အနောက်ပစိဖိတ်ဒေသမှာ တရုတ်လေယာဉ်တင်သင်္ဘောအုပ်စု စစ်ရေးလေ့ကျင့်

ပေကျင်း၊ မေ-၄-၂၀၂၂
မျိုးဆက်(VOM)

လျောင်နင်းဦးဆောင်တဲ့ တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုဟာ အနောက်ပစိဖိတ်ဒေသမှာ တိုက်ပွဲ၀င်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြောင်း တရုတ်ရေတပ်က မေ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါဟာ တရုတ်ပြည့်သူလွတ်မြောက်ရေးတပ်မတော် ရေတပ်ရဲ့ နှစ်စဉ်လုပ်ဆောင်ရမယ့် အချိန်ဇယားကို အခြေခံပြီး ပုံမှန်စစ်ရေးလေ့ကျင့်မှုတစိတ်တပိုင်းအဖြစ် စစ်ရေးလေ့ကျင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီလေ့ကျင့်မှုဟာ ရေတပ်ရဲ့စွမ်းဆောင်ရည်ကို တိုးတက်စေဖို့ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံတကာဥပဒေတွေနဲ့အညီ လုပ်ဆောင်ခဲ့တာဖြစ်ကာ ဘယ်နိုင်ငံကိုမှ ရည်ရွယ်လုပ်ဆောင်တာမျိုးမဟုတ်ကြောင်း တရုတ်ရေတပ်ကပြောပါတယ်။

လျောင်နင်းနဲ့ အခြားတရုတ်စစ်သင်္ဘောခုနှစ်စင်းတို့ဟာ ပစိဖိတ်သမုဒ္ဒရာကို သွားရောက်ဖို့အတွက် ဂျပန်နိုင်ငံအနောက်တောင်ပိုင်း အိုကီနာဝါပြည်နယ်ရှိ ကျွန်းနှစ်ကျွန်းအကြား ရေပြင်ကို ဖြတ်သန်းခုတ်မောင်းသွားခဲ့ကြကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက မေ ၂ ရက်မှာ ထုတ်ပြန်ပြီးနောက် တရုတ်ရေတပ်က စစ်ရေးလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။

ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံရဲ စစ်ရေးဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်၀မ်အတွက် ဒေါ်လာ ၉၅ သန်းတန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းတွေ ရောင်းချပေးဖို့ ဧပြီလမှ ဆုံးဖြတ်ခဲ့ပြီး ထိုင်၀မ်ရဲ့ ကာကွယ်ရေးစွမ်းရည်မြင့်တင်ရေးမှာ ပြတ်ပြတ်သားသားထောက်ခံမှုပေးနေပါတယ်။

Ref: NHK
Photo:Global Times
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW