်ကွင်းထဲမှာ မနေ့ မေလ ၂ရက် မနက်ပိုင်းက ဦးခေါင်းပြတ်နေတဲ့ လူသေရုပ်အလောင်း ၂ လောင်း တွေ့ခဲ့ရတယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။ “တွေ့ရတဲ့ ရုပ်အလောင်းက အမျိုးသား နဲ့ အမျိုးသမီး ဖြစ်တယ် ၊ ဦးခေါင်းပြတ် သေဆုံးနေတာဖြစ်တယ် ” လို့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။ သေဆုံးသူ ၂ ဦးနဲ့ ပတ်သက်ပြီး နယ်ခံလူမှုကူညီရေးအဖွဲ့တွေက” သေဆုံးသူ ၂ ယောက်က အင်းဗုတ်ရွာက ဦးမောင်ဘိုနဲ့ ဒေါ်သန်းသန်းဝင်းတို့ လင်မယား နှစ်ယောက်ဖြစ်တယ် ၊ မနက် ၅ နာရီလောက်မှာ နေအိမ်ကနေ လူတစုရဲ့ဖမ်းဆီး​​ခြင်းကို ခံရပြီးနောက် သေဆုံးတာကို ပြန်တွေ့ရတာဖြစ်တယ် ” လို့…

Read More

ယူကရိန်းအတွက် ဒေါ်လာ ၃၇၅ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီ ဗြိတိန်က ထပ်ပေးမယ်

လန်ဒန်၊ မေ-၃-၂၀၂၂ မျိုးဆက်(VOM) ဗြိတိန်ဟာ ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီအဖြစ် အီလက်ထရွန်းနစ် စစ်ဆင်ရေး ကိရိယာတွေနဲ့ ရေဒါတွေအပါအ၀င် ဒေါ်လာ ၃၇၅ သန်း ထပ်မံပေးအပ်သွားမှာဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားက ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်တိုက်ခိုက်မှုပြုပြီးနောက်မှာ ဗြိတိန်ဟာ တင့်ကားဖျက်ဒုံး ၅၀၀၀ ကျော်၊လေကြောင်းရန်ကာကွယ်ရေးစနစ် ငါးခု၊ အခြားခဲယမ်းမီးကျောက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ယူကရိန်းထံ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ညကြည့်ကိရိယာတွေ၊ ဂြိုဟ်တုကနေထောက်လှမ်းမှုတွေကို တားဆီးတဲ့ကိရိယာတွေ၊ ဒရုန်းတွေ၊ သံချပ်ကာကားတွေနဲ့အခြားပစ္စည်းကိရိယာတွေ ပါ၀င်မယ်လို့ ဗြိတိန်၀န်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ အမေရိကန်ကလည်း ယူကရိန်းအတွက် လက်ရှိချိန်ထိ စစ်ရေးအကူအညီ ဒေါ်လာ သုံးဘီလီယံပေးအပ်ထားပြီး နောက်ထပ် စစ်ရေးအကူအညီအဖြစ် ဒေါ်လာ ၂၀ ဘီလီယံပေးအပ်ဖို့ သမ္မတဂျိုးဘိုင်ဒင်က ကွန်ဂရက်ကို တောင်းဆိုထားပါတယ်။ နေတိုးအဖွဲ့၀င်နိုင်ငံတွေဟာ ယူကရိန်းအား လက်နက်တွေထောက်ပံ့ပေးခြင်းဖြင့် တဆင့်ခံစစ်ပွဲဆင်နွှဲနေတယ်လိ်ု့ ရုရှားက ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref:…

Read More

ရေစကြိုမှာ လူနေအိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ လူ ၂ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

မေ ၊ ၃-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ်၊ စည်သာကျေးရွာမှာ မနေ့ မေ ၂ရက် မနက်ပိုင်းက ရွာထဲက လူနေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတဲ့အတွက် လူ ၂ ဦးသေ ၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” ဦးသိန်းရွှေဆိုသူရဲ့အိမ်ပေါ်ကို လက်လုပ်စိန်ပြောင်းကျည် ကျရောက်ပေါက်ကွဲတာပါ ၊ အိမ်ရှင် ဦးသိန်းရွှေရဲ့ အစ်မဖြစ်သူ ဒေါ် စန်းရွှေ နဲ့ ဦးသိန်းရွှေရဲ့သား ဖြစ်သူ မောင်ကောင်းခန့် တို့ ၂ ယောက်ကတော့ နေရာမှာတင် ပွဲချင်းပြီးသေတယ်”လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် အိမ်ရှင်ဦးသိန်းရွှေရဲ့ မိန်းမနဲ့သမီးဖြစ်သူမှာလည်း လက်နက်ကြီးကျည် ထိမှန်တဲ့အတွက် ပခုက္ကူ ပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသခံနိုင်ဖို့ ပရဟိတသမားတွေက ပို့ဆောင်ပေးခဲ့တယ်လို့…

Read More

နစကကောင်စီမှ ဝန်ကြီးအချို့ကို ရာထူးတာဝန်တွေပြောင်းလဲခန့်အပ်

မေ ၃-၂၀၂၂ KK(VOM) နစကကောင်စီဝင်အချို့ကို မနေ့ညပိုင်းက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၄၁၉ အရ ရာထူးတာဝန်များ ပြောင်းလဲခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တာဝန်ပေးအပ်ထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို စစ်ဘက်မူလတာဝန်တွေက်ု ပြန်လည်ထမ်းဆောင်စေခဲ့ပြီး ဗိုလ်ချုပ်ဇင်မင်းထက်ကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ကာ ရဲချုပ်တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ဖို့ တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီး ဦးမင်းမင်းဦးကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့ခဲ့ပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကိုတော့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နဲ့ စွမ်းအင်ဝန်ကြီးဌာနတို့အဖြစ် ပြင်ဆင်ဖွဲ့စည်းကာ ဝန်ကြီးဌာန ၂ ခုရဲ့ ပြည်ထောင်စုဝန်ကြီးတာဝန်ကို ဦးသောင်းဟန်အား ပူးတွဲတာဝန်ထမ်းဆောင်ဖို့ ခန့်အပ်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယဝန်ကြီးတွေအဖြစ် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ဒေါက်တာမိုးဇော်ထွန်း၊ သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဦးမင်းသူ၊လျှပ်စစ်စွမ်းအာဝန်ကြီးဌာန ဒေါက်တာအောင်ဇေယျတို့ကို ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထွန်းအုံကိုလည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #VOM #နစက #ဝန်ကြီးအချို့ #ပြောင်းလဲခန့်အပ်

Read More

ရေစကြိုမြို့မှာ လူငယ် ၆ ဦးရဲ့ နေအိမ်တွေကို နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်း

မေ ၊ ၃-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူငယ်တွေရဲ့နေအိမ်အဆောက်အဦး ၆ လုံးနဲ့ မြေနေရာတွေကို မနေ့ မေလ ၂ရက်နေ့က နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ ရေစကြိုမြို့ခံတွေဆီက သိရပါတယ်။ ” စစ်တပ်က ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်သွယ်လှုပ်ရှားလို့ဆိုပြီး စစ်တပ်က လိုက်ဖမ်းတဲ့အခါ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူငယ် ၆ ဦးရဲ့မိသားစုတွေ လက်ရှိနေထိုင်နေတဲ့ အဆောက်အဦး ၆ လုံးနဲ့ မြေနေရာတွေကို ချိတ်ပိတ်သိမ်းဆည်းခံရတာဖြစ်တယ် ” လို့ ရေစကြိုမြို့ခံတယောက်က ပြောပါတယ်။ မနေ့ မနက်ပိုင်းက ရေစကြိုမြို့ ၊ အမှတ် ၇ ၊ ငါးရာပြည့်ရပ်ကွက်နေ ကိုအောင်ကျော်ဖြိုး ခေါ် ကိုကြက်ကြီး ရဲ့နေအိမ် ၊ အမှတ် ၃ ရပ်ကွက်နေ ကိုဟိန်းထက်စံရဲ့နေအိမ်…

Read More
VOM News

FREE
VIEW