ယူကရိန်းအတွက် ဒေါ်လာ ၃၇၅ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီ ဗြိတိန်က ထပ်ပေးမယ်

လန်ဒန်၊ မေ-၃-၂၀၂၂
မျိုးဆက်(VOM)

ဗြိတိန်ဟာ ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီအဖြစ် အီလက်ထရွန်းနစ် စစ်ဆင်ရေး ကိရိယာတွေနဲ့ ရေဒါတွေအပါအ၀င် ဒေါ်လာ ၃၇၅ သန်း ထပ်မံပေးအပ်သွားမှာဖြစ်ပါတယ်။

ယူကရိန်းကို ရုရှားက ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်တိုက်ခိုက်မှုပြုပြီးနောက်မှာ ဗြိတိန်ဟာ တင့်ကားဖျက်ဒုံး ၅၀၀၀ ကျော်၊လေကြောင်းရန်ကာကွယ်ရေးစနစ် ငါးခု၊ အခြားခဲယမ်းမီးကျောက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ယူကရိန်းထံ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် ညကြည့်ကိရိယာတွေ၊ ဂြိုဟ်တုကနေထောက်လှမ်းမှုတွေကို တားဆီးတဲ့ကိရိယာတွေ၊ ဒရုန်းတွေ၊ သံချပ်ကာကားတွေနဲ့အခြားပစ္စည်းကိရိယာတွေ ပါ၀င်မယ်လို့ ဗြိတိန်၀န်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

အမေရိကန်ကလည်း ယူကရိန်းအတွက် လက်ရှိချိန်ထိ စစ်ရေးအကူအညီ ဒေါ်လာ သုံးဘီလီယံပေးအပ်ထားပြီး နောက်ထပ် စစ်ရေးအကူအညီအဖြစ် ဒေါ်လာ ၂၀ ဘီလီယံပေးအပ်ဖို့ သမ္မတဂျိုးဘိုင်ဒင်က ကွန်ဂရက်ကို တောင်းဆိုထားပါတယ်။

နေတိုးအဖွဲ့၀င်နိုင်ငံတွေဟာ ယူကရိန်းအား လက်နက်တွေထောက်ပံ့ပေးခြင်းဖြင့် တဆင့်ခံစစ်ပွဲဆင်နွှဲနေတယ်လိ်ု့ ရုရှားက ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: CNA
Photo:Reuters
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW